နေ့စဉ်ဧဝံဂေလိတရားတော်

ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့...

   ကနေ့သခင်ယေဇူးက နောက်လိုက်များဖြစ်ချင်လို့ရှိရင် လိုအပ်ချက်တွေကို သခင်ယေဇူးက ပွင့်ပွင့်လင်းလင်းလေးနဲ့ ပြသသွားတာကို ကျွန်တော်တို့ တွေ့ရတယ်။ နောက်ပြီးတော့လည်းပဲ သံမာတေဦး ခန်းကြီး ၆၊ ခန်းငယ် ၂၆ ကနေ ၂၈ မှာလည်းပဲ ဘာပြောထားသလဲဆိုတော့ တိရိစ္ဆာန်များတွေ တောင်မှပဲ မိမိတို့ရဲ့ ဘ၀ရှင်သန်ရေးအတွက် မိမိတို့ရဲ့ သားသမီးများအတွက်လိုအပ်တဲ့ အရောတွေကို ဘုရားသခင်က စီစဉ်ထားပေးတယ်ဆိုတာ သိရတယ်။ ဥပမာအားဖြင့် ငှက်တွေမှာလည်းပဲ မိမိတို့နေဖို့အသိုက်ဖြစ်အောင်လုပ်တတ်ဖို့အတွက် ငှက်ဥတွေ အောက်မကျရအောင် ငှက်ကလေးတွေ ပေါက်လာရင် အောက်ပြုတ်မကျရအောင် နေဖို့ ငှက်တွေလည်း စားဖို့သောက်ဖို့ စသည်ဖြင့် သူတို့လိုအပ်သောအရာကို လုပ်ဆောင်နိုင်ဖို့အတွက် ဘုရားသခင်ဟာ လိုလေသေးမရှိ သူတို့ကို အရည်အချင်းရော လိုအပ်ချက်များတွေရောပေးထားတယ်။ မြေခွေးတွေလည်းပဲ ဒီအတိုင်းပဲ တခြားတိရိစ္ဆာန်တွေရန်ကနေကာကွယ်ဖို့အတွက် မိမိတို့ ဟိုးမြေအောက်တူးတဲ့ ကိစ္စတွေရော မိမိတို့စားဖို့ကိစ္စတွေရောအာလုံးဟာလည်းပဲ သူတို့ကို အသိ ဘုရားသခင်ပေးထားသလို လိုအပ်တဲ့အရာတွေကိုလည်းပဲ ဘုရားသခင်စီစဉ်ပေးထားတာတွေ့ရတယ်။ ဒါဘုရားသခင်ပေးထားတဲ့ အရာတွေ ဖြစ်ပါတယ်လို့။ ဆိုတော့က တိရိစ္ဆာန်တွေမှာ ဘေးအန္တာရာယ်အကာအကွယ်ရဖို့အတွက် အနံ့ခံတတ်တဲ့ ကိရိယာ ရန်သူရဲ့ အနံ့ကို ခံတတ်အောင် အဝေးကနေ အနံ့ရနိုင်တဲ့ စွမ်းအင်တစ်မျိုးလေးကိုလည်းပဲ တိရိစ္ဆာန်မှာ လူတွေနဲ့ ထူးခြားတဲ့ အရည်အချင်းလေး အရည်အသွေးလေးတစ်ခုကို ဘုရားသခင်က တတ်ဆင်ထားပေးတာကိုလည်း သိရတယ်။ ဒါတွေကို ကြည့်လို့ရှိရင် ဘုရားသခင်ဟာ သူဖန်ဆင်းထားတဲ့ အရာတွေအားလုံးကို စဉ်ဆက်မပြတ် ကြည့်ရှုတယ် စောက်ရှောက်တယ် ကာကွယ်တယ်။ လိုအပ်တာများကို ဖန်တီး ပေးတယ်ဆိုတာကို ကျွန်တော်တို့တွေ့ရပါတယ်။ တိရိစ္ဆာန်တွေကို စောက်ရှောက်ကြည့်ရှုတာနဲ့ လူတွေကို စောက်ရှောက်ကြည့်ရှုတဲ့ ပုံစံကတော့ ကွာဟမှု