နေ့စဉ်ဧ၀ံဂေလိတရားဒေသနာတော်

ချစ်လှစွာသော ညီအစ်ကို မောင်နှမအပေါင်းတို့...

   Public sinner (လူသိထင်ရှားအပြစ်သား) လို့ လူသိကြတဲ့ အခွန်ခံသူ မာတေဦး လူသိထင်ရှား အပြစ်သားဆိုပြီးတဲ့နောက် လူတွေသိကြတဲ့ အခွန်ခံသူ မာတေဦးကို သခင်ယေဇူးကနေပြီးတဲ့ နောက် သူ့နောက်ကို လိုက်ဖို့ ခေါ်လိုက်တာဟာ ဖာရီဇေဦးတွေအတွက် အံ့အားသင့်စရာ တစ်ခု ဖြစ်စေပါတယ်။ မာတေဦးဆိုတဲ့ အပြစ်သားလို့ အများက မြင်ကြတဲ့ သူကလည်း သခင်ယေဇူးကို ညစာကျွေးဖို့ ပြန်ပြီးတော့ ဖိတ်ခေါ်ပါတယ်။ ဒီဖြစ်စဉ်ကို မြင်တဲ့ ဒီဖာရေဇေဦးတွေဟာဖြင့်ရင် သခင်ယေဇူးကို အံ့သြခြင်းနဲ့ အတူ သခင်ယေဇူးအပေါ် နားမလည်နိုင်တာကိုလည်း တွေ့ရပါတယ်။ ဒီနေရာာမှာ သခင်ယေဇူးရော မာတေဦးရော လူသားတွေကို ပြသတဲ့ ကြီးမားတဲ့ သင်ခန်းစာတစ်ခု ကျွန်တော်တို့ တွေ့ရပါတယ်။ နှစ်ယောက်စလုံးပေါ့လေ..သခင်ယေဇူးရော မာတေဦးရော နှစ်ယောက်စလုံး ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှု အပြစ်တင်မှုတွေကို မကြောက်မရွံ့ပဲ သတ္တိရှိရှိ ကောင်းတဲ့ အရာတစ်ခုကို လုပ်ဆောင်းသွားကြတာကို ကျွန်တော်တို့တွေ့ရပါတယ်။ ကျွန်တော်တို့တတွေ တစ်ခါတလေကျလို့ရှိရင် လူအများက လူဆိုးလို့ မြင်ထားတဲ့ သူတွေနဲ့ စကားပြောဖို့ပဲ ဖြစ်စေ၊ အနားမှာသွားနေဖို့ပဲ ဖြစ်စေ၊ ရင်းနှီးတဲ့ ပုံစံပြဖို့ပဲ ဖြစ်စေ၊ ရှက်နေတတ်ကြပါတယ်၊ ကြောက်နေတတ်ကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့က ပတ်ဝန်းကျင်ပြောမှာ စိုးလို့၊ ပတ်ဝန်းကျင်ဝေဖန်မှာ စိုးလို့၊ ပတ်ဝန်းကျင်ကို ကြောက်လို့ ဆိုပြီးတဲ့ နောက် အဲဒီလို အပြစ်ရှိတဲ့ သူလို့ အများက သိထားတဲ့ သူတွေကို ကျွန်တော်တို့ကလည်း ခပ်ဝေးဝေးမှာ နေတတ်ကြတဲ့ သဘောမှာ ရှိတယ်။ ဒါဟာ အင်မတန်မှ လွဲမှားတဲ့ အတွေးနဲ့ အကျင့်ဖြစ်ပါတယ်။

