နေ့စဉ်ဧဝံဂေလိတရားဒေသနာတော်

ချစ်လှစွာသော ညီအစ်ကို မောင်နှမအပေါင်းတို့...

  ကျမ်းစာရဲ့ နောက်ဆုံး အခန်းငယ် ၄၂ မှာ သခင်ယေဇူးပြောတဲ့ စကားတစ်ခု အင်မတန်မှ တစ်ယောက်စီအတွက် အရေးကြီးပါတယ်။ မာတားသည် များစွာသော အမှုကိစ္စတို့အတွက် စိုးရိမ်ပူပန်ခြင်းရှိ၏။ သို့သော်လည်းပဲ လိုအပ်သောအရာသည် တစ်ခုတည်းရှိတယ်။ မာရီးယားသည် ကောင်းမြတ်သောအရာကို ရွေးချယ်လိုက်ပြီလို့ပြောလိုက်တယ်။ ဒါကြောင့် ကျွန်တော်တို့တွေအတွက် အများကြီး စဉ်းစားရမယ်။ ပူပင်ခြင်း များစွာသောအမှုကိစ္စတို့အတွက် ကျွန်တော်တို့ ပူပင်နေသလား။ ဒါဟာ အရေးမကြီးတဲ့  အလုပ်ဖြစ်တယ်။ အရေးကြီးတဲ့ အလုပ်က မာရီးယားေ၇ွးချယ်လိုက်တဲ့ အလုပ်ဖြစ်တယ်။။ ဒါဟာဘာလဲ ဆုတောင်းခြင်းအလုပ်ဖြစ်တယ်လို့အတိုခြုံးပြောချင်ပါတယ်။

  သြ၀ါဒအနေနဲ့ ဆက်လက်ပြီးတဲ့နောက် ဝေမျှပေးရမယ်ဆိုလို့ရှိရင် ထောက်ရှုစရာလေးပေါ့လေ ကျွန်တော်တို့တတွေ ဧည့်သည်အဖြစ်နဲ့ သူများတွေစီ သွားရောက်ဖူးမှာ ဖြစ်သလို သူများတွေလည်းပဲ ကျွန်တော်တို့စီကို ဧည့်သည်အဖြစ်နဲ့ လာရောက်ဖူးကြမှာလည်း ရှိမှာပါ။ ကျွန်ေ်တ်ာတို့စီကို လာတဲ့ ဧည့်သည်တွေဟာ ဘာရည်ရွယ်ချက် ဘာကြောင့်လာကြသလဲ ကျွန်တော်တို့ကော သူများတွေစီသွားတာဟာ ဘာရည်ရွယ်ချက် ဘာကြောင့်လဲဆိုတာကို ပြန်လည်ပြီးတဲ့နောက် စဉ်းစားဖို့အတွက် ဖြစ်ပါတယ်။ သေချာတာကတော့ ကျွန်ုပ်တို့စီကို လာတဲ့ဧည့်သည်တွေဟာ ဖြစ်ရင် ကျွန်တော်တို့အိမ် ကျွန်တော်တို့ ခြံဝင်းရဲ့ လှပ ပုံတွေ သာယာပုံတွေကို လာရောက်ပြီး စူးစမ်းလေ့လာဖို့အတွက်လောက်တော့ မဟုတ်ဘူး။ နောက်တစ်ခုက ဘာလဲဆိုတော့ ကျွန်တော်တို့ရဲ့ မိသားစုရဲ့ အတွင်းရေး သို့တည်းမဟုတ် မိသားစုရဲ့ နောက်ဆုံးအခြေအနေကိုလည်းပဲ လာရောက်စူးစမ်းလေ့လာချင်တာလည်းပဲ မဟုတ်လောက်ဘူး။ နောက်တစ်ခုက ဘာလဲဆိုတော့ ဧည့်သည်တွေ ကျွန်ုပ်တို့စီကို လာတာ ကျွန်ုပ်တို့စီကနေပြီးတဲ့နောက် ထမင်းကောင်း ဟင်းကောင်း ၀က်သားဟင်း ကြက်သားဟင်း စားရဖို့အတွက် မျှော်လင့်ပြီးတဲ့နောက်လာကြတာလဲ မဟုတ်ဘူး။ ဒီလိုဆိုလို့ရှိရင် ဘာကြောင့် ဧည့်သည်လာသလဲ ကျွန်တော်တို့ကော သူများတွေစီ ဧည့်သည်အဖြစ်နဲ့ ဘာကြောင့် သွားကြသလဲ။ ကျွန်တော်တို့နဲ့ တွေ့ပြီးတဲ့နောက် လာရခြင်းအကြောင်းနဲ့ ကျွန်တော်တို့နဲ့ မတွေ့တာ ကြာလို့လည်းဖြစ်ရင် ဖြစ်မယ်။ ကျွန်တော်တို့နဲ့ တွေ့ပြီးတဲ့နောက် အလာပ သလာပ စကားတွေစမြည်တွေ ပြောချင်တယ်။ ပျော်ရွင်စရာတွေ ဝေမျှစရာလေးတွေ အတူတကွ စကားပြောချင်တယ်ပေါ့ အဓိက ကတော့။ တစ်ယောက်နဲ့ တစ်ယောက် ရင်ဖွင့်စကားကို ပြောချင်တယ်။ အဲဒါတွေဟာ ဧည့်သည်တစ်ယောက်ရဲ့ စိတ်ထဲက လိုချင်တဲ့အရာတွေပေါ့လေ။ ဧည့်ဝတ်ကျေတယ်ဆိုတာ ဘာကို ပြောတာလဲ။ ဧည့်ဝတ်ကျေတယ်ဆိုတာ ကောင်းတဲ့ အစားအစာတွေ ကျွေးရုံနဲ့ ဧည့်ဝတ်ကျေတယ်လို့ မခေါ်ဘူး။ ဧည့်ဝတ်ကျေတယ်ဆိုတာ ရောက်လာတဲ့ ဧည့်သည်ကို ဖော်ဖော်ရွေရွေ နွေးနွေးထွေးထွေးကြိုဆိုပြီးတဲ့နောက် ကျွန်တော်တို့ အင်္ဂလိပ်လို ပြောလေ့ပြောထရှိတယ် Feel at home ပေါ့လေ။ ကိုယ့်အိမ်လို သဘောထားပါ။ လွတ်လွတ်လပ်လပ်နေပါ ပျော်ပျော်ရွှင်ရွှင်နေပါ။ ကျွန်တော်တို့ကလည်းပဲ အချိန်ပေး အာရုံပေးပြီးတဲ့နောက် သူပြောတာလေးတွေကို နားထောင်ခြင်းအားဖြင့် ဒါကောင်းသော ဧည့်ဝတ်ပြု ခြင်းပဲ ဖြစ်ပါတယ်။

  သခင်ယေဇူးဟာ မာတား ရဲ့ ကျွေးမွေးချင်တဲ့ စေတနာစိတ်နဲ့ မာတားဟာ အလုပ်ရှုပ်နေတာကို သခင်ယေဇူးကတော့ အပြစ်မတင်ပါဘူး။ အသိအမှတ်ပြု ပါတယ်၊ သဘောလဲကျပါတယ်။ ဘာဖြစ်သလဲဆိုတော့ မာတားဟာ သူ့ရဲ့ ဆန္ဒထဲမှာ ဘာရှိသလဲဆိုတော့ ငါ့ရဲ့ သခင် ငါ့ရဲ့ အိမ်ကိုလာတဲ့ အခါကျတော့ ရာနှုန်းပြည့် ပြည့်ဝစုံလင်သော ဧည့်ခံမှုကို ပြု ချင်တယ်။ သူတတ်တဲ့ အရည်အချင်း ရှိတဲ့ အရည်အချင်းတွေကို ထုတ်သုံးပြီးတဲ့နောက် ချက်ပြုတ်ကျွေးမွေးချင်တယ် ရှိတဲ့ ဟာအားလုံးကို၊ ဒါကြောင့် သူဟာ အလုပ်ရှုလွန်းအားကြီးသွားတယ်ပေါ့။ ဒီနေရာမှာ အဆိုအမိန့် တစ်ခုကို ထည့်ပြီးတော့ ပြောချင်ပါတယ်။ အဲဒီအဆိုအမိန့်ကလည်း အင်္ဂလိပ်လို့ ဖြစ်တဲ့ အခါကျတော့ မူရင် အင်္ဂလိပ်လို နည်းနည်းပြောပြီးတော့ အဓိပ္ပာယ်ကို မြန်မာလို ပြန်ပြောပြမယ်။ မူရင် အင်္ဂလိပ်က ဘယ်လိုဆိုထားသလဲဆိုတော့က If you are busy that you have no time to pray, it means that you are too busy; busy for nothing. အဲသလို ပြောထားပါတယ်။ ဆိုလိုတာကတော့ သင်ဟာ ဘုရားရှိခိုးဖို့အတွက် အချိန်မရှိလောက်အောင် အလုပ်ရှုပ်နေပြီ ဆိုလို့ ရှိရင် ကိုယ့်ကိုယ်ကို သိပါ။ အလုပ်ရှုပ်လွန်းအားကြီးပြီးလို့ ကိုယ့်ကိုယ်ကို သိလိုက်ပါ။ မိမိအဲသလို ဘုရားရှစ်ခိုးဖို့ မအားလောက်အောင် အလုပ် ရှုပ်ခြင်းဟာဖြင့်ရင် မိမိရဲ့အလုပ်ရှုပ်ခြင်းဟာ ဘာအကျိုးမှ ဖြစ်မလာမဲ့ အလုပ်ရှုပ်ခြင်းပဲ ဖြစ်သွားတော့မှာ ဖြစ်တယ် ဆိုတာကို ပြောထားတာဖြစ်ပါတယ်။ ဒါကျွန်တော်တို့ အားလုံးအတွက် သိစရာလေးတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘုရားမရှစ်ခိုးနိုင်အောင် ဘုရားရှစ်ခိုးဖို့ အချိန်မရှိလောက်အောင် အလုပ်ရှုပ်ခြင်းဟာ အောင်မြင်မှုထက် ဆုံးရှုံးမှုကိုပဲ ဦးတည်နေတာ ဖြစ်တယ်ဆိုတာကိုတော့ လေးလေးနက်နက် နားလည်စေချင်တာပေါ့နော်။ ဒါ့ကြောင့် ကျွန်တော်တို့တတွေ ဥပမာအားဖြင့် ပြောရမယ်ဆိုလို့ရှိရင် မနက်မေတ္တာ ညမေတ္တာဆိုဖို့ ထက် တခြားသောအရာတွေလုပ်ဖို့ ဘာတွေဘာတွေ လုပ်မယ် စဉ်းစား တွေးခေါ်ပြီးတဲ့နောက် မနက်မေတ္တာ ညမေတ္တာလည်း မဆိုဖြစ်ဘူး။ နောက်တော့လည်းပဲ အထူးသဖြင့် ဥပုသ်နေ့ တနင်္ဂနွေနေ့မှာ ပညတ်တော်ထဲမှာ ပါပြီးသား။ ဥပုသ်သတင်း စောင့်တည်ရမယ်ဆိုတာ ပါပြီးသားဖြစ်တယ်။ တတိယ ပညတ်တော်မှာ ဘုရားရှင်၏ သတင်းပွဲနေ့ကို စောင့်လော့ဆိုတာ ဘုရားသခင်ထားရှိတဲ့ ဥပဒေ ဆယ်ချက်ထဲမှာ ဒါဟာ Divine law လို့ခေါ်တာပေါ့ ဘုရားဥပဒေထဲမှာ ပါပြီးသားအချက်တစ်ချက် ဖြစ်ပါတယ်။ ဘုရားထားပေးတဲ့ ဥပဒေဆယ်ခုကို ကျူးလွန်လို့ရှိရင် အပြစ်ထဲရောက်တယ်။ 

