နေ့စဉ် ဧဝံဂေလိတရားဒေသနာတော်

ချစ်လှစွာသော ညီအစ်ကို မောင်နှမအပေါင်းတို့....

    ဒီကနေ့ကျမ်းပိုဒ်ဟာဖြင့်ရင် သခင်ယေဇူးမိမိရဲ့ မြို့ နာဇရက် မြို့ ဘက်ကို ပြန်သွားတဲ့အခါမှာ ဥပုသ်နေ့ နဲ့ တိုက်ဆိုင်တဲ့အခါကျတော့ ဥပုသ်နေ့မှာ ဗိမာန်တော်ကို သွားပြီးတဲ့နောက် ဘုရားပညာတော်အတိုင်း ဥပုသ်နေ့ သတင်း ဆောက်တည်ခြင်းအမှုကို ပြုပါတယ်။ အဲဒီအချိန်မှာ သူဟာ ဗိမာန်တော်ထဲမှာ တရားဇရပ်မှူးက သူ့ကို ကျမ်းစာတစ်လိပ်လာပေးတယ်။ ဖတ်ရှုရတာကိုး။ ဆိုတဲ့အခါကျတော့ သူလာပေးတဲ့ ကျမ်းချက်ဟာ ဟေရှာယ အနာဂတ်တိကျမ်းဖြစ်တယ်။ သူဖတ်ရှုရတဲ့ ဟေရှာယ အနာဂတ်တိကျမ်းဟာ သူ့ရဲ့ ဘ၀အသက်တာ ဖြစ်တာကို ဖော်ပြထားတာတွေ့ရပါတယ်။ ဒါ့ကြောင့်မို့လို့ သူကျမ်းစာ ဖတ်ပြီးပြီးခြင်းမှာ ကျမ်းချက်အားလုံးဟာ အခုပင် ပြည့်စုံပြီလို့ သူ့ကိုသူ ရည်ညွှန်းပြီးတဲ့နောက် ပြောတာကို သူ့ရဲ့ ရွာသူရွာသားတွေကနေ ပြီးတဲ့နောက် မကျေမနပ် ဖြစ်ကြပါတယ်။

