St.Francis Xavier. Part (2)

စိန့်ဖရန်စစ်ဇေးဗီးယားအကြောင်း-အပိုင်း ၂

စိန်ဖရန်စစ်ဇေးဗီးယဲ သိပ္ပံကျောင်းတွင် ပညာသင်ကြားနေချိန် ပီတာ ဖေးဘားဆိုသော မိတ်ဆွေတစ်ဦးနှင့်သာပေါင်းသင်း၍ ရလေသည်။ သူတို့ နှစ်ဦးသည် စိတ်ထားမတူသော်လည်း ကောင်းမွန်သော အကျင့်စာရိတ္တရှိခြင်း၌ တူညီကြလေသည်။ ဖရန်စစ်ဇေးဗီးယဲ ပညာသင်ကြားနေသောသိပ္ပံကျောင်း၌ မကြာမီအဂ္ဂညေးရှက် ဆိုသော ဘုရားအမှုတော်ဆောင် တစ်ဦးရောက်ရှိလာသည်။ ဆက်လက်သင်ယူရမည့်ပညာများကျန်နေ သေးသောကြောင့် တစ်ကြောင်း၊ မိမိကဲ့သို့ ဘုရားအမှုတော်ဆောင်မည့် သူများ ရရှိရန်အတွက်သော်လည်းကောင်း ဤကျောင်းတော်ကြီးသို့ ရောက်ရှိလာလေသည်။ ပီတယ်ဖေးဘားနှင့် ဖရန်စစ်ဇေးဗီးယဲတို့  နှစ်ဦးကိုတွေ့သောအခါ ပီတယ်ဖေးဘားကိုအလွယ်တကူစည်းရုံးနိုင်သော်လည်း ဖရန်စစ်ဇေးဗီးယဲကိုမူ စည်းရုံးနိုင်ရန်အတွက် အလွန်ပင်ခက်ခဲလေသည်။ အဘယ်ကြောင့်ဆိုသော် ဖရန်စစ်ဇေးဗီးယဲ၏ မာနကြီးခြင်း၊ ဂုဏ်ဒြပ်တပ်မက်ခြင်း၊ အချီးအမြောက်ကို ခံလိုခြင်းကြောင့်ဖြစ်သည်။ သို့ သော် အဂ္ဂညေးရှက်သည် စိတ်ဓါတ်မကျဘဲ ဖရန်စစ်အတွက်အမြဲဆုတောင်းပေးခြင်း၊ ဖရန်စစ်နှင့်စကားပြောဆိုသည့်အခါတိုင်း ကျမ်းချက်ကလေးများကိုအမြဲထည့်ပြောလေ့ရှိသည်။ဤစကားများသည် ဖရန်စစ်အတွက်အလွန် အောက်ကျသည်ဟုအထင်ရှိသည်။ ဖရန်စစ်လက်မခံနိုင်သော ဤစကားများအစား ဖရန်စစ်ကြိုက်နှစ်သက်သော ချီးမြောက်ခြင်းစကားများကိုသာ ပြောဆိုရင်းမိမိဘက်ပါအောင် ဆွဲဆောင်လေသည်။  ဤထုတ်လွင့်မှုသည် ဖရန်စစ်ဇေးဗီးယဲ အတ္ထုပတ္တိမှဖြစိပြီးတစ်ချို့သော ဓါတ်ပုံများကို google မှရယူထားကြောင်း အသိပေးအပိပါသည်။

Add new comment

17 + 1 =

Please wait while the page is loading