ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏သတင်းစကား

ဒုက္ခရောက်နေသူများအကြား ဘုရားသခင်ကို ရှာဖွေတွေ့ရှိရန်။
   ဘုရားသခင်​ကိုရှာ​ဖွေချင်​ရင်​ ဒုက္ခ​ရောက်​​နေတဲ့သူ​တွေ ဆင်းရဲငတ်​မွတ်​​နေတဲ့သူဆီမှာ ရှာ​ဖွေရမှာဖြစ်​ပါတယ်​။ ဘာ​ကြောင့်​လဲ? ဘုရားသခင်​က ဒုက္ခ​ရောက်​​နေသူ​တွေ အကူအညီလိုတဲ့သူ​တွေနဲ့ အမြဲတမ်းအတူရှိပြီး ကူညီ​စောင်​မမှု​တွေကို အမြဲတမ်း​ပေး​နေလို့ပဲဖြစ်​ပါတယ်​။

ချစ်လှစွာသော ညီအစ်ကို မောင်နှမ အပေါင်းတို့.. ပျော်ရွှင် ချမ်းမြေ့ကြပါစေ။ ဒီကနေ့ ကျွန်မ အဖွား ခနုတ်ဖေါင်မှ ပုပ်ရဟန်းမင်းကြီးက သင်ဟာ ဘုရားကို ရှာဖွေတဲ့ အခါ ကွန်ပျူတာ ထဲက မဂ္ဂဇင်းတွေ ထိုင်ပြီး ဖတ်ရုံနဲ့ သက်တောင်းသက်သာထိုင်နေ ရုံနဲ့ ဘုရားကို ရှာတွေ့ နိုင်မှာ မဟုတ်ကြောင်းပါဘူး။ လူတွေရှိတဲ့ နေရာကို ထွက်သွားဖို့ပဲ ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ပြောချင်တာကတော့ နားချိန်မရှိအောင် ဘုရားကို ရှာဖွေတဲ့ စိတ်သာ ဘုရားကို တွေ့နိုင်မှာ ဖြစ်ပါတယ်။

ချစ်လှစွာသော နားသောတဆင်သူအပေါင်းတို့..  ဘုရားသခင်က ကျွန်ုပ်တို့ကို ရုပ်ဆင်း အင်္ဂါတွေကို ပေးထားပါတယ်။ ပုပ်ရဟန်းမင်းကြီးက ကျွန်ုပ်တို့ကို ရိုးရိုးသားသားနဲ့ ပြောပြထားတဲ့ အချက်တစ်ခုကတော့ ဘုရားသခင်ကို လူတွေစီမှာ ရှာဖွေချင်ရင် နှိပ်စက် ညင်းပန်းခြင်းခံရတဲ့ လူတွေ၊ ဆင်းရဲတွေလူတွေစီမှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ အရင်ဦးဆုံး ဘုရားသခင်စီမှာ၊ ဘုရားသခင်ရဲ့ နုတ်ကပတ်တော်စီမှာ ခွန်အားယူရမှာဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ကောင်းကင်သကြားတမန်တွေက ပြန်လည် ကြည့်ရှုစောက်ရှောက်ပေးမှာ ဖြစ်ပါတယ်။ ပုရဟန်းမင်းကြီး ပြောတာကတော့ ဒုက္ခ ဆင်းရဲတွေ တွေ့ကြုံ ကြရခြင်းဟာ ဘုရားသခင်ရဲ့ လမ်းစဉ်ကို လိုက်လျှောက်ခြင်းဖြင့် ပျော်ရွှင်မှုကို ရရှိခံစားကြရမှာ ဖြစ်ပါတယ်။ ဘုရားသခင်ကို ယုံကြည်တဲ့ သူတွေအတွက် ဆင်းရဲဒုက္ခတွေဟာ ဘာမှ ဟုတ်တော့မှ မဟုတ်ပါဘူး။ ဒါ့အပြင် သခင်ယေဇူး ရဲ့ ဒုက္ခစရိယာ ခံထမ်းပြီး ကယ်တင်ခဲ့ ခြင်းအကြောင်း ပြန်လည် သတိရကြရမှာ ဖြစ်ပါတယ်။ ဒုက္ခစရိယာ ခံထမ်းခြင်းကို ပြန်လည်စဉ်းစား ထောက်ရှုကြည့်တဲ့ အခါမှာ ဒုက္ခဆင်းရဲ ခံနေရတဲ့ ကျွန်ုပ်တို့အဖို့ ခွန်းအားရစရာ ဖြစ်စေပါတယ်။

   ချစ်လှစွာသော နားဆင်သူ ညီအစ်ကို မောင်နှမအပေါင်းတို့..ဒီကနေ့ ပုပ်ရဟန်းမင်းကြီးရဲ့ စဉ်းစားထောက်ရှုချက်ဟာ ဒီမျှသာဖြစ်ပါတယ်။ နောက်အပတ်အတွက် စောင့်မျှော် နားဆင်ပေးကြပါအုံး။ ဘုရာသခင် သင်တို့ အယောက်တိုင်းစီကို ကောင်းကြီးပေးပါစေ။

Add new comment

7 + 5 =

Please wait while the page is loading