  ဒါ့ကြောင့်မို့လို့ ကျွန်တော်တို့တတွေ တစ်ခါတုန်းကလည်းပြောပြီးပါပြီး။ ဥပဒေဆိုတာ သုံးမျိုး ရှိတယ်။ သုံးမျိုးက ဘာလဲဆိုတော့က Dvine law ဘုရားထားတဲ့ ဥပဒေ၊ နောက်ဥပဒေ တစ်ခုက Church law လို့ခေါ်တဲ့ အသင်းတော်ရဲ့ ဥပဒေ၊ နောက်တစ်ခုက Civil law လို့ခေါ်တဲ့ အစိုးရတွေ လူထုတွေ ဖွဲ့စည်းထားတဲ့ ဥပဒေပေါ့။ သုံးမျိုးသုံးစားရှိတယ်။ ဆိုတော့ ဒီသုံးမျိုးသုံးစားထဲမှာမှ ပြန်ကြည့်တဲ့ အခါကျတော့က Church law လို့ခေါ်တဲ့ ကာနွန် law လို့ပဲ ဖြစ်စေ ဒါတွေ အားလုံး ဒီ ဥပဒေတွေ အားလုံး နောက်တော့ Civil law လို့ခေါ်တဲ့ အစိုးရ ဥပဒေ လူထုဥပဒေ ဒီဥပဒေတွေ အားလုံးဟာဖြင့် ရင် ဘယ်အပေါ်မှာ အခြေခံပြီး တည်ဆောက်ရမလဲဆိုတော့က Divine law လို့ခေါ်တဲ့ ဘုရားရဲ့ ဥပဒေ ပညတ်တော် ဆယ်ပါးပေါ်မှာ အခြေခံပြီးတဲ့နောက် တည်ဆောက်သွားကြရမဲ့ ဥပဒေတွေကြီးပဲ ဖြစ်တယ်။ အကယ်၍ မိမိတို့ တည်ဆောက်ထားတဲ့ ဥပဒေပဲ ဖြစ်စေ လူတွေရဲ့ ဥပဒေပဲ ဖြစ်စေ ဆွဲထားတဲ့ ဥပဒေတွေဟာ ခုနပြောတဲ့ ဘုရားထားတဲ့ ဥပဒေကို သွေဖီပြီးတဲ့နောက်သွားလို့ရှိရင် အားလုံးဖျက်ပစ်လိုက်ရမယ် ထုတ်ပစ်လိုက်ရမယ် အကျိုးမ၀င်တော့ဘူး ဖြစ်သွားတယ်။ ဒါကို ကျွန်တော်တို့ အားလုံးနားလည်ဖို့အတွက် ဝေမျှလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဆိုတော့က ဘုရားရဲ့ ဥပုသ်သတင်း စောင့်တည်ရမယ်ဆိုတာက ဘုရားရဲ့ ပညတ်တော် အဓိက ဥပဒေထဲမှာ ပါတဲ့ အခါကျတော့ အဲဒါကို ပျက်ကွက်လို့ မရဘူး။ ဒါကြောင့်မို့လို့ ဒါကို ဘာသာသူတွေ လေးလေးနက်နက်ထားစေချင်တယ်။ ရဟန်းမင်းကြီး ဖရန်စစ်က ဘာပြောသလဲဆိုတော့က ဆုတောင်းဖို့အချိန်ရောက်လာပြီး အလုပ်က မပြီးသေးဘူးဆိုလို့ရှိရင် အလုပ်ကို ရပ်ဆိုင်းထားပြီးတဲ့နောက် ဆုတောင်းခြင်းကို လုပ်ပါ။ ဆုတောင်းနေစဉ်မှာလည်း ဖုန်းပိတ်ထားပါ။ မစ္ဆားတရားပူဇော်တဲ့ အချိန်မှာလည်းပဲ တယ်လီဖုန်း ကိုပိတ်ထားပါ။ ဘုရားကို နံပါတ်တစ်နေရာမှာ ထားပါ။ ဘုရားအတွက် ထားတဲ့ အချိန်ကို ဘယ်သူ့ကိုမှ မပေးပါနဲ့။ ကျွန်တော်တို့ရဲ့ စိတ်က သိပ်မပြတ်သားဘူးဘုရားစီမှာ။ စိတ်နှစ်ခွထားချင်တယ်။ ဘယ်သူတွေ ဘယ်အချိန်ဖုန်းများခေါ်မလဲ မသိဘူး။ ဘုရားရှစ်ခိုးချိန်ဖြစ်ဖြစ် ဘုရားမရှစ်ခိုးအချိန်ဖြစ်ဖြစ် မစ္ဆားအချိန်မှာ ဖြစ်ဖြစ် အားလုံး ဖုန်းဖွင့်ထားမယ်။ ဖွင့်ထားမယ်။ ဘယ်သူဘယ်အချိန်ခေါ်မှာလဲပြောလို့မရဘူး။ မဟုတ်ဘူး။ အဲသလို မဖြစ်သင့်ဘူး။ ဘုရားကိုပေးမဲ့အချိန်သီးသီးသန့်သန့် အားလုံးအများအတွက် ပိတ်ထားပြီး ဘုရားအတွက် ဖွင့်ထားဖို့ပဲ လိုတယ်ဆိုတာ ဘုရားအတွက် အချိန်ပေးပြီး မိမိ တယ်လီဖုန်းအတွက် ပိတ်ထားဖို့ကို ပြောတာ။

  သခင်ယေဇူးက မာတား ကိုသတိပေးတယ်။ သခင်ယေဇူး သူတို့အိမ်ကို လာတာဟာဖြင့်ရင် မာတား နဲ့ မာရီးယားကို စေခိုင်းဖို့အတွက် အလုပ်ပင်ပန်းစေဖို့အတွက် လာတာမဟုတ်ဘူး။ သခင်ယေဇူး သူတို့အိမ်ကို လာတာဟာဖြင့်ရင် သူတို့ကို အစေခံဖို့အတွက် လာတာ။ ဘယ်လိုအစေခံ သလဲဆိုတော့ နုတ်ကပတ်တရားတော်ကို ယူလာပြီးတော့ သူတို့ကို ပြောပြတာ အစေခံတာ လမ်းညွှန်မှုတွေ ပေးတာ ဒါသူတို့ဘက်က ဘာလုပ်စရာရှိလဲ ဘာမှ လုပ်စရာမရှိဘူး ထိုင်နားထောင်ဖို့ပဲ ရှိတယ်။ ဒါဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကျွန်ုပ်တို့လည်းပဲ သတိထားဖို့ တစ်ချက်က ဘုရားရှစ်ခိုးပွဲတွေ ဘာတွေ လုပ်တဲ့ အခါကျလို့ရှိရင် အပြင်အပဟာတွေ ဘုရားကျောင်းပြင်တာတို့ ဘာတို့ ညာတို့ဟာတွေ ဘုရားရှစ်ခိုးတဲ့ အချိန်မှာ မလုပ်ရဘူး ကြို တင်ပြီးတဲ့နောက် ပြင်ဆင်ပြီးသားဖြစ်ရမှာ။ ဘုရားရှစ်ခိုးတဲ့ အချိန်ကျမှ ဟိုသွားလိုက် ဒီသွားလိုက် မိုက်ကို ဟိုမြည်လိုက် ဒီမြည်လိုက်မဖြစ်စေပဲ အားလုံး အဆင်သင့်လုပ်ပြီးမှ ဘုရားရှစ်ခိုးပြီးဆို အားလုံးတိတ်ဆိတ်စွာ နေရာယူမယ် တိတ်ဆိတ်စွာဖြင့် ဘုရားကို အာရုံပြုရမယ် ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် တရားကို နားထောင်ရမယ်။ ပျော်ရွှင် ၀မ်းမြောက်စွာဖြင့် ဘုရားရဲ့ နာမတော်ကို ချီးမွမ်းရမှာ ဖြစ်ပါတယ်။  ဆူညံသံတွေ မျက်စိအာရုံနောက်စရာတွေ မှာ အလုပ်မရှုပ်ကြဖို့အရေးကြီးတယ်။ လူတွေ ဘုရားနဲ့ နီးစပ်နေနိုင်တဲ့ အကြောင်းအရာတွေကို ကြိုတင်စဉ်းစားပြီးတဲ့နောက် ကြိုတင်ပြင်ဆင်ထားရမှာ ကြိုတင်လုပ်ထားရမှာ ဖြစ်ပါတယ်။ ဆုတောင်းခြင်းအချိန်ရောက်လာလို့ရှိရင် ဟိုသွားဒီသွား