ရှိတယ်ပေါ့လေ။ တိရိစ္ဆာန်မှာကျတော့က ရုပ်ပိုင်းဆိုင်ရာ အကာအကွယ်ပေးဖို့ အသိုက်တို့ တွင်းတို့ နေရာထိုင်ခင်းတို့ လိုတယ်။ အစားအစာဆိုလည်းပဲ လိုအပ်ရင် လိုအပ်တဲ့ ပုံစံနဲ့ ဘုရားသခင်က စီစဉ်ထားပေးတယ်။ ဒါလိုအပ်တဲ့ ဟာကိုး တိရိစ္ဆာန်တွေအတွက် သို့သော်လည်းပဲ တိရိစ္ဆာန်ရဲ့ လိုအပ်ချက်နဲ့ လူရဲ့ လိုအပ်ချက်ဟာ မတူတာလေးတွေ ရှိတယ်။ လူတွေမှာတော့ ဒါတွေဟာ တိရိစ္ဆာန်တွေရဲ့ လိုအပ်ချက်တွေမှာ လူတွေအတွက်ဟာ အဓိက မဟုတ်ဘူး။ ဒုတိယအဓိက နေရာလောက်မှာပဲ ရှိတယ်။ လူတွေရဲ့ လုံခြုံမှုနဲ့ လူတွေရဲ့ လိုအပ်မှုအားလုံးဟာ သခင်ယေဇူးစီမှာ အားလုံးရှိပြီးသားဖြစ်တယ်။ ဒါကြောင့်မို့လို့ သခင်ယေဇူးကို ပိုင်ဆိုင်ထားလို့ရှိရင် လူတစ်ယောက်ရဲ့ ဘ၀ဟာပြီးပြည့်စုံပြီဆိုတာကိုတော့ ကျွန်ုပ်တို့လူသားတွေ သိထားကြရမှာ ဖြစ်ပါတယ်။ သခင်ယေဇူးကို ပိုင်ဆိုင်ထားလို့ရှိရင် တိုက်တာအဆောက်အဦးအရေးမကြီးတော့ဘူး။ သူ့စီမှာ ရှိတယ်။ သူ့ရဲ့ ရင်ခွင်ဟာ တိုက်တာအဆောက်အဦးထက် ပိုလုံခြုံတယ် အေးမြတ်တယ်။ စားကောင်း သောက်ဖွယ်ဆိုတာလည်းပဲ ရှာဖွေစားသောက်စရာ ပင်ပင်ပန်းပန်းကြီးမလိုဘူး။ သူ့စီမှာ သူ့စီမှာရှိတာအားလုံးရှိတယ်။ တနည်းအားဖြင့် ကျွန်တော်တို့ နှိုင်းယှဉ်ပြောရမယ် ဆိုလို့ရှိရင် ရေခဲ သေတ္တာတစ်လုံးကို ပိုင်ဆိုင်ထားတဲ့ သူလိုပေါ့လေ။ အဲဒီရေခဲ သေတ္တာထဲမှာ အစားအသောက် အစုံအစိ ထည့်ထားတဲ့ သူတစ်ယောက်ဟာ မိမိစားချင်လို့ရှိရင် ရေခဲသေတ္တာကို ဖွင့်ပြီးတဲ့နောက် စားချင်တဲ့ ဟာ ထုတ်ယူစားလိုက်ဖို့ပဲ ရှိတယ်။ ဒါကြောင့် အရာအားလုံ ပြည့်ပြည့်စုံစုံရှိနေတဲ့ သခင်ယေဇူးကို ပိုင်ဆိုင်နိုင်ဖို့ သို့တည်းမဟုတ် သူနဲ့ တစ်လုံးတစ်ဝတည်းဖြစ်နေဖို့သည်သာလျှင် ကျွန်တော်တို့မှာ အရေးကြီးတယ်။

