အခက်ခဲများကြားက သူမဘဝ

ဒီတစ်ပါတ် နာမည်ကျော်ကြားသော ပုဂ္ဂိုလ်များအကြောင်း တင်ပြခြင်းကို မြန်မာပြည်ဖွါး ကရင်တိုင်းရင်းသူ ဒေါက်တာ စင်သီယာမောင် အကြောင်း တင်ပြပေးသွါးမှာဖြစ်ပါတယ်. ဧရာဝတီတိုင်း ပုသိမ် ၊ ကျုံပျော်မြို့တွင် နေထိုင် သော မိခင် ဂါ့နာမ့်လှကြည် နှင့် ဖခင် မန်းငြိမ်းမောင်တို့မှ သားသမီး (၇) ဦးအနက် (၃) ယောက်မြောက် သမီးရတနာဖြစ်ပါတယ်။ ဖခင်က ကျေးလက် ကျန်းမာရေးမှူးဖြစ်တဲ့အတွက် တာဝန်ကျရာ သွားရတာကြောင့် အိမ် ယာ အတည်တကျ မရှိခဲ့ပေ။ ဒေါက်တာ စင်သီယာမောင်ဟာ အထက် တန်းကျောင်းပညာ အောင်မြင်ပြီး မော်လမြိုင် ကောလိပ် ၂ နှစ်တာ ရမှတ်နှင့် (၁၀) တန်းအောင်သော ရမှတ်ပေါင်းရာ ဆေးတက္ကသိုလ် တက်ရန် အခွင့်ရသောကြောင့် ရန်ကုန်ဆေး တက္ကသိုလ်တွင် ပညာသင်ယူခွင့်ရခဲ့ သည်။ ဆေးကျောင်းပြီးသွားသောအခါ မော်လမြိုင်ဆေးရုံတွင် အလုပ် သင်ဆရာဝန် အဖြစ် တာဝန်ကျပြီး ၊ အလုပ်သင်ဆရာဝန် အချိန်ပြီးဆုံး သွားသောအခါ ပုသိမ်သို့ပြန်လာကာ အဒေါ်တည်ထောင်ထားသော သားဖွါး ဆေးရုံတွင် တစ်နှစ်ခွဲ အလုပ်လုပ်ကိုင်ပြီး မိဘကျန်းမာရေးမကောင်းသော ကြောင့် မိဘနှင့်နီးရာတွင် ဆေးခန်းတည်ဆောက်ရန် ဆုံးဖြတ်ကာ မော်လ မြိုင် သို့ပြန်သွားခဲ့ပါသည်။ မကြာမှီ မိခင်ဆုံးပါးသွားခဲ့သည်။ သည့်နောက် မိဆွေတစ်ဦး၏ အကူအညီဖြင့် အိန္ဒုရွာ ရှိ ဆေးရုံတွင် ဆရာဝန်အဖြစ် အမှုထမ်းလေသည်။ ထိုရွာတွင် ရွာသူ/သား (၂၀၀၀၀)နီးပါးရှိပြီး ဆေးရုံရှိ သော်လည်း ဆရာဝန်မရှိပေ။ သူနာပြုဆရာမ တစ်ဦးသာရှိခြင်းကြောင့် ထိုနေရာတွင် အလုပ်လုပ်ရန် ရွေးချယ်လိုက်ခြင်းဖြစ်ပါသည်။

Add new comment

6 + 8 =

Please wait while the page is loading