နေ့စဉ်ဧဝံဂေလိတရားတော်

ချစ်လှစွာသောညီအစ်ကို မောင်နှမအပေါင်းတို့…

   သံဖရန်စစ်အစီစီရဲ့ ထူးခြားချက်လေးကို အရင်ဆုံး ကြည့်ကြရအောင် စိန်ဖရန်စစ် အစီစီဟာ ချမ်းသာကြွယ်ဝတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ နောက်ကျမှပဲ မိမိရဲ့ ချမ်းသာကြွှယ်ဝခြင်းကို စွန့်လိုက်ပါတယ်။ ဒါဟာ စိန်ဖရန်စစ်အစီစီ ရဲ့ အတ္ထုအပ္ပတ္တိကို ကြည့်ဖူးတဲ့သူတွေ သိမှာဖြစ်ပါတယ်။ သူတော်စင်ဘောင်လို့ ၀င်ဖို့ စိတ်ဆန္ဒဆုံးဖြတ်ပြီးတဲ့အခါမှာ မိဘတွေရဲ့ သဘောမတူချက်ဖြစ်လာတဲ့အခါကျတော့ သူ့ရဲ့ မိဘတွေသူ့အပေါ်မှာ ဆင်ထားတဲ့ အ၀တ်တွေ လက်ဝတ်ရတနာတွေအားလုံးကို ချွတ်ပြီးတဲ့ နောက် ကိုယ်လုံးတီးနဲ့ ထွက်သွားတယ်ဆိုတဲ့သဘော အဲလောက်အထိတောင် ကျွန်တော်တို့ ကြားဖူးပါတယ်။ အားလုံးချမ်းသာခြင်းတွေကို သူ့နောက်မှာ တစ်စက်မှ ကပ်ပါမသွားမိအောင် ချွတ်ထားခဲ့တယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ ချမ်းသာခြင်းရဲ့ အန္တရာယ်ကို သူသိပြီးတဲ့နောက် ဆင်းရဲခြင်းရဲ့တန်ဖိုးကို နားလည်တဲ့အခါကျတော့ သူက အားလုံးကို စွန့်ပြီး မိမိရဲ့ ဆန္ဒအတိုင်း မိမိရဲ့ ဘ၀ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဆင်းရဲခြင်းဘ၀ကို ရွေးချယ်တာမကသေးဘူး ဒါထက်နှိမ့်ကျတဲ့ ဘ၀ကိုလည်းပဲ ထပ်ဆင့်ပြီးရွေးချယ်တာတွေ့ရတယ်။ သူတောင်းစားဘ၀လို့လည်း ပြောရမှာပေါ့ ရှင်သန်ခဲ့တယ်။ တောင်းစားတယ် ပေါ့လေ။ အထူးသဖြင် ဥပမာအားဖြင့် စိန်ပီတယ် ရောမားကို ရောက်တဲ့ အခါကျတော့ စိန်ပီတယ် ဘာစီလီကာ ဘုရားကျောင်းကြီးကို ဆောက်တဲ့အခါကျတော့ အလှူမရှိ၊ ပိုက်စံမလောက်ဆိုတဲ့အခါကျတော့ ခွက်တစ်လုံးကို ကိုင်ပြီး ဘုရားကျောင်းဆောက်ဖို့ တစ်အိမ်တက် တစ်အိမ်ဆင်း ပိုက်စံလျှောက်တောင်းတယ် ဆိုတာကို ကျွန်တော်တို့ သိရပါတယ်။ ဒါဟာ ဘုရားသခင်ရဲ့အိမ်တော်ကို ပေါ့လေ ဘယ်လောက်အထိ ဖြစ်စေချင်သလဲ သူဟာ မရှက်မကြောက်ပဲနဲ့ ဘုရားနေဖို့အိမ်တော်ကို သူကိုယ်တိုင် တစ်အိမ်တက် တစ်အိမ်ဆင်း ခွက်ကလေးနဲ့ လိုက်တောင်းပါတယ်။ ကနေ့ ကျွန်တော်တို့တတွေ ခွက်ကလေးနဲ့ တောင်းတဲ့ အစဉ်အလာတောင်မှပဲ ပျောက်လုနီးပါးဖြစ်ပါတယ်။ ဘာတွေက အစားထိုးဝင်လာသလဲဆိုတော့က ပရိုဂျက်လျှောက်မယ် ပရိုချက်လျှောက်မယ ဆိုတာလေးတွေက ၀င်လာတယ်ပေါ့လေ။ ဆိုလိုတာကတော့ သိပ်ပြီးတော့ ကိုယ်ကိုယ်တိုင် အပင်ပန်းခံ၊ဆင်းရဲခံ၊ နှိမ့်ချခံပြီးတဲ့နောက် တစ်မှူးတစ်ပဲလေးရရင်မဆိုးဘူး လိုက်တောင်းအုံးမှပဲဆိုတဲ့ အနေအထားအထိ ကျွန်တော်တို့ အာရုံက မလာတော့တဲ့ အပိုင်းလေးတွေလဲ ဖြစ်တာကို ကျွန်တော်တို့ စိန်ဖရစစ် အစီစီကို ပြန်သတိရဖို့ကောင်းတဲ့ အချက်လေးဖြစ်ပါတယ်လို့။ နောက်ထူးခြားချက်တစ်ချက်ကဘာလည်းဆိုတော့ သူက စကားတော့ သိပ်အပြောစားကြီးတော့ မဟုတ်ဘူး စကားနဲ့ တရားဟောတာ မရှိဘူးလို့ ပြောတယ်။ ဟောတော့ ဟောတာပေါ့လေ။ များသောအားဖြင့် သူတရားဟောပုံ ဟောနည်းက စကားထက်စာလို့ရှိရင် သူ့ရဲ့ အကျင့်အနေအထိုင်နဲ့ တရားဟောတယ်တဲ့။ ဒါ့ကြောင့် ကျွန်တော်တို့ နဲ့ ရင်းနှီးတဲ့ ဖြစ်စဉ်လေး ကြားဖူးမှာပါ။ သူ့ရဲ့တပည့်တွေကို ခေါ်ပြီးတဲ့နောက် အားလုံးရွာရိုးလျှောက်ခိုင်းတယ်။ မျက်မှောင်လေး ကုတ်ပြီးတဲ့နောက် ကျောင်းကနေ ရွာဖျားထိလျှောက် လျှောက်ပြီးတဲ့နောက် ပြန်လာတယ်။ မသွားးခင်လေးမှာ တို့တရားသွားဟောရအောင်ဆိုပြီးတဲ့နောက် သူ့ရဲ့ အဖော်သားတွေကို ခေါ်သွားတယ်။ အဲဒါနဲ့ ကျောင်းကနေ ထွက်သွားပြီးတော့ မှန်မှန်လေး တစ်လှမ်းခြင်း မျက်မှောင်လေး အောက်ချပြီးတဲ့နောက် လျှောက်သွားတယ် ရွာထိတ်အထိ။ နောက်တော့ ရွာထိပ်ကနေ ပြန်လာကျောင်းထဲအထိ သူပြောတယ် တို့တရားဟောပြီးသွားပြီ လို့ပြောလိုက်တယ်။ အဲဒါနဲ့ သူ့ရဲ့ နောက်လိုက်တွေက ကိုယ်တော့ ဘယ်တုန်းက စကားပြော တရားဟောလိုက်လို့လဲ။ မဟုတ်ဘူးလေ တို့ရဲ့ လမ်းလျှောက်ပုံ လမ်းလျှောက်နည်း သွားတာ လာတာတည်းက တရားဟောပြီးသွားပြီ။ သူများတွေ ဒါတွေကို မြင်တွေ့ကတည်းက တရားပေါက်သွားပြီ တစ်ချို့တွေပေါ့လေ။ အင်မတန်မှ အရေးကြီးတဲ့ သင်ခန်းစာ သံဖရန်စစ် အစီစီပြသွားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့တတွေလည်းပဲ အဲဒါတွေကိုတော့ အများကြီးကို သိရမှာ သတိရ ရမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အပြုအမူဟာ ပိုပြီးတဲ့နောက် အသံကျယ်တယ်ဆိုတာ။ ကိုယ့်ရဲ့ အနေအထိုင် ကိုယ့်ရဲ့ အ၀တ်အစား အသောက်အစား အကျင့် အကြံတွေဟာ ပိုပြီးတဲ့နောက် စကားပြောတာထက်အသံကျယ်တယ်။ သူများပိုကြားတယ်ဆိုတဲ့ အနေအထားလေးတစ်ခုကို ကျွန်တော်တို့ လေးလေးနက်နက် သိရှိထားဖို့လိုပါတယ်လို့။ ကနေ့ကမ္ဘာကြီးကို ကြည့်လိုက်တဲ့အခါကျလို့ရှိရင် အနောက်နိုင်ငံမှာရော မြန်မာပြည်မှာရော အလှူဒါနတွေ နည်းပါးသွားကြပြီဆိုတာတော့ ကျိန်းသေ သိကြတယ်။ အနောက်နိုင်ငံမှာလည်းပဲ လူတွေက အသင်းတော်ကို မလှူကြတော့ဘူး။ မပေးကမ်းကြတော့ဘူး။ ပြည်တွင်းမှာလည်းဒီအတိုင်းပဲ ဘာကြောင့်လည်းလို့ အကြောင်းတစ်ခုကို စဉ်းစားလို့ရှိရင် အကြောင်းတစ်ခုကို စဉ်းစားလို့ရှိရင် အကြောင်းကို အားလုံးသိကြမှာပါ။ ဒါ့ကြောင့် ကျွန်တော်တို့တတွေ တကယ့်ကို ကျင့်တဲ့ ပုဂ္ဂိုလ်တွေ တကယ့်ကို သခင်ယေဇူးနောက်လိုက်ပီသစွာဖြင့် နေထိုင်ကျင့်ကြံတဲ့ သူများဖြစ်တယ်ဆိုတာကို မြင်သာထင်သာအောင် ကျွန်တော်တို့ ပြသနိုင်ဖို့ မရှိတော့လို့ ရှိရင် ဒါမှ မဟုတ်လို့ရှိရင် ကျွန်ုပ်တို့စီကနေပြီးတဲ့နောက် မကောင်းတဲ့ အနံ့အသက်တွေထွက်တာများလို့ရှိရင် သူများတွေလည်း စေတနာစိတ်တွေဟာ ပျောက်ကွယ် ဆိတ်သုန်းသွားမှာ ဖြစ်တယ်။ ဒါ့ကြောင့် ဒီကနေ့ သံဖရစ်စစ် အစီစီ ရဲ့ ပွဲနေ့ အဲဒါ အင်မတန်မှ ထောက်ရှုလို့ကောင်းတဲ့ ပွဲနေ့ ဖြစ်ပါတယ်လို့။