  သို့သော် ဒီအတွေးဟာဖြင့်ရင်လည်းပဲ ယုံကြည်ခြင်းနဲ့ ဆက်နွယ်တဲ့ အသိလေးတစ်ခုပဲ ဖြစ်ပါတယ်။ ယုံကြည်ခြင်းမရှိလို့ကတော့ ကျွန်တော်တို့လိုပဲ ပူပင်သောကတော့ ရောက်နေအုံးမှာပဲ။ စားစရာကိစ္စတွေ ၀တ်စရာကိစ္စတွေ ပိုက်စံငွေကြေး ကိစ္စတွေ နေစရာမရှိဘူးလား ဘာညာ ပူစရာတွေးနေအုံးမှာပဲ။ ဘုရားသခင်ကို ပိုင်ဆိုင်ဖို့သည်သာ အရေးကြီးတယ်။ ဘုရားသခင်စီမှာသာလျှင် အားလုံးဟာ ပြီးပြည့်စုံပြီးသား ဖြစ်တယ်။ ဒါ့ကြောင့် ရဟန္တာ ပြောသွားသလိုပေါ့ သခင်ယေဇူးကို ငါပိုင်ရင် အားလုံးကို ငါပိုင်ပြီး။ သခင်ယေဇူးကို ဆုံးရှုံးရင် အားလုံးကို ဆုံးရှုံးပြီးလို့ပြောတဲ့ သူတော်စင်လိုပေါ့။ တကယ့်သူ့ရဲ့ အတွေးဟာ ၀ိညာဉ်ရေးမှာ အင်မတန်မှ နက်ရှိုင်းတဲ့ သူ့ရဲ့ အတွေး တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့တတွေ ရလိုချင်မှုတွေ မတင်းတိမ်မှုတွေ ဖြစ်ေ်နကြရတာဟာ သခင်ယေဇူးကို ပိုင်ဆိုင်ထားရတာ နည်းနေလို့ပဲ ဖြစ်ပါတယ်။ နည်းသေးတဲ့ အခါကျတော့က ခုနက ဒီပူလောင်မှုတွေ ပိုင်ဆိုင်ချင်တဲ့ စိတ်တွေ စိုးရိမ်ကြောက်ရွံ့မှုတွေ ဒါတွေဟာ လွှမ်းမိုးလာတဲ့ အခါကျေတာ့ ဒါတွေကို ပြီးပြည့်စုံအောင် လုပ်ရင်းကိုင်ရင်နဲ့ လူအချင်းချင်း ပရိပက္ခတွေ ဖြစ်ကြတယ်။ နိုင်ငံအချင်းချင်း ပရိပက္ခတွေ ဖြစ်ကြတယ်။ သတ်ပုတ်ကြတယ်၊ မုန်းကြတယ် စသည်ဖြင့် ဒါတွေအားလုံး ဖြစ်တည်သွားတာပေါ့။ အကယ်၍များ ကျွန်ုပ်တို့ သခင်ယေဇူးကို ပိုင်ဆိုင်ထားခြင်းသည်သာလျှင် အဓိက အရေးကြီးပါတယ်လို့ ကျွန်တော်တို့ အားလုံး အဲသလို စိတ်ထားနိုင်ကြမယ်ဆိုလို့ရှိရင် လောကကြီးဟာ အင်မတန်ငြိမ်းချမ်းတဲ့ နေရာကြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်ခဏခဏပြောသလို ပိုက်စံတွေ ငွေကြေးတွေ ရသင့်ရထိုက် တဲ့ သူတွေဟာ ဘယ်သူလဲဆိုတော့က ပိုက်စံငွေကြေးမလိုချင်တဲ့ သူတွေပဲ ရကြတယ်။ အဲဒီစကားလေးတော့ နည်းနည်း စဉ်းစားကြရမှာပေါ့လေ။ ပိုက်စံ ရသင့် ရထိုက်တဲ့သူ ပိုက်စံ ပိုင်ဆိုင်သင့်တဲ့သူဟာ ဘယ်သူလဲဆိုတော့ ပိုက်စံမလိုချင်တဲ့ သူပဲ ဖြစ်ရမယ်၊ ဖြစ်မယ်ပေါ့။ အဲလို အတွေးလေးတော့ ရှိတယ်။ ဒါ့ကြောင့် ယနေ့ကျမ်းစာမှာပြောထားသလို ထွန်တုံကို ကိုင်ပြီးတဲ့နောက် နောက်မလှည့်ကြည့်ဖို့ သတိထားကြဖို့အတွက် ကျွန်တော်တို့ကို ပြောထားပါတယ်။ အဖေကို သင်္ဂြိုလ်ပြီးမှ လိုက်မှာတို့၊ မိသားစုကို ပြန်နုတ်ဆက်ပြီးမှ လိုက်မှာတို့ ဒါဒါဒါ လုပ်ပြီးမှ လိုက်မှာတို့ စသည်ဖြင့် သခင်ယေဇူးနောက်ကို မလိုက်ခင်မှာ တခြားဟာတွေ အရင်ပြီးစီးအောင်လုပ်ပြီးမှ လိုက်မှာတို့ ဆိုတဲ့ အပိုင်းတွေဟာ ဒါကတော့ သဘာဝမကျဘူးပေါ့လေ။ နောက်လိုက်ချင်တဲ့ စိတ်မပြည့်စုံဘူးပေါ့လေ။

