Family life: မိဘတို့သည် သားသမီးတို့အား ကြည့်ရှုကျွေးမွေးရေးနှင့် ပညာပေးခြင်းတာဝန်။

မိဘတို့သည် မိမိရင်သွေးတို့အား ပြုစုကျွေးမွေး ပညာပေးရမည့် တာဝန်ရှိသည်။လက်ထပ်ခြင်း၏ အဓိက တာဝန်တစ်ခုလည်းဖြစ်သည်။
ဦးနှောက်ပိုင်းဆိုင်ရာပညာ၊နှလုံးသားပိုင်းဆိုင်ရာ ပါရမီ၊ ကိုယ်ကျင့်တရားများကို သင်ကြားပေးရမည်။ အထူးသဖြင့် နှလုံးသားဆိုင်ရာ ပညာရေး၊မေတ္တာပါရမီများကို သင်ကြားပေးရာ၌ မိဘများက ပိုစွမ်းဆောင်နိုင်သည်။
"မည်သည့်ပညာရေးစံနစ်ပင် ဖြစ်စေကာမူ သူတို့အား လူကောင်းများဖြစ်အောင် မလုပ်ပေးနိုင်လျှင် ထိုပညာရေးစနစ်သည် မိမိပညာရေး၏ပန်းတိုင်ကို ဖျက်ဆီးခြင်းပင်ဖြစ်သည်။ဘာကြောင့်လဲဆိုရင် ပညာတတ်တစ်ယောက်ဖြစ်ခြင်းထက် လူကောင်းတစ်ယောက်ဖြစ်ဖို့က ပိုအရေးကြီးပါတယ်"(J.Maritan)

အမေရိကန်သမ္မတဟောင်း (Theodore Roosevelt)ကလည်း "သင်သည် လူတစ်ဦးအား ဦးနှောက်ပိုင်းဆိုင်ရာသာ ပညာပေးပြီး ကိုယ်ကျင့်တရားဆိုင်ရာ၌ ပညာမပေးလျှင် သင်သည် ထိုသူအား လူ့ဘောင်လောကကြီးကို အန္တရာယ်ရှိအောင် သင်ကြားပေးခြင်းပင်ဖြစ်တယ်လို"့ ဆိုထားပါတယ်။

Add new comment

10 + 2 =

Please wait while the page is loading