လူသားချင်းစာနာ​ထောက်​ထားမှုဆိုင်​ရာလုပ်​ငန်းစဉ်​များအတွက်​ စစ်​တမ်း​ကောက်​ယူခြင်း၊ စံသတ်​မှတ်​ချက်​​ဝေမျှ​ဆွေး​နွေးခြင်းနှင့်​ လူကုန်​ကူးမှုတားဆီးကာကွယ်​​ရေးရက်တို​​သင်​တန်း

လူသားချင်းစာနာ​ထောက်​ထားမှုဆိုင်​ရာလုပ်​ငန်းစဉ်​များအတွက်​ စစ်​တမ်း​ကောက်​ယူခြင်း၊ စံသတ်​မှတ်​ချက်​​ဝေမျှ​ဆွေး​နွေးခြင်းနှင့်​ လူကုန်​ကူးမှုတားဆီးကာကွယ်​​ရေးရက်တို​​သင်​တန်း
~~~~~~~~~~~~~~~~~~~~~~~~~~~~
          လူသားချင်းစာနာ​ထောက်​ထားမှုဆိုင်​ရာလုပ်​ငန်းစဉ်​များအတွက်​ စစ်​တမ်း​ကောက်​ယူခြင်း၊ စံသတ်​မှတ်​ချက်​​ဝေမျှ​ဆွေး​နွေးခြင်းနှင့်​ လူကုန်​ကူးမှုတားဆီးကာကွယ်​​ရေးသင်​တန်းကို ၂၀၁၉ခုနှစ်​ ဇွန်​လ ၁၉-၂၀  ရက်​​နေ့အထိ နှစ်​ရက်​တာ သင်​တန်းကို ဧရာဝတီတိုင်း၊ ပုသိမ်​မြို့ရှိ ကရုဏာလူမှူစည်းလုံးညီညွတ်​​ရေးအသင်းCenterတွင်​ ပြုလုပ်​ခဲ့ပါသည်​။
        ယခုသင်​တန်းသို့ ပုသိမ်​သာသနာကြီးအတွင်းရှိ သာသနာငယ်​(၇)ခုမှ တာဝန်​ခံဘုန်း​တော်​ကြီးများနှင့်​အဖွဲ့ဝင်​များတက်​​ရောက်​ခဲ့ပါသည်​။ သင်​တန်းနှစ်​ရက်​တာအတွင်းပို့ချ​ဆွေး​နွေးခဲ့သည့်​အ​ကြောင်းအရာများမှာ သဘာဝ​ဘေးအန္ဒရာယ်​ကျ​ရောက်​မှု​ကြောင့်​ထိခိုက်​ဆုံးရှုံးမှုရှိ​သော​ဒေသများအချိန်​မှီ ကူညီ​ထောက်​ပံ့မှုများရရှိ​​အောင်​ ရပ်​ရွာလူကြီးများတာဝန်​ခံဘုန်း​တော်​ကြီးများနှင့်​ ပုသိမ်​ကရုဏာအဖွဲ့အစည်းတို့ပူး​ပေါင်းကာ ​ဘေးသင့်​​ဒေသများ၏ လိုအပ်​​သောအကူအညီများအတွက်​ စနစ်​တကျစစ်​တမ်း​ကောက်​ယူနိုင်​ပြီး  လိုအပ်​​သောအ​ထောက်​အပံ့များအား အဆင်​​ပြေ​ချော​မွေ့စွာအချိန်​မှီကူညိမှု​ပေးနိုင်​ရန်​ သိသင့်​သိထိုက်​​သောအ​ကြောင်းအရာများ၊ နည်းစနင်​များကို ပုသိမ်​KMSSမှာ ဆရာဇင်​မင်းထွန်းနှင့်​ ဆရာသိုက်​စိုး​အောင်​တို့မှ ရှင်းလင်း​ဝေမျှသွားခဲ့ပါသည်​။ 
       ဆက်​လက်​ပြီး ပုသိမ်​KMSS လုံခြုံ​သော​ရွေ့​ပြောင်းသွားလာခြင်းနှင့်​ လူကုန်​ကူးမှုတာဆီးကာကွယ်​​ရေးစီမံကိန်းမှ ဆရာမျိုးသူလှိုင်​မှ စီမံကိန်း၏ ​မျော်​မှန်းချက်​ဖြစ်​​သော လုံခြုံ​သော​ရွေ့​ပြောင်းသွားလာခြင်းကို မြင့်​တင်​ခြင်းနှင့်​ လူကုန်​ကူးမှုကြိုတင်​ကာကွယ်​ခြင်း၊ ရည်​မှန်းချက်​ဖြစ်​​သော သက်​ဆိုင်​ရာ​ဒေသ​တွေမှာ ​ရွေ့​ပြောင်းသွားလာမှုပုံစံများစုံစမ်းစစ်​​ဆေးခြင်း၊ လုံခြုံ​ချော​မွေ့ရန်​အတွက်​ ​သေချာ​သော​ရွေ့​ပြောင်းသွားလာမှုအစီအစဉ်​များ ရှာ​ဖွေ​ပေးရန်​နှင့်​ စီမံကိန်း၏ရည်​ရွယ်​ချက်​ဖြစ်​​သော ဧရာဝတီတိုင်း​ဒေသရှိ​ရွေ့​ပြောင်းသွားလာလုပ်​ကိုင်​မည့်​ လူငယ်​လူရွယ်​များ လုံခြုံ​သော​ရွေ့​ပြောင်းသွားလာလုပ်​ကိုင်​မှုကို သိရှိနားလည်​ရန်​၊ ​ရွေ့​ပြောင်းလုပ်​ကိုင်​မည်​အြလုပ်​သမားများသည်​ လုပ်​ငန်းနှင့်​ပတ်​သက်​​သောအခွင့်​အ​ရေးများချိတ်​ဆက်​မှုကို ရရှိ​စေရန်​နှင့်​ ပြည်​တွင်းပြည်​ပတွင်​ အခက်​အခဲတစ်​စုံတစ်​ခုဖြစ်​လာလျှင် မည်​သို့ပြုလုပ်​ရမည်​ကို သိရှိလာ​​စေရန်​ ရည်​ရွယ်​​ကြောင်း ရှင်းလင်း​ပြောကြားခဲ့ပါသည်​။
     ယခုသင်​တန်းသို့ ဖိတ်​ကြားချက်​အရ ပုသိမ်​သာသနာလုံးဆိုင်​ရာ သာသနာ(၇)ခုမှ တာဝန်​ခံဘုန်း​တော်​ကြီးများ နှင့်​အဖွဲ့ဝင်​များ စုစု​ပေါင်း (၂၇)ဦး တက်​​ရောက်​ခဲ့ပါသည်​။ ပုသိမ်​KMSS ကရုဏာအသင်းသည်​ ​ရေ​ဘေးသင့်​ပြည်​သူများအား လူမျိုးဘာသာမခွဲခြားပဲ တတ်​နိုင်​သည့်​ဘက်​မှ ကူညီ​ထောက်​ပံ့​ပေး​နေ​ကြောင်းသိရှိရပါသည်​။ 
သတင်း...အိုင်​​ဖောင်​ပွား
#news#PatheinKMSS#flood

Add new comment

9 + 7 =

Please wait while the page is loading