   ဒါဆိုလို့ရှိရင် ဘယ်လိုစကားနဲ့ ပြန်သုံးထားသလဲဆိုလို့ရှိရင် မထိုက်တန်ဘူးဆိုတဲ့ ကိုယ်တော်ရှင်က အဲဒီစကားနဲ့ ပြန်သုံးထားတယ်။ ကောင်းကင်နိုင်ငံနဲ့ မထိုက်တန်ဘူးလို့တောင်မှပဲ ပြောထားတာရှိတယ်။ ဒီနေရာမှာ ထိုက်တန်တယ် မထိုက်တန်ဘူးဆိုတာ ဘာကိုဆိုလိုတာလည်းဆိုတာ ကျွန်တော်တို့ တိတ်ဆိတ်စွာ ခဏလေးစဉ်းစားစေချင်တယ်။ ထိုက်တန်တယ် မထိုင်တန်ဘူး ငါသည် ထိုက်တန်ပြီလား၊ မထိုင်တန်သေးဘူးလားဆိုတဲ့ ဟာလေးကို ကျွန်ုပ်တို့ကိုယ်ကျွန်ုပ်တို့ ပြန်သုံးသပ်စဉ်းစားဖို့ အချိန်လေးတော့ ယူပြီး တိတ်ဆိတ်စွာပြုစေချင်တယ်ပေါ့လေ ဒီသြ၀ါဒပြီးလို့ရှိရင်။ ထားပါတော့ ဥပမာအားဖြင့် ကျွန်တော်တို့ပြောကြမယ်၊ ၀က်တွေရှေ့မှာ ပုလဲလုံးထားတာ သို့တည်းမဟုတ် ၀က်တွေရဲ့ လည်ပင်းပေါ်မှာ ပုလဲလုံးလေးတွေသွားဆွဲထားတာ ထိုက်တန်သလား မထိုင်တန်သလားပေါ့။ ဒါဟာလည်းပဲ ကျွန်တော်တို့တွေးရင် သိပါတယ်။ ကျွန်ုပ်တို့တတွေ သခင်ယေဇူးကို ထိုက်ထိုက်တန်တန် ပိုင်ဆိုင်နိုင်ဖို့ ဘာတွေ ပြင်ဆင်ရမှာလဲ သံပေါလူးပြောထားတာ ရှိပါတယ်။ ကျွန်ုပ်တို့ဟာ ဘုရားသခင်ရဲ့ ခန္တာကိုယ်အစိတ်အပိုင်းဖြစ်တယ်။ ကျွန်တော်တို့ စည်းလုံးရမှာပေါ့။ လက်သည် လက်အလုပ်၊ ခြေထောက်သည် ခြေထောက်အလုပ် မျက်စိသည် မျက်စိအလုပ် ထိုနည်းတူစွာပဲ စည်းလုံရုံနဲ့ မပြီးသေးဘူး သန့်ရှင်းဖို့လည်းလိုသေးတယ်။ ကျွန်ုပ်တို့လက်သည် ဘုရားလက်ကဲ့သို့ ဖြူစင်နေပြီးလား၊ ပါးစပ်သည် ဘုရားကဲ့သို့ ဖြစ်စင်နေပြီလား၊ ကျွန်ုပ်တို့ရဲ့ ဦးနှောက်သည် စိတ်သည် ဘုရားစိတ်ကဲ့သို့ ဖြူစင်နေပြီလား။ ကျွန်ုပ်တို့ရဲ့ နှလုံးသားသည် ဘုရားရဲ့ နှလုံးသားကဲ့သို့ ဖြူစင်နေပြီလား။ အဲဒီဖြူစင်တဲ့အပေါ်မှာသာလျှင် ဘုရားကို ကျွန်ုပ်တို့ ထုပ်ထားလို့ ရမယ်။ ကျွန်ုပ်တို့ လက်ကိုင်ပုဝါအဖြူထဲမှာ ခွေးချေး ဘဲချေး ကြက်ချေးတွေ သွားထုတ်လို့တော့ အဆင်မပြေလောက်ဘူး။ ဖြူစင်တဲ့ လက်ကိုင်ပ၀ါအထဲမှာ ကျွန်ုပ်တို့ ကောင်းမွန်သန့်ရှင်းတဲ့ အရာတွေကို ထုတ်ထားရတာ။ စိန်ကို ထုပ်ထားမယ်၊ ကျောက်သံ ပတ္တပြားကို ထုပ်ထားမယ်။ နီလာကို ထုတ်ထားမယ်။ ကျောက်စိမ်းကို ထုပ်ထားမယ် ဖြူစင်တဲ့ အ၀တ်တွေနဲ့ ဂွမ်းနဲ့ စသည်ဖြင့် သူ့ဟာနဲ့ သူထိုက်တန်ရင် ထိုက်တန်တဲ့ အနေအထားလေးမှာထားတယ်။ သို့သော် ကျွန်တော်တို့ကကော ကိုယ်ခံယူထားတဲ့ ဘုရားသခင်ရဲ့ သားသမီးဘ၀နဲ့ ဘုရားသခင်ရဲ့ ကိုယ်စား ကိုယ်ပွားဆိုတဲ့ ဘ၀လေးနဲ့ ကျွန်တော်တို့ ရရှိထားတဲ့ နာမည်နဲ့ ၀တ်ဆင်ထားတဲ့ ၀တ်စာ်းဆင်ယင်မှုတွေနဲ့ ကျွန်ုပ်တို့ ရှင်သန်နေသော အသက်တာနဲ့ ထိုက်တန်၏ မထိုက်တန်၏ ဆိုတာလည်းပဲ ကျွန်ုပ်တို့ကိုယ် ကျွန်ုပ်တို့ ပြန်လည်သုံးသပ်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းကလည်းကြားဖူးပါတယ်။ အခုလည်းကြားဖူးပါတယ်။ မထိုက်တန်ပဲ ရယူထားလို့ရှိရင် ငရဲကြီးတယ်လို့ပြောတယ်။ ငရဲကြီးမှာပေါ့။ မိဘနေရာ မဟုတ်ပဲနဲ့ မိဘနေရာ မှာ သွားနေတာတို့ အဘိုးအဘွားနေရာမဟုတ်ပဲနဲ့ အဘိုးအဘွားနေရာတက်နေတာတို့ မထိုက်တန်ပဲ နဲ့ ရယူတာတို့ဆိုတာ ငရဲ ကြီးတယ်ဆိုတာ သဘောသဘာဝကအဲလို ဖြစ်တယ်။ သည့်အတွက်ကြောင့် မြင့်တဲ့နေရာတစ်ခုကို ရောက်လို့ရှိရင် ထိုက်တန်ဖို့ ကျင့်ရမယ်၊ ထိုင်တန်အောင်နေရမယ်။ ထိုက်တန်အောင် ကျင့်ရမယ်ဆိုတဲ့ အပိုင်လေးတွေ ရှိတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ တတွေ ထိုက်တန်တယ်ဆိုတဲ့ စကားနဲ့ ကျွန်တော်တို့ဘ၀နဲ့ ဘယ်လောက်အတိုင်းအတာအထိ ဘယ်လောက်ကွာဟမှု ရှိသလဲ နီးစပ်မှုရှိသလဲ ဆိုတာကို သုံးသပ်စဉ်းစားစေချင်ပါတယ်။ သခင်ယေဇူးရဲ့ သားသမီး သခင်ယေဇူးရဲ့ ကိုယ်စားကိုယ်ပွားလို့ ဆိုကြတဲ့ ကျွန်တော်တို့တတွေ ထိုက်တန်ဖို့ ကျွန်တော်တို့တတွေ ကြိုးစားကြရအောင်လို့ တိုက်တွန်းရင်းနဲ့ အားလုံးကို ဘုရားသခင်ကောင်းကြီးပေးပါစေ။

Add new comment

7 + 7 =

Please wait while the page is loading