နေ့စဉ်ဧဝံဂေလိတရားဒေသနာတော်။

ချစ်လှစွာသော ညီအစ်ကို မောင်နှမအပေါင်းတို့...

   ကနေ့ ကျမ်းစာထဲမှာပါတဲ့ သခင်ယေဇူးရဲ့ နှိုင်းယှဉ်ချက်ကို ကျွန်ုပ်တို့ နည်းနည်းထောက်ရှု လေ့လာကြည့်ရအောင်။ သခင်ယေဇူးက အသိမရှိတဲ့ သူတွေ၊ သတိမရှိတဲ့ သူတွေ၊ အရာရာကို ပေါ့ပေါ့ တန်တန်ထားပြီးတဲ့နောက် နားထောင်တတ်တဲ့ သူတွေကို ကစားနေတဲ့ ကလေးတွေနဲ့ နှိုင်းယှဉ်ထားတာကို ကျွန်ုပ်တို့ တွေ့ရပါတယ်။ ကစားနေတဲ့ ကလေးတွေဟာ ဘေးက ညွှန်ကြားချက်တွေ အသိပေးချက်တွေ၊ အချင်းချင်းအသိပေးတာတွေကို ဂရုစိုက်ပြီးတော့ နားမထောင်ပဲနဲ့ ကိုယ့်ဟာနဲ့ကို ကစားနေကြတာကို တွေ့ရပါတယ်။ ပျော်စရာတီးလုံး တီးသော်လည်း မကခုန်ကြဘူး။ ငိုခြင်းတီးလုံး တီးသော်လည်းပဲ မငိုကြဘူးလို့ ပြောထားပါတယ်။ ကျွန်ုပ်တို့ ကြားလေ့ကြားထရှိတဲ့ စကား Sign of the time လို့ခေါ်တဲ့ အချိန်ကာလရဲ့ ဖြစ်စဉ်တွေကို သတိမထားကြတဲ့ သူတွေရှိတယ်။ လေးလေးနက်နက် မတွေးကြပဲနဲ့ အပေါ်ယံ မြင်တွေ့ ရတဲ့ အရာတွေကိုပဲ အာရုံရှိကြတဲ့ လူတွေ ရှိတတ်ကြပါတယ်။ ယောဟန် ဗတ္တိစတားရဲ့ အပြုအမူ အနေအထိုင် အစားအသောက်ပုံစံနဲ့ သခင်ယေဇူးရဲ့ ပြုမူနေထိုင် စားသောက်ပုံကို အပေါ်မှာ မြင်တာတွေကိုပဲ မြင်ပြီးတဲ့နောက် မြင်တဲ့ အတိုင်းပဲ ဝေဖန်သုံးသပ်ကြတဲ့ သူတွေ ရှိပါတယ်။ ဒါဟာလည်းပဲ ကျွန်တော်တို့လည်းပဲ အဲသည်လို ဖြစ်တတ်သည့်အတွက်ကြောင့် ကျွန်ုပ်တို့ကို သတိပေးခြင်းပဲ ဖြစ်ပါတယ်။ ဖြစ်စဉ်တွေကို ကျော်လွန်ပြီးတဲ့နောက် မမြင်တွေ့ကြတဲ့ သဘောဖြစ်ပါတယ်။ ဘုရားတရားသမားတွေ၊ တရားကျင့်တဲ့ သူတွေ၊ ပါရမီရှိတဲ့ သူတွေ၊ သန့်ရှင်းဖြူ စင်တဲ့ သူတွေကျတော့က လောလောဆယ် မိမိရှေ့ မျက်မှောက်မှာ မြင်ရ ကြားရတဲ့ အရာတွေကို ထိုးဖောက် ပြီးတဲ့ နောက် အဲဒီအရာရဲ့ နောက်ကွယ်မှာ ရှိတဲ့ အရာတွေကို မြင်တွေ့ တတ်တယ်။ တနည်းအားဖြင့် ပြောရမယ် ဆိုလို့ရှိရင် သန့်ရှင်းပြီးတဲ့ နောက်ပါရမီ ပြည့်ဝလို့ သန့်ရှင်းသော ၀ိညာဉ်တော်ရဲ့ ကျေးဇူးတော်အစွမ်းထက်မှုကို အဲဒီသန့်ရှင်းတဲ့ သူတွေက ပိုမိုပြီးတဲ့နောက် ရရှိတဲ့ သဘောပဲ ဖြစ်ပါတယ်။ အပြစ်များခြင်း၊ အပြစ်ကြီးနဲ့ ရှိနေခြင်း၊ သန့်ရှင်းဖြူ စင်ခြင်းနဲ့ ကင်းခြင်း၊ ဘုရားတရားနဲ့ ဝေးကွာခြင်း၊ ဆုတောင်းခြင်းနဲ့ ဝေးကွာခြင်း၊ ကုသိုလ်ကောင်းမှုနဲ့ ဝေးကွာခြင်း၊ အပြစ်ဒုစရိုက်နဲ့ လွှမ်းမိုးနေခြင်း စသည့် အရာတွေဟာဖြင့်ရင် လူ့ရဲ့ အသိနဲ့ လူ့ရဲ့ အမြင်အာရုံကို ချို့ ယွင်းစေတယ် ဆိုတဲ့ သင်ခန်းစာလည်းပဲ ရဟန်းရှင်လူအားလုံး သတိထားကြဖို့ ဖြစ်ပါတယ်။ 

