Story part 1း အုန်းသီး ဘယ်ကစ (ကရင်ရိုးရာ ဒဏ္ဍာရီပုံပြင်) အုန်းသီးနာမည် ဖြစ်ပေါ်လာရခြင်း အကြောင်းရင်း။

အုန်းသီးကို ပိုးကရင်ဘာသာဖြင့် ဖလောင်းသာဟု ခေါ်သည်။ သို့သော် ရှေးအခါက အလကားအသီးဟုခေါ်သည်။ နောင်ကာလရွေ့လျားသဖြင့် ကရင်အမျိုးသားများသည် ထိုအလကားသီးဟူသော ပလောင်းသာကို ဖလောင်းသာဟူ၍ အသံပြောင်းလဲခေါ်ဆိုလာကြသည်။ အဆိုရှိလေသည်။ ယင်းပလောင်းသာခေါ် အုန်းသီးဖြစ်ပေါ်လာရခြင်းအကြောင်း၏ ဒဏ္ဍရီပုံပြင်တစ်ခု ပိုးကရင်တို့၌ရှိသည်။ ရှေးရှေးသောအခါက ရွာတစ်ရွာတွင် ပသတ်လောင်းခေါ် စိတ်သဘောထားရိုးဖြောင့်သူတစ်ဦးနှင့် ပသတ်လောင်းခေါ် စိတ်သဘောထားရိုးဖြောင့်သူတစ်ဦးနှင့် ပသတ်ကိုင်ခေါ် စိတ်သဘောထားဆိုးယုတ်သူတစ်ဦးရှိလေသည်။ ပသတ်လောင်းသည် အမည်နှင့် လိုက်အောင် စိတ်သဘောထားရိုးဖြောင့်သဖြင့် ရွာသူရွာသားအပေါင်းတို့သည် သူ့အားချစ်ခင်လေးစားကြ၏။သူသည် ဆင်းရဲသောသူဖြစ်သော်လည်း သူ၏ရိုးဖြောင့်ခြင်း၊ တည်ကြည်ခြင်းကို လေးစားကြသောအားဖြင့် ရွာသားများက သူ့အား ၀ိုင်းဝန်းကူညီထောက်ပံ့ပြီး အပူပင်မရှိ အေးချမ်းစွာ နေလေသည်။
ပသတ်ကိုင်သည် အများက မှည့်ထားသော နာမည်အတိုင်း စိတ်ကောင်းမရှိသည့်အတွက်ကြောင့် ရွာသူရွာသားများနှင့် ဆက်ဆံပေါင်းသင်းခြင်းမရှိပေ။ သူသည် ဥစ္စာဓန ပေါကြွယ်ဝသော်လည်း စိတ်ထားယုတ်ညံ့သဖြင့် ရွာသူရွာသားများလည်း သူနှင့်ပေါင်းသင်းဆက်ဆံခြင်းမပြုဘဲ သူ့အားကွင်းရှောင်၍ သွားလေသည်။ တစ်နေ့၌ စိတ်ယုတ်မာရှိသော သူများ၏ အတွေးအခေါ်အတိုင်း တွေးမိသည်မှာ ငါပစ္စည်းဥစ္စာချမ်းသာသော်လည်း ရွာသူရွာသားများက ပစ္စည်းဥစ္စာမရှိတဲ့ ပသတ်လောင်းလောက် ငါ့ကို ဂရုမစိုက်ပေ။ ငါသည်ရွာသူရွာသားအပေါ် သြဇာမညောင်းနိုင်ဘဲ သူသေမှ ရွာသားများငါ့ဆီကို လာကြမည်ဟု တွေးလေသည်။ တစ်နေ့တွင် ပသတ်ကိုင်သည် ပသတ်လောင်းထံသွား၍ သူငယ်ချင်း နင့်ကိုကြည့်ရတာ ဆင်းရဲနုံခြာသောကြောင့် ငါနင့်ကိုသနားကြောင်း၊ ငါတတ်နိုင်သမျှ မင်းကိုထောက်ပံ့ချင်ကြောင်း၊ လာမည့်သုံးရက်မြောက်သောနေ့တွင် မြို့သို့ ကုန်သွယ်ရန်သွားပါမည်။ သင်သည် ကျွန်ုပ်နှင့်အတူ ကုန်သွယ်ဖက်လိုက်ချင်စေကြောင်း ပြောသောအခါ ပသတ်လောင်းက ငါ့မှာ ကုန်သွယ်ဖို့ ပိုက်ဆံလည်းမရှိဘူး။ နင့်နောက်လိုက်ပြီး ရသည့်ငွေများကို တစ်ယောက်တစ်ဝက် ခွဲဝေဖို့ မဖြစ်နိုင်ပါဟု ပြန်ပြောသောအခါ ပသတ်ကိုင်က နင်ငါ့ကိုယုံစေချင်တယ်။ သူငယ်ချင်း နင်ဆင်းရဲနုံချာနေရတာကို ငါမကြည့်ရက်ကြောင်း ပသတ်လောင်းယုံအောင် ပြောလေသည်။ စိတ်ထားဖြူစင်သော ပသတ်လောင်းလည်း တစ်ပါးသူရဲ့စကားကို အယုံလွယ်ပြီး လိုက်သွားလေသည်။ သုံးရက်မြောက်သောနေ့တွင် ရွက်လွင့်လာသော သင်္ဘောကြီးသည် ပင်လယ်ပြင်ကျယ်ကြီးအတွင်းသို့ ရောက်လေသည်။ သူသည် ထိုနေ့မှစ၍ ပသတ်လောင်းအား စကားမပြောတော့ပဲ အစားအသောက်ချိန်တွင် ပသတ်လောင်းအား စားသောက်ရန်မခေါ်ပဲ မိမိဘာသာစားလေသည်။သူ၏တပည့်သင်္ဘောသားများကလဲ ပသတ်လောင်းအား အစာမကျွေးရန် တားမြစ်ထားသည်။ အကယ်၍ တစ်စုံတစ်ယောက်သောသူက ပသတ်လောင်းကို ထမင်းခိုးကျွေးခဲ့သော် သူသေဒဏ်ပေးမည်ဟု ချိန်းခြောက်ထားသောကြောင့် သူတပည့်များက ပသတ်လောင်းကို သနားသော်လည်း မကျွေးရဲခဲ့ပါ။
ပသတ်လောင်းသည် ပထမ၌ ထမင်းစားရန်သူအားမေ့နေ၍ မခေါ်သည်ဟု ထင်သော်လည်း အချိန်ကြာလာသောအခါ အလွန်ဆာလောင်သဖြင့် ပသတ်ကိုင်ထံ သွားပြီး ထမင်းတောင်းစားလေသည်။

Add new comment

3 + 14 =

Please wait while the page is loading