ပုပ်​ဖရန်​စစ်​၏သတင်းစကား

ပုပ်​ဖရန်​စစ်​၏သတင်းစကား
......​ခေါင်းမာ​သောသူများသည်​ ဘုရားသခင်​၏သနားခြင်းကိုနားမလည်​နိုင်​ပါ။ ​ယောနသည်​ ဘုရားသခင်​၏နှုတ်​ကပါတ်​​တော်​ကို သွန်​သင်​ဘို့အတွက်​အလွန်​ကို​ခေါင်းမာခဲ့သူတစ်​​ယောက်​ဖြစ်​ပါတယ်​။ ​နောက်​ဆုံးမှာငါးကြီးတစ်​​ကောင်​ရဲ့အမျိုခံရပြီးတဲ့​နောက်​မှာပဲ ဘုရားသခင်​ရဲ့စကားကိုသူနား​ထောင်​ခဲ့ပါတယ်​။ ​ဘုရားသခင်​ကကျွန်ုပ်​တို့ကိုခွင့်​လွတ်​​ပေးဘို့အတွက်​အမြဲတမ်းသူ့နှလုံးသားကိုဖွင့်​ထား​သော်​လည်း ​ခေါင်းမာ​သောသူ​တွေကဘုရားသခင်​ရဲ့သနားခြင်း၊ ချစ်​ခြင်းကို​မေ့ထားလိုက်​ကြတယ်​။ ကျွနု​ပ်​တို့လူသား​တွေဟာ ရယူခြင်းဖြင့်​သာ တစ်​ခုခုကို​ပေးဆပ်​တတ်​ကြပါတယ်​။ သို့​သော်​ဘုရားသခင်​က​ပေးဆပ်​ခြင်းသက်​သက်​ဖြင့်​ကျွန်ုပ်​တို့ကိုချစ်​ သည့်​အတွက်​ ကျွန်ုပ်​တို့ရဲ့​ခေါင်းမာမှု​တွေကိုစွန့်​ပစ်​ခဲ့ပြီး ဘုရားသခင်​ရဲ့ချစ်​ခြင်း၊ ခွင့်​လွတ်​ခြင်း၊ သနားကြင်​နာခြင်း​တွေကို လက်​ခံယုံကြည်​တတ်​လာ​အောင်​ကြိုးစားကြဘို့လိုအပ်​ပါတယ်​။ သို့မှသာလျင်​ဘုရားသခင်​ကကျွန်ုပ်​တို့ကို​ပေးတဲ့ ငြိမ်းချမ်းခြင်းအရသာကိုခံစားရမှာဖြစ်​ပါတယ်​။
#popefrancis#love#forgiveness

ပိုးကရင်ဘာသာစကားဖြင့် နားဆင်ရန် အသံဖိုင်ကို နှိပ့်ပါ။

Add new comment

7 + 1 =

Please wait while the page is loading