    ပြီးတော့လဲပဲ ဘာဆက်တရားဟော သေးသလဲဆိုတော့က ဧလိယ လက်ထက်မှာ ပဲဖြစ်စေ၊ ဧလိရှ လက်ထက်မှာ ပဲ ဖြစ်စေ အဲဒီအချိန်အခါတွေက ပရာဖက်တွေဟာ မိမိနေရင်းဒေသ တွေမှာ ပြန်ပြီး တရားဒေသနာဟောကြားတာတို့၊ အံ့ဖွယ်ရာလုပ်ခဲ့တာတို့တွေ မပြုခဲ့ကြဘူး။ တခြားနေရာဒေသတွေမှာပဲ သွားရောက်ပြုလုပ်တယ် ဆိုတဲ့အခါကျတော့က သူ့ရဲ့ရွာသူ ရွာသားတွေဟာ သူ့ကို သဘောမကျဘူး ဖြစ်နေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့က သူ့ရွာသူ ရွာသားတွေအတွက် သူဘာမှ မလုပ်ပေးချင်ဘူးဆိုတဲ့ အသွင်ပေါ်လာတဲ့အခါကျတော့ အဲသလိုဖြစ်တယ်ပေါ့လေး။ နောက်တစ်ချက်ကလည်းပဲ သူ့ရဲ့ ရွာသူရွာသားတွေဟာလည်းပဲ သူ့ကို အထင်သေးတာတွေလည်းပါသွားတယ် ကျမ်းစာမှာ။ ဒါ ဇူဇယ်ရဲ့ သားမဟုတ်ဘူးလား၊ လက်သမားသား မဟုတ်ဘူးလား စသည့်ဖြင့် အဲသလို ဖြစ်စဉ်လေးကို ကျမ်းချက်မှာ တွေ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီကနေ့ ကျမ်းချက်ရဲ့အကျဉ်းချုံးအားဖြင့် ဒီဖော်ပြချက်ကို သင်ခန်းစာအနေနဲ့ ဘာတွေ့ရသလဲဆိုရင် သာသနာပြုများတွေဟာ ဆိုရင်ဖြင့် မိမိရဲ့အမြို့ မိမိရဲ့ရွာ မိမိရဲ့ဒေသတွေမှာပဲ သူကောင်းပြုဖို့မဟုတ်ဘူး။ တခြားတခြားသော နေရာဒေသတွေမှာ လူမျိုးတွေစီမှာ သွားရောက်ပြီးတဲ့နောက် သာသနာပြုကြဖို့ ဒါအရေးကြီးတဲ့အချက်ဖြစ်ပါတယ်လို့ ပြောထားတယ်။ ဒါ့ကြောင့် မို့လို့ ကျွန်ုပ်တို့မှာ Missionary Spirit လို့ခေါ်တဲ့ သာသနာပြု စိတ်ဓာတ် အယောက်တိုင်းမှာ ရှိကြဖို့ ဖြစ်ပါတယ်။ ကိုယ့်မြို့ ကိုယ့်ရွာ ကိုယ့်မိသားစုတွေ ကောင်းစားဖို့အတွက်ပဲ မဟုတ်ပဲနဲ့ အားလုံးအားလုံးသော လူသားတွေ အထူးသဖြင့်ကတော့ သူများတွေမသိသေးတဲ့လူတွေ သူများတွေအဖယ်ခံထားရတဲ့ လူတွေ အနှိမ်ခံထားရတဲ့ သူတွေ၊ ဆင်းရဲ့ ဒုက္ခရောက်တဲ့ လူတွေကို ရှာပြီးတော့နောက် အဲဒီသူတွေစီကို သွားပြီးတော့ ခွန်အားပေးခြင်း၊ ကိုယ်တော်ရှင်ကို ယူဆောင်ပေးခြင်းဆိုတာ ဒါသခင်ယေဇူးဟာ သာသနာပြုစိတ်ဓာတ်နဲ့ သာသနာပြု ရဲ့အလုပ်ကို မီးမောင်းထိုးပြခြင်းပဲ ဖြစ်ပါတယ်။

