Emilio Aguinaldo(1869-1964)

နယ်ချဲ့ဆန့်ကျင်ရေးသမားနှင့် ဖိလစ်ပိုင် သမ္ပတနိုင်ငံကိုထူထောင်ခဲ့သူ အီမီလီအိုအကွီနယ်လ်ဒိုသည် ၁၈၆၉ မတ်လ၂၃ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ၊ ကာဗိုက်ဒ်မြို့၌မွေးဖွားခဲ့သည်။ သူသိတတ်စအရွယ်မှစတင်ကာ သူ၏နိုင်ငံတွင် ကျူးကျော်ဝင်ရောက် မတရားအုပ်ချုပ်နေသည့် နယ်ချဲ့စပိန်တို့အားမုန်းတီးနေခဲ့သည်။ စပိန်မြို့စောင့်တပ်အား အောင်မြင်စွါဦးဆောင်တိုက်ခိုက်နိုင်ခဲ့သူဖြစ်သည်။စပိန်တို့နှင့်တိုက်သောနောက်ပိုင်းစစ်ပွဲများတွင်မူ ရှုံးနိမ့်ခဲ့သဖြင့် ထွက်ပြေးတိမ်းရှောင်ကာ အမေရိကန်တို့၏အကူ အညီကိုရယူပြီး စပိန်တို့အားတိုက်ခိုက်ခဲ့သည်။ သူသည် ၁၈၉၉ ခုနှစ်တွင် လွတ်လပ်သောဖိလစ်ပိုင်နိုင်ငံ၏သမ္မတ ဖြစ်လာခဲ့သည်။သို့သော်အမေရိကန်တို့ပြန်လည်စိုးမိုးလာသောအခါ အမေရိကန်တို့ကိုပျောက်ကြားစနစ်ဖြင့်တိုက်ခိုက်သောကြောင့်သူအဖမ်းခံရပြန်သည်။ ဒုတိယကမ္ဘာစစ်အတွင်း၌ဖိလစ်ပိုင်ကျွန်းကို ဂျပန်တပ်က သိမိးပိုက်ထားခဲ့သည်။ ထို့ကြောင့်ဂျပန်များနှင့်ပူးပေါင်းခဲ့သည်။ "ဆန္ဒတစ်ခုတည်းအဖြစ် စုစည်းပေါင်းစည်းပြီး ရှေ့ကိုမချီတက်နိုင်ခဲ့ရင် ကိုယ့်ကိုယ်ကိုလည်း လွတ်မြောက်အောင် လုပ်နိုင်မှာမဟုတ်" ဟု သူပြောကြားခဲ့သည်။

Add new comment

8 + 4 =

Please wait while the page is loading

Emilio Aguinaldo(1869-1964) | Radio Veritas Asia

Error

The website encountered an unexpected error. Please try again later.