   ဒုတိယ တစ်ချက်အနေနဲ့ကတော့ ဘုရားရဲ့စကားကို ကြားအောင် ဘုရားပြောတဲ့ စကားကို ကြားနိုင်အောင် နားထောင်တဲ့ အလေ့အကျင့် ဘုရားပြသတဲ့ အရာတွေကို မြင်အောင် အမြင်အာရုံကို လေ့ကျင့်တဲ့ လေ့ကျင့်ခန်းတော့ ကျွန်ုပ်တို့ အမြဲတမ်း လေ့ကျင့် ကြိုးစားနေရမှာ ဖြစ်ပါတယ်။ ရိုးရိုးလေး ဥပမာပေးရမယ် ဆိုလို့ရှိရင် လူတစ်ယောက် ပုဆိုး ၀တ်နေတာကို ကြည့်လို့ရှိရင် လူတစ်ယောက် ပုဆိုးဝတ်တာလို့ပဲ ကျွန်ုပ်တို့ မြင်မယ်။ သို့သော်လည်းပဲ နည်းနည်းလေးတွေးတတ်တဲ့ သူတစ်ယောက်ဟာ လူတစ်ယောက် ပုဆိုးဝတ်တာကိုလည်း သူမြင်မယ်။ ပုဆိုးထဲကို လူဝင်သွားတယ် ဆိုတဲ့ သဘောကိုလည်းပဲ သူမြင်ပြီးတဲ့နောက် သိရှိမှာ ဖြစ်ပါတယ်။ နောက်ဥပမာတစ်ခုက ထမင်းစားနေတဲ့ သူတစ်ယောက်ဟာ သူ့ရဲ့ ပန်းကန်ထဲက ထမင်းကိုပဲ သူမြင်ပြီးတဲ့နောက် သူစားနေမယ်။ သို့သော်လည်းပဲ ဒီပန်းကန် ထဲကိုရောက်လာတဲ့ ထမင်းရဲ့ ဖြစ်ပေါ်လာတဲ့ လမ်းကြောင်းတစ်လျှောက်လုံးမှာ ပါဝင်လာတဲ့ လူတွေနဲ့ လုပ်ဆောင်ချက်ကို မြင်ပြီးတဲ့နောက် တကယ့်အမြင်အာရုံ စူးရှတဲ့ ပုဂ္ဂိုလ်၊ အသိအာရုံ အတွေးအာရုံစူးရှတဲ့ ပုဂ္ဂိုလ်ဟာ ထိုးဖောက်မြင်တွေ့ ပြီးတဲ့နောက် ဆုတောင်းပေးနိုင်ကြမှာ ဖြစ်ပါတယ်။ သာမန်လူဆိုလို့ရှိရင် ထမင်းကို ထမင်းလို့ပဲ မြင်မှာ။ သို့သော် သာမန်လူထက် ကျင့်ကြံ အားထုတ်မှုကောင်းတဲ့ ပုဂ္ဂိုလ်ဟာ သူ့ပန်းကန်ထဲမှာ ရှိတဲ့ ထမင်းရဲ့ ဖြတ်သန်းလာခဲ့ တဲ့ ဟိုးလယ်သမား ကောက်စိုက်တဲ့ အချိန်ကနေစပြီးတဲ့နောက် လယ်ထွန်ကောက်ရိတ် ဆန်စက် ကူလီထမ်းတဲ့သူ စသဖြင့် သူ့ရဲ့ ပန်းကန်ထဲကို ထမင်း