    နောက်တစ်ခုကလည်းပဲ ခုနက ရွာသူရွာသားတွေပေါ့လေ မိမိရဲ့ ဒေသခံ နာဇရက်မြို့ သူမြို့သားတွေဟာ လည်းပဲ သူ့ကို ရင်းနှီးခဲ့တယ်ပေါ့ ငယ်စဉ်တောင်ကျေးကတည်းက ဆိုတော့ သူ့ကို အထင်ကြီးတဲ့စိတ်၊ ရွာသူရွာသားတွေ နာဇရက် မြို့သူမြို့သားတွေလည်းပဲ သခင်ယေဇူးအကြောင်းကို သူများတွေပြောတာတော့ နားမဆံ့အောင်ကြားနေရတာပေါ့ မက်ဆီးယားသခင် အံဖွယ်ရာ ဘယ်မှာ လုပ်သွားပြန်ပြီ ဘယ်မှာ ဟောပြောမှုတွေ လုပ်သွားပြန်ပြီး စသဖြင့် အကြီးအကျယ်သခင်ယေဇူးအကြောင်းကို ကြားတာပေါ့လေ။ သို့သော်လည်းပဲ သူတို့ကတော့ အထင်မကြီးဘူးပေါ့။ ဒါ တို့ရွာသားပဲဆိုပြီးတော့ အထင်မကြီးဘူးဆိုကတည်းကတော့ ရွာကို ပြန်ရောက်တယ်၊ နာဇရက်ကို ပြန်ရောက်တဲ့အခါကျတော့ ဒီလိုပဲ ထင်တာပဲ။ သူ့စီက မျှော်လင့်ထားတာက ဘာလဲဆိုတော့က အော် သူများတွေစီမှာလည်း အံဖွယ်ရာတွေ သူလုပ်တယ်ဆိုတော့လည်းပဲ တို့ရွာ တို့ဒေသကို သူပြန်ရောက်လည်းပဲ အံ့ဖွယ်ရာလေးတော့ မျှော်လင့်ကြတာပေါ့။ အံ့သြဖွယ်ရာလေးတွေ၊ ထူးဆန်းဖွယ်ရာလေးတွေ၊ သူတို့လိုချင်တာလေးတွေကို သူတို့ တောင်းတမျှော်လင့်တဲ့ အနေအထားလေးဖြစ်ပါတယ်။ သို့သော်လည်းပဲ သူ့ကို မယုံကြည့်သည့်အတွက် ကြောင့် သခင်ယေဇူးကလည်းပဲ ခုနသူ့ကို ပြောသလိုပေါ့ ယုံကြည်ခြင်းမရှိဘူး သူ့ကို အထင်သေးတယ် အဲလို ဖြစ်တဲ့အခါကျတော့ အံ့ဖွယ်ရာကို သူ့ရဲ့ ဒေသမှာ မပြုခဲ့ဘူးဆိုတာကို ကျွန်ုပ်တို့ သိရပါတယ်။ ဒါကြောင့် မို့လို့ ကျွန်ုပ်တို့တွေ အားလုံး ခေါင်းထဲမှာ ရှိဖို့က လူဆိုတာ ကိုယ့်ရွာသားပဲ ဖြစ်စေ၊  ကိုယ့်နဲ့ ရင်းနှီးတဲ့ ပုဂ္ဂိုလ်ပဲ ဖြစ်စေ၊ ဘုရားသခင်ရဲ့အစီအစဉ်အတိုင်း သူဟာ လူတစ်ယောက်ဟာ ပြောင်းလဲမှုဆိုတာ နေ့တိုင်းဖြစ်နိုင်တယ် ဆိုတာကို ကျွန်တော်တို့ ခေါင်းထဲမှာ ထည့်ထားဖို့ လိုပါတယ်။ လှေနံဓားထစ်နဲ့ လူတစ်ယောက်ကို မကောင်းဘူးလို့ အသေသတ်မှတ်လို့ မရသလို လှေနံဓာားထစ်နဲ့ လူတစ်ယောက်ဟာ တစ်ခါ သူတော်ကောင်းဖြစ်လို့ တစ်ချိန်လုံး သူတော်ကောင်းဖြစ်မယ်လို့ ပြောလို့ မရဘူး။ တစ်ခါလူဆိုးဖြစ်လို့ တစ်ချိန်လုံး လူဆိုးပဲ ဖြစ်မယ်လို့ ကျွန်ုပ်တို့ အဲလိုမျိုး စိတ်ထားလို့လည်း မရဘူး။ နေ့တိုင်း စက္ကန့်တိုင်းမှာ ပြောင်းလဲမှု ရှိတယ် ဘုရားရဲ့ ၀ိညာဉ်တော်ရဲ့ လှုပ်ရှားမှုဟာ ဘယ်ကလာမှန်းမသိ အဲလိုပေါ့ လေတိုက်သလိုပေါ့။ သူလာချင်တဲ့ အချိန်လာမယ် သူထိတွေ့ချင်တဲ့ အချိန်ထိတွေ့မယ် ဆိုတဲ့ အပိုင်းလေးတွေ ရှိတယ်။ ဒါ့ကြောင့် လူတိုင်းကို ကျွန်တော်တို့ကနေပြီတဲ့ နောက် အချိန်းတိုင်းမှာ လူတိုင်းကို လေးစား တန်ဖိုးထားကြဖို့ ဖြစ်ပါတယ်။ ဒါတစ်ချက် သင်ခန်းစာ ယူစရာဖြစ်ပါတယ်။

