နေ့စဉ်ဧဝံဂေလိတရားဒေသနာတော်

ချစ်လှစွာသော ညီအစ်ကို မောင်နှမအပေါင်းတို့..

   ကနေ့အောက်တိုဘာလ ၂ ရက် အင်္ဂါနေ့ ကိုယ်စောင့်သိကြားများပွဲနေ့ ဖြစ်ပါတယ်။ ဦးစွာပထမအနေနဲ့ ကျွန်တော်တို့ ဘုရားသခင်ကို အထူးပဲ ကျေးဇူးတင်ကြရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့က ဘုရားသခင်ဟာ ကျွန်တော်တို့အတွက် တစ်ယောက်စီအတွက်ကို ကိုယ်စောင့်သိကြားတစ်ပါးစီကို ထားပေးတယ်။ ဒါတင်မကသေးဘဲနဲ့ ကျွန်ုပ်တို့ ဆေးကြောခြင်း မင်္ဂလာခံတုန်းကလည်းပဲ ဘုရားရဲ့ သား သမီးဖြစ်စဉ်ရောက်လာတဲ့ အခါကျပြန်တော့လည်းပဲ ရဟန္တာတစ်ပါးပါးရဲ့ နာမည်ကို ယူထားတဲ့အခါကျတော့ အဲဒီ ရဟန္တာရဲ့ ကူညီစောင့်ရှောက်ခြင်းနဲ့ အတူ ခရစ္စမားအားပေးခြင်းကျပြန်တော့လည်း နောက်ရဟန္တာတစ်ပါးပေါ့လေ။ အဲဒီလို ယူထားကြရတဲ့အခါကျတော့ ကျွန်တော်တို့ကို ကူညီစောင့်ရှောက်မဲ့ သူတွေဟာ ကိုယ်စောင့်သိကြားအပါအ၀င် ရဟန္တာတွေလည်း ပါရှိတဲ့ အတွက်ကြောင့် အဲဒီလို စီစဉ်ပေးတဲ့ ဘုရားသခင်ကို ကျွန်တော်တို့ ဘယ်လောက်တောင်မှ ကျေးဇူးတင်စရာကောင်းလဲ။ ဒါကို စဉ်းစားရမှာ ဖြစ်ပါတယ်။ အဲဒီလောက်ကျွန်တော်တို့ကို ကူညီစောင့်ရှောက်ဖေးမကြမယ့် သူတော်စဉ်သူတော်ကောင်းတွေ များတဲ့ အထဲက ကျွန်တော်တို့တွေ ဒါတောင်မှပဲ ကျွန်တော်တို့တွေ ချော်တဲ့အပိုင်းလေးတွေ ရှိတတ်ကြတဲ့ အခါကျတော့ ကျွန်တော်တို့မှာ ကြိုးစားစရာ ကျွန်တော်တို့အပိုင်းမှာ အများကြီး လုပ်ကြရအုံးမှာ ဖြစ်ပါတယ်လို့။ သိကြားတမာန်နဲ့ ကလေးတို့ဘယ်လို တူညီချက်တွေ ရှိကြသလဲပေါ့။ အဲဒီ ခုနပြောတဲ့ ကိုယ်စောင့်သိကြားနဲ့ ကလေးတွေ၊ ကလးနဲ့ သိကြားတမာန်ဆိုတာ တူညီတဲ့ အချက်တွေ ရှိတယ်။ ဘာတွေလဲ ဆိုတော့က သိကြားတမန်တော်များဟာ ဘုရားသခင်ရဲ့ အလိုတော် the Will of God ပေါ့လေ ဘုရားသခင်ရဲ့ အလိုတော် ဘုရားသခင်ဖြစ်စေချင်တဲ့ အတိုင်းကို သူတို့လိုက်လုပ်ပေးတဲ့ သိကြားတမန်တော်များ ဖြစ်သလို ကလေးငယ်များတွေသည်ဟာလည်းပဲ ဘာမှ ပူပင်သောက တောင်းတ တမ်းတခြင်းများမရှိပဲနဲ့ ဘုရားသခင်ထားရာနေမယ် ဘုရားသခင်စေရာသွားမယ် ဘုရားသခင်ကြွေးရာစားမယ်ဆိုတဲ့ ဘုရားရဲ့ အလိုတော်အတိုင်းပဲ မိမိတို့ရဲ့ ဘ၀ကို ရှင်သန်ကြခြင်းသည်ဟာ ဖြစ်ရင် တူညီမှုတစ်ခု ဖြစ်ပါတယ် သိကြားတမာန်နဲ့ ကလေးများ။ နောက်တစ်ချက်ကဘာလဲဆိုတော့ သိကြားတမာန်တော်များဟာ ထင်ထင်ပေါ်ပေါ်မရှိဘူး။ ကျွန်တော်တို့မတွေ့ရဘူး။ ထို့နည်းတူစွာပဲ ကလေးများဟာလည်း လူ့အဖွဲ့အစည်းမှာ ဆိုလို့ရှိရင် ကလေးများဟာရှိတယ်လို့တောင်မှ သူများတွေက သိပ်ပြီးအရေးမထားဘူးပေါ့လေ။ သူတို့လည်း ထင်ထင်ပေါ်ပေါ်မရှိဘူးဆိုတဲ့ တူညီချက်လေးတစ်ခု ရှိပြန်တယ်။ နောက်တော့လည်းပဲ ဘုရားသခင်ပေးထားတဲ့ သိကြားတမာန်တွေသည်ဟာလည်းပဲ နှိမ့်ချခြင်း အပြည့်အ၀ရှိသည့်အတွက်ကြောင့် ကျွန်တော်တို့ကို သည်းခံနှိမ့်ချစွာဖြင့် စောက်ရှောက်သလို ကလေးငယ်လေးတွေသည်ဟာလည်းပဲ သည်းခံနှိမ့်ချစွာဖြင့် လူကြီးတွေရဲ့ အပြုအမူတွေကိုအားလုံးခံထမ်းနေကြရတဲ့ တူညီမူလေးတစ်ခုရှိပါတယ်။ ကလေးများဟာ လူတွေရဲ့ ဂရုစိုက်ခြင်းကို မခံရသလိုပေါ့လေ သိကြားတမာန်တော်များဟာလည်းပဲ လူတွေရဲ့မေ့ထားခြင်း ဂရုမစိုက်ခြင်းကိုလည်းပဲ ခံကြရတဲ့ တူညီတဲ့ အချက်လေးတွေရှိပါတယ်လို့။ ဒီနေရာမှာလည်းပဲ ရိုးသားခြင်း ဖြူ စင်ခြင်း နှိမ့်ချခြင်းရဲ့ တန်ဖိုးကို ဖော်ဆောင်ထားတဲ့ ဟာတွေ ကျွန်ုပ်တို့တွေ့ရပါတယ်။

