ဂါ့ခင်အေးဦး၏ အမှာစကား

ကရင်လူမျိုးများအား သူများနဲ့တန်းတူယှဉ်နိုင်ဖို့ ပညာရေးကိုကြိုးစားကြဖို့ ကရင်နှစ်သစ်ကူးကျင်းပရေးဗဟိုကော်မတီဒုဥက္ကဌ ဂါ့ခင်အေးဦးမှ (၇၁)နှစ်မြောက် ကရင်အမျိုးသားနေ့တွင်အားပေးတိုက်တွန်းခဲ့။ ဖေဖော်ဝါရီလ(၁၁)၂ဝ၁၉၊ စခန်းကြီးကျေးရွာ၊မြောင်းမြမြို့နယ်။ ကိုယ့်ရဲ့စာပေ၊ယဉ်ကျေးမှုထိန်းသိမ်းဖို့ ဘာလိုအပ်လဲ..IT Information Technology ခေါတ်မှာ ကရင်အမျိုးသားများ ပညာရေးဘက်မှာ အများကြီးကြိုးစားဖို့လိုအပ်ပါတယ်။ကမ္ဘာပေါ်မှာ ပညာရေးဟာ မိသားစုတစ်စု၊နိုင်ငံတစ်နိုင်ငံ၊လူမျိုးတစ်မျိုးအတွက် အကြီးမားဆုံးသော၊အကောင်းဆုံးသော Investment တစ်ခုပါပဲ။ ကမ္ဘာပေါ်မှာ ချမ်းသာပြီးဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတိုင်မှာ ပညာရေးကို အရမ်းကိုအလေးပေးပါတယ်။ အေးအေးဆေးဆေးနေလို့မရဘူး၊တွန်းတွန်းတိုက်တိုက်ကိုကြိုးစားရပါမယ်။သူများလို ပခုံးချင်းယှဉ်နိုင်ရမယ်၊နှာတဖျားသာနေရပါမယ်။             မျိုးချစ်ကရင်လူမျိုးများတို့ သူများနဲ့တန်းတူယှဉ်နိုင်ဖို့အတွက် ပညာသင်ကြားဖို့ကို မိဘတွေကအားပေးပါ၊သားသမီးတွေကလည်းကောင်းမွန်စွာခံယူနိုင်ဖို့ လိုပါတယ်။ဒါမှလည်း  ကျမတို့လိုချင်တဲ့သူများနဲ့တန်းတူ ညီမျှဖြစ်မဲ့ လူမျိုးတစ်မျိုးအဖြစ် ရရှိလာမှာဖြစ်တယ်။            ပညာတွေကို သင်ကြားပေးနေတဲ့ ဆရာလောကကို ကျမတို့ကရင်လူမျိုးတွေ များများရှိစေချင်ပါတယ်၊ဆရာတွေဟာ နောင်လာမဲ့မျိုးဆက်သစ်တွေကို အသိပေး၊ပညာပေး၊မျိုးချစ်စိတ်တွေကို သင်ကြားပေးနိုင်တဲ့ပုဂ္ဂိုလ်၊ ခေါင်းဆောင်ကောင်းတွေကိုမွေးထုတ်ပေးနိုင်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်လို့ပါပဲ။         ဒီမိုကရေစီမှာ လွတ်လပ်စွာ ကွဲပြားခွင့်ရှိတယ်။Unity in diversity စကားအတိုင်း၊အတွေးအခေါ်၊အယူအဆ၊နေရာဒေသတွေ ကွဲပြားနေပါစေ။ ကိုယ်လိုချင်တဲ့နေရာကို ရောက်အောင် မြန်မာတနိုင်ငံလုံးမှာ နေရာအနှ့မှာရှိနေတဲ့ တို့ကရင်ညီအစ်ကိုမောင်နှမများ  unity ဖြစ်အောင်ကြိုးစားသွားရမယ်၊unity ဖြစ်အောင်ကြိုးစားနိုင်တဲ့သူတွေ ဖြစ်ကြပါစေ။

Add new comment

10 + 8 =

Please wait while the page is loading