နောက်တစ်ချက်က ဘာလဲဆိုတော့က ဘုရားသခင်ဖန်ဆင်းထားတဲ့ ငှက်တွေ သတ္တ၀ါတွေကို သူတန်ဖိုးထားတယ် ဆိုတဲ့အကြောင်း ဘုရားသခင်ဖန်ဆင်းထားတဲ့ သဘောဝတွေနဲ့ ရင်းရင်းနှီးနှီး နေတတ်ပြီးတဲ့နောက် အခုခေတ်အခေါ်အရဆိုလို့ရှိရင် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းပေါ့လေ ဒါကို အထူးဂရုစိုက်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ပါတယ်။ လူတွေကတော့ အခုမှ ပြောတာ။ စိန်ဖရစ်စစ် အစီစီက ပတ်ဝန်းကျင်ထိန်းသိမ်းခဲ့တာ ဟိုးသူ့ခေတ်သူ့အချိန်အခါကတည်းက ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ ဘုရားသခင်ကို အမြဲတမ်းကျေးဇူးတင် ချီးမွမ်းတဲ့အလေ့အကျင့် သူ့မှာရှိတယ်။ ဘုရားသခင်ကို ချီးမွမ်းတယ်၊ သီချင်းဆိုတယ်။ အဲဒါ သံဖရန်စစ် အစီစီက အဲသလိုရှိတယ်။ သဘာဝပတ်ဝန်းကျင်ကို ထောက်ရှုပြီးတဲ့နောက် တောတောင် ရေမြေကို ထောက်ရှုပြီးတဲ့နောက် ဘုရားသခင်ကို အမြဲတမ်းကျေးဇူးတင် ချီးမွမ်းတဲ့ သူတစ်ယောက် ဖြစ်တယ်။

