Local News: ဒေသတွင်းကက်သလစ်ဘာသာရေးသတင်း

(4)ကြိမ်မြောက် ပုသိမ်သာသနာလုံးဆိုင်ရာ မိခင်များတွေ့ဆုံခြင်း။ (24-28.10.18), St.Peter Cathedral.Pathein

ပုသိမ်သာသနာလုံးဆိုင်ရာမိခင်များနှစ်ပတ်လည်တွေ့ဆုံခြင်းကို (24-28.10.18) တွင် ပုသိမ်မြို့စိန်ပီတာကသီဒြယ်တွင်ကျင်းပပြုလုပ်ရာ ပုသိမ်သာသနာတစ်ခုလုံးမှ မိခင်များ (500) ကျော်အင်တိုက်အားတိုက်တက်ရောက်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံခြင်းကို (24)ရက်နေ့ ည 7း00 နာရီတွင် အဖဆရာတော် Bp John Hsane Hgyi မှ ကြိုဆိုနုတ်ခွန်းဆက်စကားပြောကြားပီး၊ သာသနာအလိုက်မိခင်အသီးသီးမှ မိတ်ဆက်ခြင်းနှင့် တေးသီချင်းအစီစဉ်များရှိခဲ့ပါသည်။ မိခင်များတွေ့ဆုံခြင်း ပထမနေ့ ၌ ဘုန်းတော်ကြီးများ၏ အားပေးစကားနှင့် ဝေမျှခြင်းအစီအစဉ်များပြုလုပ်ပေးသွားကြောင်း၊ မိခင်အခန်းကဏ္ဍ၏ အရေးပါပုံများဟောပြောဝေမျှခဲ့ကြောင်း၊ ဤကဲ့သို့ မိခင်များအင်တိုက်အားတိုက်ပါဝင်နိုင်ခြင်းသည် ဘုရားရှင်၏ကျေးဇူးတော်ဖြစ်ကြောင်း ၊ပခက်လွှဲသောလက်သည် ကမ္ဘာကြီးအားဘယ်ကဲ့သို့အကျိုးပြုနိုင်ကြောင်း အားပေးပြောကြားသွားပါသည်။

Add new comment

3 + 0 =

Please wait while the page is loading