Local News:အိမ်​မက်​စီမံကိန်း(DREAM)မှ အဖွဲ့ငယ်​များ​တွေ့ဆုံနှီး​နှောဖလှယ်​ပွဲ

အိမ်​မက်​စီမံကိန်း(DREAM)မှ အဖွဲ့ငယ်​များ​တွေ့ဆုံနှီး​နှောဖလှယ်​ပွဲ
၂၀၁၈ခုနှစ် ​​အောက်​တိုဘာလ၂၆ရက်​​နေ့နံနက်​ ၉:၃၀မှ ည​နေ ၄:၀၀ နာရီအချိန်​တွင်​ အိမ်​မက်​စီမံကိန်း မှအဖွဲ့ငယ်​များ​တွေ့ဆုံနှီး​နှောဖလှယ်​ပွဲကို Pathein KMSS ၏ဦး​ဆောင်​မှုဖြင့်​ ဧရာဝတီတိုင်း၊ ကန်​ကြီး​ထောင့်​မြို့နယ်​၊ ပျဉ်းကတိုး​ကျေးရွာတွင်​ပြုလုပ်​လျက်​ရှိပါသည်​။ ယင်း​နှီး​နှောဖလှယ်​ပွဲသို့တက်​​ရောက်​လာ​သော​ကျေးရွာများမှာ မကျီးကုန်း၊ ပျဉ်းကတိုး နှင့်​ မရမ်း​ချောင်း​ကျေးရွာများမှ စီမံကိန်းမိသားစုအဖွဲ့ဝင်​များဖြစ်​ပါသည်​။ ဒီDREAM စီမံကိန်းမှ လုပ်​​ဆောင်​​ပေးသည့်​ အခန်းကဏ္ဍ၅ရပ်​ရှိပြီး ၄င်းတို့မှာ
၁။ ​ကောင်းမွန်​၍စနစ်​ကျန​သော လူထုအဖွဲ့အစည်းတစ်​ရပ်​ဖြစ်​​ပေါ်လာ​စေ​ရေး
၂။ အသက်​​မွေးဝမ်းမှုအခန်းကဏ္ဍပီပြင်​စွာဖြစ်​ထွန်းလာ​စေ​ရေး
၃။ ပြည့်​ဝ​သောကျန်းမာ​ရေး ၀န်​​ဆောင်​မှုလုပ်​ငန်းများ လက်​လှမ်းမှီရရှိ​ရေး
၎။ အရည်​အ​သွေးပြည့်​ဝ​သော ပညာ​ရေးဝန်​​ဆောင်​မှုများကို ​ကျောင်း​နေအရွယ်​တိုင်း လက်​လှမ်းမှီရရှိ​ရေး
၅။ လူငယ်​လူရွယ်​များအတွက်​ အသက်​​မွေးဝမ်းမှုအတတ်​ပညာနှင့်​ အလုပ်​အကိုင်​ အခွင့်​အလမ်းများရရှိ​ရေး
စသည့်လုပ်​ငန်းများကိုလုပ်​​ဆောင်​လျက်​ရှိကြပါတယ်​။ တက်​​ရောက်​လာသူများ၏ပြန်​လည်​​ဝေမျှခြင်းများကို ကြည့်​ခြင်းအားဖြင့်​ ဒီစီမံကိန်းသုံးနှစ်​တာကာလမှာ မိသားစုများ၏စီးပွား​ရေး၊ လူမှု​ရေး၊ ပညာ​ရေး၊ ကျန်းမာ​ရေး နှင့်​​ ​ကျေးလက်​လမ်းပမ်းဆက်​သွယ်​​ရေး​တွေမှာ တိုးတက်​မှု​တွေရှိ​နေ​ကြောင်း ​အောင်​မြင်​မှုရှိတဲ့စီမံကိန်းဖြစ်​​ကြောင်းကိုသိရှိရပါသည်​။ ယခု​တွေ့ဆုံပွဲကိုလုပ်​​ဆောင်​ရခြင်း၏ရည်​ရွယ်​ချက်​မှာ ဒီ​ကျေးရွာသုံး၇ွာမှာဖွဲ့စည်းထား​သော မိသားစုအဖွဲ့ငယ်​​တွေဟာ တစ်​နှစ်​တစ်​ခါ​တွေ့ဆုံပြီး တစ်​ရွာနဲ့တစ်​ရွာဝင်​​ငွေရလုပ်​ငန်း​တွေကို ဘယ်​လိုလုပ်​​ဆောင်​ကြသလဲ? လက်​ရှိလုပ်​ငန်းစဉ်​​တွေကဘာလဲ? ဘာ​အောင်​မြင်​မှု​တွေရရှိ​နေသလဲ? ဆိုတဲ့အ​ကြောင်းအရာ​တွေကို အချင်းအချင်းအပြန်​အလှန်​​ဝေမျှပြီး ဗဟုသုတများကိုဖလှယ်​ယူကြဘို့်ရန်​ရည်​ရွယ်​ပြီးလုပ်​​ဆောင်​ခြင်းဖြစ်​​ ကြောင်းကိုသိရပါတယ်​။ ယခု​တွေ့ဆုံပွဲသို့တက်​​ရောက်​လာ​သောအဖွဲဝင်​စု​စု​ပေါင်း ၁၃၀ခန့်​ရှိပြီး ​နှီး​နှောဖလှယ်​ပွဲကိုဦး​ဆောင်​​ပေး​သောသူများမှာ Pathein KMSSမှ ဆရာဇင်​မင်းထွန်း၊ ဆရာမကာရှီဝါ နှင့်​ ဆရာ​ရေနီ​အောင်​​အောင်​ တို့ဖြစ်​ပါ​ကြောင်း သတင်းရရှိပါသည်​။
သတင်းနှင့်​ဓာတ်​ပုံ.... နမ့်​အိုင်​​ဖောင်​ပွား

Add new comment

5 + 5 =

Please wait while the page is loading