ဖြစ်လာအောင် လုပ်ဆောင်ပေးတဲ့ လူတွေအားလုံးရဲ့ ပါဝင်မှုကို သူသိရှိမှာ ဖြစ်ပါတယ်။ ဒီဆန်စေ့ သူ့ရဲ့ ပန်းကန်ထဲမှာ ရှိတဲ့ ထမင်းတစ်စေ့ရဲ့ ဖြတ်သန်းလာခဲ့တဲ့ ခရီးစဉ် တစ်လျှောက်လုံးဟာ ဘယ်လောက်တောင်မှ ရှည်လျားပြီးတဲ့ နောက် စိတ်ဝင်စားဖို့ ကောင်းသလဲဆိုတာ သူတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။ သို့သော် နောက်မို့လို့ရှိရင်သော်က သာမန်လူတစ်ယောက်လိုပဲ စားလိုက် ၀ါးလိုက် မျိုလိုက်ဖြစ်မှာ။ ဒါ့ကြောင့် စားသောက်ဆိုင်တွေမှာ အရက်သောက်ပြီးတဲ့နောက် ထမင်းစားတဲ့သူနဲ့ တိတ်တဆိတ် စဉ်းစားပြီး စားသောက်တဲ့ သူတွေရဲ့ ကွာဟမှုဟာ အဲဒီလို ဖြစ်ပါတယ်။ ဒါဟာ လေ့ကျင့်မှုပဲ ဖြစ်ပါတယ်။ ဘာလေ့ကျင့်ရမလဲ ဆိုတော့က Awareness of the presence of God လို့ခေါ်တဲ့ ဘုရားသခင်ကို အမြဲတမ်းမျက်မှောက်ပြုတတ်တဲ့ လေ့ကျင့်မှုတစ်ခုကို အလေ့အကျင့်ပြုခြင်းအားဖြင့် လူဟာ ဘုရားနဲ့ အဆက်အသွယ် လုပ်တဲ့ နေရာမှာ ပိုပြီးတဲ့ နောက် လွယ်ကူပြီးတဲ့ အကျင့်တစ်ခုလို ဖြစ်လာမယ်ဆိုလို့ ရှိရင် အင်မတန်မှ ကောင်းမွန်ပါတယ်။ ဒီအကြံကို ပေးခြင်းပဲ ဖြစ်ပါတယ်။ Spiritual indifference and deaf ears can block God's words for us. ၀ိညာဉ်ရေး နားလေးတဲ့ သူတွေဟာ ဘုရားရဲ့ နုတ်တော်ထွက်စကားကို ကြားနိုင်မှာ မဟုတ်ဘူး။ Those who hunger for God will be satisfied. ဘုရားကို ဆာငတ်တဲ့ သူတွေဟာ ပြည့်ဝစုံလင်ခြင်းကို ရရှိပါလိမ့်မယ်။

ဘုရားသခင် သင်တို့ တစ်ယောက်စီကို ကောင်းကြီးပေးပါစေ။

Add new comment

2 + 4 =

Please wait while the page is loading