တွေ့ဆုံမေးမြန်းခန်းအစီအစဉ်

ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနား နှင့် ပတ်သက်ပြီး အခမ်းအနာကျင်းပရေးအဖွဲ့တွင်ပါဝင်သူ တစ်ဦးဖြစ်သော ကက်သလစ် ဓမ္မအမှုတော်ဆောင် ဆရာ ပီတယ် စိုးမင်းဦးနှင့် တွေ့ဆုံမေးမြန်းရာတွင် ၎င်းမှ အောက်ပါအတိုင်း ဖြေကြားပေးထားပါတယ်။ ( ၁၃ စက်တင်ဘာ ၂၀၁၈)။

"မင်္ဂလာပါ..ကျွန်တော့်နာမည်ကတော့ ပီတယ် စိုးမင်းဦး လို့ခေါ်ပါတယ်။ ကျွန်တော်ကတော့ အခုလက်ရှိမှာ ဆိုလို့ရှိရင် KMSS Pathein (Karuna Myanmar Social Serivice Pathein,) မှာ ညိနှိုင်းရေးမှူးတာဝန်ကို လုပ်သလို SSP မန်နေဂျာအဖြစ်နဲ့လည်း တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်လို့။ အခု ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီးမှာ လူကုန်ကူးမှုနေ့ ကို ပြုလုပ်လာတာဆိုရင် ဆဋ္ဌမအကြိမ်မြောက်ဖြစ်သွားပါပြီး။ အခုကျွန်တော်လုပ်တဲ့ အထဲမှာ ဆိုလို့ရှိရင် ဧရာဝတီတိုင်းဒေသကြီးရဲ့ လူကုန်တား ရဲတပ်ဖွဲ့နဲ့အတူ NGO, INGO တွေပူးပေါင်းပြီးတော့မှ KMSS Pathein အပါအ၀င်ပေါ့လေ ကျွန်တော်တို့ ပြုလုပ်လာခဲ့ ကြတာဖြစ်ပါတယ်။

အဓိက ကျွန်တော်တို့ လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ နိုင်ငံအနေအထားရောပဲ မနက်က ၀န်ကြီးချုပ်ပြောသွားသလိုနော် နယ်လုံဝန်ကြီးလည်းပြောသွားပါတယ် ကျွန်တော်တို့ နိုင်ငံဟာ ၁၈ နိုင်ငံမြောက် နိုင်ငံထဲမှာပါ ပါတယ်။ ဒါကတော့ ကမ္ဘာက အသိအမှတ်ပြုထားတဲ့ အရာဖြစ်ပါတယ်ပေါ့။ အဲဒီတော့ အဓိက ကျွန်တော်တို့ လုပ်ရတဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ လူသားချင်း စာနာစိတ်ထားကြပြီးတော့မှ လူ့အခွင့်အရေးတွေကို မချိုးဖောက်ဖို့ ရန်အတွက်လည်း ရည်ရွယ်တယ်။ နောက်ပြီးတော့ ကျွန်တော်တို့ အချင်းချင်း ရိုင်းပင်းကူညီပြီးတော့မှ လူကို လူချင်းလို့ မြင်ပြီးတော့မှ လူကုန်ကူးတဲ့ အရာတွေ မဖြစ်ရလေအောင် ဆိုပြီးတော့ ဒီအခမ်းအနားလေးကို ပြုလုပ်ရခြင်းဖြစ်တယ်။ နောက်ပြီးတော့ တစ်ဆက်ထဲမှာပဲဆိုလို့ ရှိရင် တိုင်းလူကုန်တားတို့ အဖွဲ့နဲ့ ပူးပေါင်းပြီးတော့မှ အသိပညာပေး အစီအစဉ်တွေရှိတယ်။ ကျွန်တော်တို့ စောင့်ကြည့်ကော်မတီ ဖွဲ့ထားတာတွေလည်းရှိတယ်။ စောင့်ကြည့် ကော်မတီဖွဲ့ထားခြင်းအားဖြင့်လည်း ကိုယ့်စီမှာ လာပြီးတော့ သိမ်းသွင်းတယ်၊ စည်းရုံးတဲ့ လူတွေအပေါ်မှာ ကျွန်တော်တို့တွေ ပြန်လည်ပြီးတော့ မှာ အကာအကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အဲဒါတွေ အတွက်ကြောင့်မို့ ကျွန်တော်တို့က ဒီအခမ်းအနားလေးကို ပြုလုပ်ရခြင်းဖြစ်တယ်။

နောက်ပြီးတစ်ဆက်တည်းမှာပဲ ကျွန်တော်တို့က တိုင်းလူကုန်တားနဲ့ အတူတူ  သင်တန်းပေးခြင်းနဲ့ အတူတူ နောက်ပြီးတော့ လုံခြုံစွာ ရွှေ့ ပြောင်းသွားလာရေးပေါ့လေး အဓိကအားဖြင့် ကျွန်တော်တို့ လုပ်တယ်။ တစ်ဖက်နိုင်ငံကို သွားကြမဲ့ လူငယ်လူရွယ်တွေလည်းရှိတယ်။ တစ်ဖက်နိုင်ငံကို သွားကြတဲ့ လူငယ် လူရွယ်တွေကလည်းပဲ တစ်ဖက်နိုင်ငံက ဥပဒေများ သိရှိပြီးတော့ လုံလုံခြုံခြုံနဲ့ သွားကြဖို့ ယူသွားရမဲ့ အထောက်အထားတွေ ရှိတယ်၊ လိုအပ်တဲ့ဟာတွေရှိတယ်။ ဒါတွေ ပြည့်ပြည့်စုံစုံပါသွားပြီးတော့မှ သူများနိုင်ငံမှာ သွားပြီးတော့မှ အလုပ်လုပ်ဖို့ ဆိုတဲ့ အရာတွေကိုလည်းပဲ ကျွန်ုပ်တို့ ထည့်သွင်းထားပါတယ်။ ဒါကြောင့်မို့လို့ လုံခြုံစွာ ရွှေ့ ပြောင်းသွားလာရေးကလည်းပဲ အင်မတန် အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါတယ်ဆိုတာကို ဒီနေ့ အခမ်းအနားလေးဟာလည်းပဲ သရုပ်ပြနေခြင်း၊ ဖော်ပြနေခြင်းပဲ ဆိုတာကို ဒါကို ဒီမှာ ရှိတဲ့ လူတွေ မေးမြန်းတဲ့ အရာကို ကျွန်တော်ဖြေကြားခြင်းပဲ ဖြစ်ပါတယ်။"

မြန်​မာနိုင်​ငံ လူကုန်​ကူးမှုတိုက်​ဖျက်​​ရေး​နေ့အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အုပ်ချုပ်ရေးဆိုင်ရာ​အကြီးအကဲများ၊ အဖွဲ့အစည်းအသီးသီးမှလူကြီးမင်းများနှင့်​ တက်​​ရောက်​လာသူအားလုံး​ပေါင်း အ​ယောက်​၅၂၀တက်​​ရောက်​ခဲ့ပါတယ်​။ လူကုန်​ကူးမှုပ​ပျောက်​​ရေး ပြည်​သူအားလုံးပါဝင်​​ပေးကြပါစို့။

Add new comment

1 + 1 =

Please wait while the page is loading