  ရဟန်းမင်းကြီး ဖရန်စစ်က ဘာပြောထားသလဲဆိုတော့က မိမိတို့ရဲ့ ကိုယ်စောင့်သိကြားဟာ မိမိတို့နဲ့ အတူ အမြဲတမ်းရှိနေတယ်ဆိုတာကို သတိရပါ။ ကျွန်တော်တို့က မေ့တတ်တယ်။ မေ့တတ်တယ်ဆိုတော့ကလည်း မျက်စိနဲ့မှ မမြင်ရတာကိုး မမြင်ရတဲ့အခါကျတော့ ကျွန်တော်တို့စီမှာ ကိုယ်စောင့်သိကြား အနားမှာရှိနေတယ်၊ ဘယ်သွားသွား ဘယ်လာလာ ဘာလုပ်လုပ် ဘာစားစားဘာသောက်သောက် ဒါကိုယ်စောင့်သိကြားကပါရှိလျှက်ရှိနေတယ် ဆိုတာကို သတိထားဖို့ပြောတာ။ ဒါသတိနဲ့ အသိကို ကပ်ထားရမှာပေါ့။ ဒါ့ကြောင့် တစ်ခုခုပြောတော့မယ်၊စားတော့မယ်၊ သောက်တော့မယ်၊ သွားတော့မယ်၊ လုပ်တော့မယ်ဆိုလို့ရှိရင် ကိုယ်စောင့်သိကြားသတိပြုပါ။ ကိုယ်စောင့်သိကြားကို တိုင်တည်ပြီးတဲ့နောက် ကျွန်တော်တို့ ကိုယ်စောင့်သိကြားနဲ့အတူ တစ်နေ့တာကို လျှောက်လှမ်းပါ။ ဘာပဲပြောပြော ဘာပဲလုပ်လုပ် ဘာပဲသောက်သောက် ဘာပဲစားစား ကိုယ့်နဲ့အတူရှိနေတဲ့ ကိုယ်စောင့်သိကြားကိုတော့ သတိရပါလို့ ရဟန်းမင်းကြီးက နိုးဆော်ထားလျှက်ရှိပါတယ်။ ကျွန်တော်တို့ ဒါဟာလည်းပဲ ကိုယ့်ကိုယ်ကို သတိပေးလို့ရှိရင်တော့က အများကြီး ပြင်လို့ရပါတယ်ပေါ့ ပြင်စရာရှိလို့ရှိရင်။ နောက်ပြီးတော့ ဘာဆက်ပြောထားသေးသလဲဆိုတော့က ရဟန်းမင်းကြီးက မိမိရဲ့ ကိုယ်စောင့်သိကြားကို ရိုသေလေးစားပါ။ ကျွန်တော်တို့ကို စောင့်တဲ့ ကိုယ်စောင့်သိကြားက ရိုသေလေးစားစွာဖြင့် တုန့်ပြန်မှုပေးရမှာ ဖြစ်တယ်။ ကျွန်ုပ်တို့ ၀တ်စားဆင်ယင်မှုမှာပဲ ဖြစ်စေ၊ စာရိတ္တမှာပဲ ဖြစ်စေ၊ အကျင့်တွေမှာပဲ ဖြစ်စေ ကိုယ်စောင့်သိကြားရဲ့ မျက်နှာကို ထောက်ပါဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်စောင့်သိကြားပေးတဲ့အကြံ၊ ပေးတဲ့စကားကိုလည်းပဲ အမြဲတမ်း နားစွင့်ပါ။ ကျွန်တော်တို့ကိုတော့ အမြဲတမ်းအကြံပေးနေတာပဲ။ အမြဲတမ်းလည်းပဲ ကျွန်တော်တို့ကို အသိပေးနေ၊ သတိပေးနေတာပဲ။ သို့သော် ကျွန်တော်တို့က နားထောင်တဲ့ အလေ့အကျင့်က မရှိတဲ့ အခါကျတော့ မကြားတာလေးတွေပါတဲ့ အပိုင်းလည်းရှိတယ်။ နောက်ပြီးတော့ မိမိရဲ့ ကိုယ်စောင့်သိကြားကို အမြဲတမ်းကျေးဇူးတင်ပါ။ ကျွန်ုပ်တို့ဘယ်သွားသွားဘယ်လာလာ ကိုယ်စောင့်သိကြားကို ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် ဆိုတဲ့စကား အင်မတန်မှ ပြောခဲပါတယ်။ ဒါကြောင့် ပြောဖို့ကျင့်ပါ။ ကျွန်ုပ်တို့ကို အမြဲတမ်းစောင့်ရှောက်ဖို့အတွက် ကိုယ်စောင့်သိကြားကိုပေးထားတဲ့ ဘုရားသခင်ကို အမြဲတမ်း ကျေးဇူးတင်ဖို့လည်းပဲ တိုက်တွန်းထားပါတယ်။ ကျွန်တော်တို့ကိုယ်စောင့်သိကြားအားပြုအပ်သော မေတ္တာဆိုတဲ့အခါမှာ ကျွန်ုပ်ကိုစောင့်သော ကိုယ်စောင့်သိကြား ကျွန်ုပ်အား နေ့ညမပြတ် ဆုံးမပါ၊ သွန်သင်ပါ၊ ကြည့်ရှုပါ၊ စောင်မပါ အဲဒီလိုဆိုပါတယ်။ ဒါကြောင့် ကိုယ်စောင့်သိကြားဟာလည်းပဲ ကျွန်ုပ်တို့ကို နေ့ညမပြတ် ဆုံးမနေတယ်၊ သွန်သင်နေတယ်။ ကျွန်တော်တို့ နားထောင်ဖို့ပဲ လိုတယ်။ ကြည့်ရှုနေတယ်၊ စောင့်ရှောက်နေတယ်။ ဒါတွေကိုလည်းပဲ ကျွန်ုပ်တို့ ကျေးဇူးတင်ဖို့လိုတယ်။ ဒါ့ကြောင့် ကိုယ်စောင့်သိကြားကို အမြဲတမ်း ကျေးဇူးတင် ပြီးတဲ့နောက် ကိုယ်စောင့်သိကြားကို ရိုသေလေးစားပြီးတဲ့နောက် ကိုယ်စောင့်သိကြားရဲ့ပြောတဲ့ အသံကို အမြဲတမ်းကြားနိုင်အောင်အတွက် ဘုရားသခင်ထံလိုအပ်သော ကျေးဇူးတော်ကို ကျွန်တော်တို့ ဆက်လက်ပြီးတဲ့နောက် တောင်းခံကြဖို့ ဖိတ်မာန်ဒက ပြုပါတယ်လို့။

Add new comment

4 + 6 =

Please wait while the page is loading

နေ့စဉ်ဧဝံဂေလိတရားဒေသနာတော် | Radio Veritas Asia

Error

The website encountered an unexpected error. Please try again later.