ဟိုလုပ်ဒီလုပ် မလုပ်ရတော့ပါဘူး။ ဒါတွေဟာ လူတွေအတွက် အနှောက်အယှက်ဖြစ်ပါတယ်။ လူတွေမရောက်ခင် ရက်ပိုင်းကတည်းက ပြင်ဆင်ပြီးသားဖြစ်ရမှာ ဖြစ်ပါတယ်။ လူတွေ ရောက်လာရင် တိတ်ဆိတ်စွာ နေရာယူရမယ် ခုနပြောသလို။ တိတ်ဆိတ်စွာ ၀တ်ပြု ကိုးကွယ်ရမယ်၊ မြိုင်ဆိုင်စွာ သီချင်းဆိုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ချစ်လှစွာသော ညီအစ်ကို မောင်နှမအပေါင်းတို့ ကျွန်တော်တို့ ဘုရားသခင်ရဲ့ ပညတ်တော်များကိုနော် ထပ်မံပြောရအုံးမယ်။ လေးလေးနက်နက်ကို သတိထားပါ။ ပညတ်တော်များကို မလိုက်နာလို့ရှိရင် ဆိုးသောအကျိုးများကို ကျွန်တော်တို့ ခံစားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ထင်တာက ငါလုပ်မှ ငါရမယ်။ ငါသွားမှ ငါရောက်မယ်ဆိုပြီး ထင်ကြတာ။ ဒါပေမဲ့ လို့  သခင်ယေဇူးက ပြောတယ်။ ဘာလဲ မာတားသည် အလုပ်ရှုပ်လွန်းအားကြီးတယ် စိုးရိမ်ပူပန်လွန်းအားကြီးတယ်။ သို့သော်အရေးကြီးးဆုံးအရာတစ်ခုတည်း ရှိတယ်။ ဒါ မာရီးယား ရယူသွားပြီး။ ဒါကြောင့် ကျွန်တော်တို့ တတွေ စိုးရိမ်ပူပန်ခြင်းကြောင့် အလုပ်ရှုပ်နေကြတာ။ ဒါတွေဟာ မဖြစ်သင့်တဲ့ ဟာတွေ။ အရေးကြီးဆုံးဟာ ဘုရားရှစ်ခိုးဖို့ ဖြစ်ပါတယ်။ အဲသလိုပြောတော့ လည်းပဲ တစ်ချိန်လုံးဘုရား ရှစ်ခိုးဖို့ ပြောတာတော့ မဟုတ်ဘူး။ အလုပ်လုပ်ရမဲ့ အချိန်လုပ်၊ ဘုရားရှစ်ခိုးရမဲ့ အချိန်ရှစ်ခိုးပါ။ ဒါ့ကြောင့် တနင်္ဂနွေနေ့တွေမှာ ဥပုသ်သတင်း ဆောက်တည်တဲ့ အလုပ်တွေ အကြာခဏ အာပတ်ဖြေ ကိုယ်တော်မြတ်ပင့်တဲ့ အလုပ်တွေကို ကြိုးစား လုပ်ဆောင်တဲ့ မိသားစု၊ ကြိုးစားလုပ်ဆောင်တဲ့ လူတွေဟာ စိတ်ရဲ့ ငြိမ်သက်ခြင်းနဲ့ ဘ၀ရဲ့ အဆင်ပြေခြင်းကို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်ဆိုတာကို ကနေ့မာတားနဲ့ မာရီးယားဖြစ်စဉ်ကနေပြီးတဲ့နောက် ကျွန်တော်တို့ကို သင်ခန်းစာပေးပါတယ်လို့ အားလုံးကို ဘုရားရှင်ကောင်းကြီးခံစားကြရပါစေ။

Add new comment

1 + 0 =

Please wait while the page is loading