St.Francis Xavier-Part 1

စိန်ဖရန်စစ်ဇေးဗီးယားအကြောင်း

ဖရန်စစ်ဇေးဗီးယဲသည် စပိန်နိုင်ငံသားဖြစ်ပြီး ဖခင်မှာ ပြင်သစ်ဘုရင် တတိယမြောက်ယောဟန်၏ မင်းတိုင်ပင် အမတ်တစ်ဦးဖြစ်ပြီးမိခင်မှာလည်း တိုင်းနိုင်ငံတွင် ထင်ပေါ်ကျော်ကြားသောအမျိုးသမီး တစ်ဦးဖြစ်သည်။ သူသည်အငယ်ဆုံးဖြစ်ပြီး သူ့အစ်ကိုများကဲ့သို့ စစ်မှုရေးရာတို့၌ ပါဝင်ခြင်းမပြုဘဲ ငယ်စဉ်အခါကတည်းက စာပေကျမ်းဂန်ဘက်၌ ဝါသနာထုံလေသည်။ မိဘများကလည်းအားပေးသည်။ သူ၏ပညာရေးဘက် အောင်မြင်ခြင်းသည် မိဘတို့၏ဂုဏ်ကိုတိုးစေလိမ့်မည်ဟု မိဘများကမျှော်မှန်းထားလေသည်။ ဖရန်စစ်သည် မိဘများမျှော်မှန်းထားသကဲ့သို့ပင် သူသည်လည်း ဥာဏ်ပညာထူးချွန်ထက်မြက်သောကြောင့် ခက်ခဲနက်နဲသည့် ပညာများကို အလွယ်တကူ တတ်သိနားလည်၍ M.A. အတန်းကို အောင်မြင်လေသည်။

Add new comment

8 + 5 =

Please wait while the page is loading