   သခင်ယေဇူး သူ့ရဲ့ ဒေသဖြစ်တဲ့ နာဇရက်မြို့ ကို ပြန်ရောက်တယ် ဆိုတဲ့အကြောင်း ကျမ်းစာမှာ ကျွန်ုပ်တို့ တွေ့ရတယ်။ ခုနကပြောသလို ဥပုသ်နေ့မှာ ဗိမာန်တော်သွားပြီးတဲ့ နောက် ၀တ်ပြု ကိုးကွယ်တဲ့ အခါမှာ ထပြီးတဲ့နောက် ပရောဖက် ဟေရှာယ ကျမ်းစာကို ဖတ်ပြတယ် ဆိုတဲ့ အကြောင်း အဲဒီ ပရောဖက် ဟေရှာယ ကျမ်းစာကို ဖတ်ပြီးတဲ အခါကျတော့ သူပြောတဲ့ စကားကြောင့် သူ ဒုက္ခရောက်သွားတယ် ပြောရမှာ ပေါ့။ ရွာသူ ရွာသားတွေ သူ့ကို ကြည့်မရတော့ ဘူး ချောင်းသတ်တဲ့ အထိ ချောက်ထဲကို တွန်းချဖို့အထိဖြစ်ခဲ့တယ်။  ဘာစကားလဲ ဆိုတော့က ယနေ့ ပင်လျှင် ဤကျမ်းချက်သည် သင်တို့ ကြားသည့်အတိုင်း ပြည့်စုံလေပြီလို့ ပြောလိုက်တာကိုး။ ဒီစကားကြောင့် သူ့ရွာသူ ရွာသားတွေ နာဇရက် မြို့သူမြို့သားတွေက သူ့ကို အမျိုးမျိုးပြောဆိုတယ်။ ကွယ်ရာမှာ တီးတိုးတီးတိုးနဲ့ ပေါ့လေ။ နောက်ပိုင်းကျတော့ တွန်းချဖို့ ဖြစ်သွားတယ် ဆိုတာကို တွေ့ရတယ်။

    နောက်တစ်ခုက ဆင်းရဲသားများအတွက် ဖိနှိမ့်ခံရတဲ့ သူတွေအတွက် သခင်ယေဇူးဟာ သတင်းကောင်းဖြစ်တယ်ဆိုတာကို ကျွန်ုပ်တို့ကို ပေးတာပါ။ တစ်ချို့ လူတွေရဲ့ အယူအဆတွေနဲ့ ဆန့်ကျင်သလိုတော့ ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဆင်းရဲတာတို့ ဖိနှိပ်ခံရတာတို့ ဒုက္ခရောက်တာတို့ ဆိုတာ ကျိန်ဆိုခြင်းခံ ရတဲ့ လူတွေဆိုပြီးတဲ့ နောက် လူများစွာ ယူဆထားတဲ့ အယူအဆဟာ မှားယွင်းတဲ့ အယူအဆတစ်ခု ဖြစ်ပါတယ် ဆိုတာကို သခင်ယေဇူး ဖော်ပြခြင်းပဲ ဖြစ်ပါတယ်။ ဆင်းရဲတာ ကျန်ဆိုခြင်းခံ ရတာ မဟုတ်ဘူး။ ဒုက္ခရောက်တာ ရောဂါဝေဒနာ ခံစားနေရတာဟာ ကံဆိုးလို့ မဟုတ်ဘူး။ ဒါတွေက ကျန်ဆိုခြင်းခံ ရတာ မဟုတ်ဘူး။ တကယ်တော့ လူတိုင်းဟာ တနည်းမဟုတ် တနည်း ဆင်းရဲ ကြတာကြီးပဲ ဖြစ်ပါတယ်။ ထားပါတော့ ငွေကြေး ဥစ္စာ ဓန ရှိတဲ့ လူတွေလည်းပဲ ပစ္စည်း ဥစ္စာ ချမ်းသာရင် ချမ်းသာမယ်ပေါ့လေ သို့သော်လည်း ဆင်းရဲတဲ့ အပိုင်းလေးရှိတယ်။ ဘာလဲဆိုတော့ အထီးကျန် ခံစားနေတာတို့ စိုးရိမ်ပူပန်ရတဲ့ ဆင်းရဲခြင်း ဆိတ်ငြိမ်သက်မှု မရှိတဲ့ ဆင်းရဲခြင်း ဒါတွေလည်းပဲ သူဌေးတွေလည်းခံစားရတာပဲ။ ဒါတွေလည်းပဲ ဆင်းရဲခြင်းတစ်မျိုးပဲပေါ့လေ။ ဒါ့ကြောင့် သခင်ယေဇူးဟာ ကုသဖို့အတွက် စိတ်ရဲ့ ငြိမ်းချမ်းခြင်းရဖို့အတွက် လူတိုင်းကို ၀မ်းမြောက်ရွှင်လန်းစေဖို့အတွက် သခင်ယေဇူးဟာ ကျွန်တော်တို့စီကို ကြွလာခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး သခင်ယေဇူးကို လိုအပ်လျှက်ရှိပါတယ်။ ကျွန်တော်တို့အားလုံး သခင်ယေဇူးကို လိုအပ်သလို ကျွန်တော်တို့ကလည်းပဲ သခင်ယေဇူးကဲ့သို့ ဘာဖြစ်သင့်သလဲဆိုတော့ Instruments of Good News ပေါ့လေ သတင်းကောင်းအတွက် လက်နက်ဖြစ်ရမယ်ပေါ့ ကျွန်ုပ်တို့ တစ်ယောက်စီကပေါ့။