   ကျွန်ုပ်တို့ရဲ့ ရှောင်ပြေးမှုတွေဟာဖြင့်ရင် ကျွန်ုပ်တို့ရဲ့ ရှောင်ရှားမှုတွေကြောင့် ရှောင်ပြေးမှုတွေကြောင့် လူကောင်းပြန်ဖြစ်ဖို့ အလားအလာ ကောင်းနေကြတဲ့ လူဆိုးတွေ ပိုပြီးတဲ့နောက် ဆိုးသည်ထက် ဆိုး  ဖြစ်သွားသော အနေအထားတွေကိုလည်းပဲ ကျွန်ုပ်တို့အားလုံး သိမြင်ကြတာ ဖြစ်ပါတယ်။ အထူးသခြင့် သူတော်စဉ်တွေ ပြောရမှာ ပေါ့လေ။ အထူးသဖြင့် သူတွေစင်တွေဖြစ်ကြတဲ့ သင်္ဃန်းဝတ်တွေ နာမည်ဆိုး ရှိနေတဲ့ သူတွေကို ရှောင်ချင်ကြတယ်။ အဲသလို ရှောင်ခြင်းအားဖြင့် အဲဒီပုဂ္ဂိုလ်တွေ နာမည်ဆိုးရှိနေတဲ့ လူတွေဟာ ဘုရားနဲ့ မနီးလာတော့ပဲနဲ့ ပိုးပြီးတဲ့ နောက် ဘုရားနဲ့ ဝေးသွားစေပါတယ်။ ဒါဟာ ကျွန်ုပ်တို့ ရှင်သန်ရမဲ့ အသက်တာ လုပ်ရမဲ့ သာသနာပြု လုပ်ငန်းဆိုတာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတဲ့ အနေအထားလေးတစ်ခု ဖြစ်ပါတယ်။ သခင်ယေဇူးရဲ့ ပြောတဲ့ စကားကို ကျွန်ုပ်တို့ ပြန်ကြားယောင်ကြည့်ပါ။ ဆေးသမား သို့တည်းမဟုတ် ဆရာဝန်ဟာဖြင့်ရင် ကျန်းမာတဲ့ သူတွေအတွက် မဟုတ်ဘူးတဲ့။ မကျန်းမာတဲ့ သူတွေအတွက် ဆိုတာ ကျွန်တော်တို့အားလုံး သတိရကြဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ကိုယ်ကို ကျွန်တော်တို့ ဆေးသမား၊ ဆရာဝန်တွေ၊ သာသနာပြုတွေ သူတော်စင်တွေ ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ ကျွန်တော်တို့ရဲ့ လုပ်ရမဲ့ အလုပ်သည် ဘာလဲဆိုတာကို ကျွန်တော်တို့ လေလေးနက်နက် စဉ်းစားပြီးတဲ့နောက် သုံးသပ် ကြဖို့တော့လိုလိမ့်မယ်။ သာသနာပြုခြင်းအလုပ်ကို ဆက်ကပ်ကြတဲ့ လူတွေလည်း ရောဂါသည်တွေကို မရှောင်ပဲ ရောဂါသည်တွေကို ရှာပြီးတဲ့နောက် ကုသဖို့အတွက် အဓိက ကျွန်တော်တို့ရဲ့ အလုပ်တာဝန်သာဖြစ်ပါတယ်။ ဒါဟာ ကျွန်ုပ်တို့ သတ္တိလိုတယ်ဆိုတာ အဲဒါပြောတာပါ။ ဆိုတော့ ဒီဝတ်ရုံကြီးကို ၀တ်တယ်၊ ဒီဝတ်စုံကြီးကို ၀တ်တယ်၊ ဒီဝတ်ရုံကြီးနဲ့ လိုက်ဖက်တဲ့ အလုပ်သည်ဘာလဲ။ ရောဂါသည်တွေကို ရှာပြီးတဲ့နောက် ကုသဖို့ဖြစ်တယ်။ ကျန်းမာတဲ့ သူတွေနဲ့ ပဲ မိမိရဲ့ အချိန်ကို သုံးဖို့မဟုတ်ဘူး။ ကျန်းမာတဲ့ သူတွေနဲ့ပဲ တရင်းတနှီးနဲ့ နေသွားဖို့မဟုတ်ဘူး။ ဘယ်သူတွေ ငါ့ရဲ့ သူတော်စင်ဘ၀မှာ မကျန်းမာတဲ့ သူတွေကို ကျန်းမာလာအောင် ဘယ်နှစ်ယောက် လုပ်ပြီးပြီလဲဆိုတာကို မှတ်ကျောက်တင်ရမဲ့ အလုပ်တစ်ခုဟာ သူတော်စင်တွေရဲ့ ဘ၀ဖြစ်ပါတယ်။

   သူတော်စင်ရယ်လို့လည်း မဟုတ်ဘူးပေါ့လေ။ အားလုံးသောသူတွေ၊ အားလုံးသော ဘာသာဝင်တွေဟာ ကိုယ့်ဘ၀သက်တာရဲ့ မှတ်ကျောက်တစ်ခု လောကမှာ တိုတောင်းတဲ့ အသက်တာတစ်ခုကို ရှင်သန်တဲ့အခါမှာ ကျန်ရစ်ခဲ့မဲ့ ကိုယ်သမိုင်းလေးဟာဖြစ်ရင် လူဘယ်နှစ်ယောက်ကို ဘုရားစီကို ငါခေါ်ဆောင်ပေးလို့ရသလဲ။ လူဘယ်နှစ်ယောက်ကို နတ်ဆိုးလက်ထဲကနေ စွဲထုတ်လို့ရသလဲ ဆိုတဲ့ ဒါကိုယ့်ရဲ့ သမိုင်းရေးထားရမဲ့ ကိုယ့်လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။ သခင်ယေဇူးဟာ သနားခြင်းကို လိုအပ်တဲ့ သူတွေအတွက် သနားခြင်းကို ပေးဖို့ လူ့အဖြစ်ကို ယူခြင်းဖြစ်တယ်လို့ သူကိုယ်တိုင်ပြောတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့တတွေ ဘုရားသခင် သနားတော်မူပါ၊ ခရစ္စူးသခင်သနားတော်မူပါဆိုတဲ့ စကားကို စိတ်ပါကိုယ်ပါနဲ့ သခင်ယေဇူးရဲ့ သနားခြင်းကို တကယ့်ကို ဆာငတ်တဲ့ ပုံစံနဲ့ ခံစားချက်နဲ့ အဲဒါကို ရွတ်ဆိုကြဖို့ တိုက်တွန်းချင်ပါတယ်။ ကျွန်တော်တို့လည်း သခင်ယေဇူးရဲ့ သနားခြင်းစိတ်ဓာတ်ကို သင်ယူပြီးတဲ့နောက် ရှင်သန်အောင်မွေးမြူ ပြီးတဲ့နောက် ကြီးထွားလာအောင် ရေလောင်းပြု ပြင်ကြဖို့လည်းပဲ တိုက်တွန်းချင်ပါတယ်။