နောက်တစ်ခုကဘာလဲဆိုတော့ သူ့ရဲ့တရားကို လူတွေသာမကပဲနဲ့ ငှက်တွေ တိရိစ္ဆာန်တွေတောင်မှ သူ့ရဲ့တရားတွေကို လာရောက်နာကြားကြတယ်လို့ ဆိုပါတယ်။ အဲဒီအကြောင်းတွေကို သိတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ တရားတွေလည်းပဲ လူတွေမက တိရိစ္ဆာန် ငှက်တွေပါ လာနာကြားနိုင်ဖို့အတွက် ကျွန်တော်တို့ ဘာလုပ်ကြရမလဲ။ ဒါဟာ တရားဟောကောင်းတာနဲ့တော့ ဆိုင်တော့ ဆိုင်တယ်ပေါ့လေ။ တရားဟောကောင်းတာလဲ လိုမယ်။ ကိုယ့်တကယ်တမ်း ၀ိညာဉ်ရေးအားကောင်းပြီးတဲ့နောက် ကျင့်စဉ်အားကောင်းလို့ရှိရင်တော့က လူတွေလည်းလာမယ် တိရိစ္ဆာန်တွေလည်းလာမယ်ပေါ့။ ကျင့်စဉ်ဟာ အင်မတန်အရေးကြီးတယ်။ အကျင့်သီလ ပါရမီဆိုတာအရေးကြီးပါတယ်။ ဒါဟာ ၀ိညာဉ်အားကောင်းလို့ပဲ ဖြစ်ပါတယ်။ သံဖရန်စစ်အစီစီ။ ၀ိညာဉ်အားကောင်းတဲ့သူဟာ  အမြဲတမ်း ၀ိညာဉ်ဟာ ရွှင်လန်းနေတယ်လို့ သိရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သံပေါလူး ကျမ်းစာမှာ ရေးထားတာတွေ့ရပါတယ်။ ဘာတွေ့ရသလဲဆိုတော့ ၀ိညာဉ်တော်ရဲ့ ကျေးဇူးတော်သည် ၀မ်းမြောက်ခြင်း ပျော်ရွှင်ခြင်းကို ဖြစ်ပေါ်စေတဲ့ဟာ ဖြစ်တယ်။ ဒါဟာ ၀ိညာဉ်တော်နဲ့ ပေါင်းစပ်တဲ့သူ နီးစပ်တဲ့သူဟာ အမြဲတမ်း ရွှင်လန်းတယ် ၀မ်းမြောက်တယ် အားရပျော်ရွင်မှုရှိတယ်ဆိုတာ ပြောထားတာလေးရှိတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ကိုယ်ကိုယ် ကျွန်တော်တို့ တခါတခါ ချိန်ကြည့်တာပေါ့။ တခါတလေကျတော့ လူဟာ မျက်မှောင်လေး ကျုတ်ပြီးတဲ့နောက် ညီးညူ ပြီးတဲ့နောက် စိတ်ညစ်နေပြီးတဲ့နောက် အဲသလိုမျိုးများလာပြီးတဲ့နောက် အော် ငါဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ကျေးဇူးတော် ငါ့စီကို သိပ်မရောက်သေးဘူးလို့ပဲ ထင်တယ် လို့ပဲ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ပြီးတဲ့နောက် သန့်ရှင်းသော ၀ိညာဉ်တော်နဲ့ ပေါင်းစပ်နိုင်ဖို့က ကိုယ်ကသန့်ရှင်းတဲ့ ၀ိညာဉ်တစ်ခု ပိုင်ဆိုင်ထားဖို့ကိုလည်း ကြီးစားရယူရမှာ ဖြစ်တယ်။ ဒါ့ကြောင့် လူတစ်ယောက်ဟာ သန့်ရှင်းလေလေ ၀ိညာဉ်တော်နဲ့ ပေါင်းစပ်လေလေ သူ့မှာ ဖြစ်စဉ်အားလုံးကို လက်ခံတတ်လေလေ ပျော်ရွှင် ၀မ်းမြောက်ခြင်း အသက်တာကို ရှင်သန်နိုင်လေလေ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ တစ်ယောက်စီအများကြီး ကြိုးစားကြရမှာပါ။ ကျွန်တော်ကိုယ်တိုင်လည်းပဲ အများကြီး ကြိုးစားရအုံးမှာ။ ပူပင်သောကတွေရှိတာ စိတ်ညစ်တာတို့ စသည်ဖြင့် စိတ်ထွေပြားတာတို့ စိတ်ဓာတ်ကျတာ စိတ်အားငယ်တာ စသည့်ဖြင့် ဒါအားလုံးဟာဖြင့်ရင် ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး။ ဒါဝိညာဉ်တော်နဲ့ ဝေးကွာနေတဲ့ အနေအထားလေးတစ်ခု ဖြစ်နေတယ်ဆိုတာကိုတော့ ကိုယ့်ကိုယ်ကို အသိလည်းပေးတယ်၊ သတိလည်း ရှိပါတယ်လို့။ ဒါကြောင့် ၀ိညာဉ်အားကောင်းလာအောင် ပါရမီတွေနဲ့ ပြည့်ဝလာအောင် ကျင့်စဉ်တွေ နက်ရှိုင်းလာအောင် ကြိုးစားနိုင်ကြပါစေလို့ သံဖရန်စစ်အစီစီမှ တဆင့် ဘုရားသခင်ထံ ကျွန်တော်တို့ ဆုတောင်းကြပါစို့လို့။

Add new comment

11 + 1 =

Please wait while the page is loading