    အကယ်၍ ကျွန်တော်တို့ကိုယ်ကို သခင်ယေဇူးရဲ့ နောက်လိုက်လို့ ခေါ်လို့ ရှိရင် သတင်းကောင်းရဲ့ လက်နက်ဖြစ်တဲ့ မိမိရဲ့ ဘ၀ကို ဆင်းရဲ ချမ်းသာသူ အားလုံးအတွက် ဖြစ်စေကြရမယ် ဆိုတဲ့ အကြောင်း ဝေမျှလိုက်ပါတယ်။ ဒါ့ ကြောင့် ကျွန်တော်တို့ အားလုံး ခုန ပြောသွား သလို Missionary Spirit ဖြစ်တဲ့ သခင်ယေဇူးရဲ့ သတင်းကောင်းကို မကြေားရတဲ့ သူမရှိလောက်အောင် ဖြန့်ဝေဖို့ အဝေးကြီးကို သွားဖို့ နက်ရှိုင်းသောနေရာကို သွားဖို့ ကျွန်တော်တို့ ကြိုးစားကြရမှာ ဖြစ်သလို တစ်ဖက်ကလည်းပဲ ကျွန်တော်တို့ ကိုယ်တိုင်ကိုက သတင်းကောင်းဖြစ်နေရမှာ ဖြစ်တယ်။ ကျွန်တော်တို့ ကိုယ်တိုင်က သတင်းကောင်းဖြစ်နေရမယ် ဆိုတဲ့ အသိကိုလည်းပဲ ကျွန်ုပ်ဝေမျှလိုက်ပါတယ်။

ဆုတောင်းကြရအောင်။

      အိုယေဇူး ကိုယ်တော်ဟာ ကိုယ်တော့်ရဲ့ မြို့ မှာ လက်ခံခြင်းမခံရဘူးဆိုတာ သိရှိရပါတယ်။ တပည့်တော်တို့လည်း ကိုယ်တော်ဖြစ်တဲ့ သတင်းကောင်းကို ယူဆောင်တဲ့ အခါမှာ လူတွေရဲ့ လက်မခံ ခြင်း လူတွေရဲ့ မုန်းတီးခြင်း လုပ်ကြံသတ်ဖြတ် ကြံစည်ခြင်း ခံရခဲ့ သည်ရှိသော် တပည့်တော်တို့မှာ စိတ်ပျက်ခြင်း စိတ်ဓာတ်ကျခြင်းမဖြစ်စေရန် တပည့်တော်တို့ကို ကူညီပါမည့်အကြောင်း ယုံကြည် နှိမ့်ချစွာဖြင့် ကိုယ်တော်ရှင်ထံ ဆုတောင်းပါသည်။ အာမင်း။

Add new comment

6 + 6 =

Please wait while the page is loading

နေ့စဉ် ဧဝံဂေလိတရားဒေသနာတော် | Radio Veritas Asia

Error

The website encountered an unexpected error. Please try again later.