ဇီးရိုးမှဟီးရိုးဖြစ်လာသည့် တရုတ်ပြည်၏ အချမ်းသာဆုံးအမျိုးသမီးဖြစ်လာသူ Ms.Zhou. Part(2)

တရုတ်ပြည်တောင်ပိုင်း ရှန်ကျန်းမြို့လေးက ဆင်းရဲနွမ်းပါးလှတဲ့ မစ္စကျောင် (Ms.Zhou) ဟာ ငယ်ရွယ်စဉ်အခါက တောရွာဒေသလေးမှာ ပညာသင်ကြားခဲ့ရပေမဲ့ စာကိုကောင်းမွန်စွာရေးတတ်၊ ဖတ်တတ်တာကြောင့်တစ်ကြောင်း၊ စဉ်းစားတွေးခေါ်တီထွင်တတ်မှုကြောင့်တစ်ကြောင်း မှန်စက်ရုံ ကုမ္ပဏီတစ်ခုတွင် အလုပ်ဝင်လုပ်ရင်း တစ်နေ့ ထက်တစ်နေ့  ရာထူးလျင်မြန်စွာတိုးတက်လာပါတော့တယ်။ လုပ်ငန်းခွင်၌ ဒါရိုက်တာရာထူးနေရာ ရရှိခြင်းပါ။ ၁၉၉၃ ခုနှစ်မှာတော့ သူမဟာ ကိုယ်ပိုင်မှန်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခု ထူထောင်လိုက်ပါတော့တယ်။ အဲ့ဒီအချိန်တုန်းက မစ္စကျောင် အသက်ဟာ ၂၂ နှစ်ပဲရှိပါသေးတယ်။ သူ့ အတွက်အရာအားလုံးဟာ ပန်းခင်းလမ်းလို ချောမွေ့ နေခဲ့တာတော့မဟုတ်ပါဘူး ။ ကုမ္ပဏီ( ၁၁) ခုမှာ ရှုံးနိမ့်မှုနဲ့  ရင်ဆိုင်ခဲ့ရပေမဲ့ ဆက်လက်ကာ ကြိုးစားလုပ်ဆောင်လို့ ၂၀၀၃ ခုနှစ်မှာတော့ Lens Technology ကုမ္ပဏီမှ လုပ်ငန်းအမြတ်အစွန်းရရှိလာပါတော့တယ်။ တစ်ပြိုင်နက်ထဲမှာပဲ သူဟာ မိုဘိုင်းဖုန်းတွေအတွက် မှန်မျက်နှာပြင်ထုတ်လုပ်တဲ့ နယ်ပယ်ထဲကိုပါ ဝင်ရောက်ခဲ့ပါတော့တယ်။ဝန်ထမ်းတွေလစာပေးဖို့ အိမ် (2) ကြိမ်တောင်ရောင်းခဲ့ဖူးပါတယ်။ စီးပွားရေးပြိုင်ဘက်တွေရဲ့ တိုက်ခိုက်မှုကိုလည်းခံခဲ့ရပါတယ်။ ဒါပေမဲ့အခက်ခဲကြားက အောင်မြင်မှုရလာခြင်းဟာ သူမရဲ့ မဆုတ်မနစ် စွဲစွဲမြဲမြဲလုပ်တတ်တဲ့ သူ့ ရဲ့ ဝီရိယကြောင့်လို့ မကြာခဏ ထုတ်ဖော်ပြောလေ့ရှိပါတယ်။ ကျန်ခဲ့တဲ့သူမရဲ့ကြိုးစားအားထုတ်မှုအကြောင်းကို လာမဲ့အပါတ်မှ ဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ ကြည့်ရှုအားပေးနေသော ပရိတ်သတ်အားလုံးအားကျေးဇူးတင်ရင်း သူမရဲ့  အကြောင်းကို လင်းလင်းထွန်း (Success Coach ) မှ ဘာသာပြန်ထုတ်လွင့်ထားခြင်းဖြစ်ပါတယ်။

Add new comment

1 + 15 =

Please wait while the page is loading

ဇီးရိုးမှဟီးရိုးဖြစ်လာသည့် တရုတ်ပြည်၏ အချမ်းသာဆုံးအမျိုးသမီးဖြစ်လာသူ Ms.Zhou. Part(2) | Radio Veritas Asia

Error

The website encountered an unexpected error. Please try again later.