   ကျွန်တော်တို့တတွေ ၀တ်ပြု ကိုးကွယ်ခြင်းနဲ့ ပတ်သက်ပြီးတဲ့ နောက် ငွေကြေးအကုန်အကျ များစွာခံပြီးတဲ့နောက် ၀တ်ပြု ကိုးကွယ်ခြင်းနဲ့ ပတ်သက်ပြီး အဆောက်အဦးတွေ ဆောက်တယ်၊ ပစ္စည်းတွေ အသုံးပြုတယ်၊ ဝေယျာဝစ္စတွေအတွက် ပိုက်စံအများကြီး အကုန်အကျ ခံပြီး သုံးသလို သနားခြင်းနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ အဆောက်အဦးတွေ ပညာပေးတာတွေ၊ စွန့်လွှတ် စွန့်ကျဲမှုတွေ ဂရုဏာ လုပ်ငန်းတွေ သနားခြင်းပေါ်အခြေခံပြီးတဲ့နောက် ကျွန်ုပ်တို့ လုပ်ဆောင်ဖို့ ဆိုတာကိုလည်းပဲ မမေ့ကြဖို့အတွက် ကျွန်ုပ်တို့အားလုံးသော နားသောတဆင်တဲ့ ပုဂ္ဂိုလ်တွေကို သတိပေးချင်ပါတယ်။ ကျွန်တော်တို့ ကက်သလစ် ဘာသာဝင်မှာ ယခင်ကဆိုလို့ရှိရင် ဘုရားသခင်ရဲ့ သနားခြင်းနဲ့ ကုသခြင်းကို သရုပ်ဖော်တဲ့ ဆေးရုံတွေ ဆေးခန်းတွေ သူနာပြုတွေ ဆရာဝန်တွေ ဆေးရုံဆေးခန်းအများကြီးဆောက်ခဲ့ သလို ဆရာဝန်သူနာပြုတွေလည်းပဲ အများကြီးပေါ်ထွန်းလာအောင် လုပ်ေ်ဆာင်ခဲ့ပါတယ်။ အနူဆေးရုံပဲ ဖြစ်စေ၊ အရိုးအကြောဆေးရုံပဲ ဖြစ်စေ၊ ဘယ်လိုဆေးရုံ မဆို သခင်ယေဇူးရဲ့ ကုသခြင်းကို သရုပ်ဖော်တဲ့ အနေနဲ့ ကက်သလစ်အသင်းတော်ရဲ့ သာသနာပြု လုပ်ငန်းမှာ ထည့်သွင်းလုပ်ဆောင်ခဲ့တာလည်းပဲ သမိုင်းမှာ အများကြီးထင်ထင်ရှားရှားရှိခဲ့ပါတယ်။ သို့သော်တစ်ချို့သော နိုင်ငံတွေမှာကျတော့က ဒါတွေအားလုံးကို ဆက်လက်ပြီးတော့ မလုပ်နိုင်အောင် ပိတ်ပင်တားစီးတဲ့ အနေအထားလေးတွေရှိတဲ့ အခါကျတော့ လုပ်နိုင်သလောက်လေးကို ကျွန်တော်တို့ လုပ်ကြရအုံးမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်ဟိုနေ့က ပြောသလို သခင်ယေဇူး လုပ်ဆောင်တဲ့ လုပ်ငန်း နှစ်ခု ဖြစ်တဲ့ ပညာရေးနဲ့ ကျန်းမာရေး သို့တည်းမဟုတ် အသိပေးခြင်းနဲ့ ကုသခြင်းဆိုတဲ့ဟာ ကျွန်တော်တို့ တစ်သက်လုံးမှာ အဓိက လုပ်ဆောင်ရမဲ့ အလုပ်ဖြစ်တယ် ဆိုတာကိုတော့ အသွင်တစ်မျိုးနဲ့ လုပ်ဆောင်ရမယ် ဖြစ်တယ်ဆိုတာကိုတော့ အားလုံးသော နားဆင်သူတွေအနေနဲ့ လေးလေးနက်နက် တွေးဆ ပြီးတဲ့နောက် အကောင်အထည်ဖော်နိုင်ကြအောင် ကြိုးစားပါလို့ အားပေးရင်း သတိပေးရင်းနဲ့ အကြုံ ပြု လိုက်ပါတယ်။ ဘုရားသခင် သင်တို့တစ်ယောက်စီကို ကောင်းကြီးမင်္ဂလာ ပေးတော်မူပါစေ။

Add new comment

17 + 1 =

Please wait while the page is loading