နေ့စဉ်ဧ၀ံဂေလိတရားတော်

ချစ်လှစွာသော ညီအစ်ကို မောင်နှမအပေါင်းတို့...

သခင်ယေဇူးဟာ သူ့ရဲ့ တပည့်တော် ၇၂ ဦးကို တရားဒေသနာလိုက်လံဟောကြားဖို့အတွက် စေလွှဖို့ဖြစ်ပါတယ်။ သတင်းကောင်းကို လိုက်လံဟောကြားဖို့ ကြေညာဖို့အတွက် စေလွှတ်လိုက်တာ ဖြစ်ပါတယ်။ သခင်ယေဇူးပေးတဲ့ သတင်းစကားကတော့ နောင်တရကြဖို့ နှိုးဆော်တဲ့ သတင်းစကားပဲ ဖြစ်ပါတယ်။ မိမိတို့ရဲ့ အပြစ်တွေ အမှားတွေအတွက် နောင်တရကြဖို့အရေးကြီးကောင်းကို ဟောပြောစေပါတယ်။ သံမာရကူး ခန်းကြီး ၁ ခန်းငယ် ၁၅ မှာ ဘယ်လို ပြောထားသလဲဆိုတော့ ဘုရားသခင်ရဲ့ နိုင်ငံတော်သည် တည်လုနီးပြီလို့ ဘာသာပြန်ဆိုထားတာ တွေ့ရပါတယ်။ အင်္ဂလိပ်လိုကျတော့ The Kingdom of God is at hand လို့ ပြောထားပါတယ်။ အနည်းငယ်တော့ ကွာဟမှု ရှိသလိုလို မြင်ပါတယ်။ at hand ဆိုတာကတော့ နီးတာတောင်မကဘူး လက်ထဲမှာ ရောက်နေပြီးလို့ ယူဆရမှာ ဖြစ်ပါတယ်။ ကောင်းကင်နိုင်ငံတော်သည် ရောက်နေပြီ ဆိုလိုတာကတော့ အချိန်ကတော့ မရှိတော့ဘူးပေါ့။ ဒီတော့ ဘာလုပ်ရမလဲ။ နောင်တရကြလော့။ Repent and believe in the gospel. နောင်တရကြပါ။ ဘုရားသခင်၏နုတ်ကပတ်တော်ကို ယုံကြည်ကြပါလို့ ပြောတာ ဖြစ်ပါတယ်။ နောင်တရကြပါလို့ ပြောလိုက်တဲ့အခါမှာ ကျွန်တော်တို့ဘက်ကနေ ဟုတ်တယ် နောင်တရပါပြီလို့ ပါးစပ်နဲ့ ပြန်ပြောရုံနဲ့ ပြီးသလားဆိုတော့က အဲဒါနဲ့တော့ မပြီးဘူး။ နောင်တရတဲ့ အကြောင်းကို ကျွန်တော်တို့ သက်သေခံကြရအုံးမှာ ဖြစ်ပါတယ်။ နောင်တရပြီဆိုလို့ရှိရင် ကိုယ်ပြုခဲ့တဲ့ အပြစ်တွေ မပြုတော့ဘူးဆိုတဲ့ သဓိဌာန်နဲ့ အတူ မပြုတော့တာဖြစ်တယ်။ ပြုခဲ့တဲ့ အပြစ်တွေအတွက် အပြစ်ဒဏ်ဆပ်ဖြေရမယ် ဒုတိယတစ်ချက်။ နောက်ဆုံးတစ်ချက်ကတော့ ဘာလဲဆိုတော့ အပြစ်တွေရဲ့နေရာမှာ ဘုရားတရားကြီးစားခြင်း ကုသိုလ်ကောင်းမှုလုပ်ခြင်းနဲ့ ပြန်ပြီးတဲ့နောက် အစားထည့်ကြရမှာ ဖြစ်ပါတယ်။ ဒါတွေဟာ ကျွန်တော်တို့လုပ်ကြရမဲ့ဟာတွေ ဖြစ်တယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုလို့ရှိရင် ပိုပြီးတော့ နားလည်လွယ်အောင် ထားပါတော့ ကျွန်ုပ်တို့မှာ စဉ်းအိုကြီးတစ်အိုးရှိတယ် ဆိုပါတော့ အဲဒီ စဉ်းအိုးကြီးထဲမှာ မဆင်နဲ့ ပြည့်နေတယ်ဆိုပါဆို့  ဒါဆိုဘာလုပ်မလဲ။ ပထမတစ်ချက်အနေနဲ့ ဘာလုပ်ရမလဲဆိုတော့က သန့်ရှင်းစေချင်ကြမှာပေါ့။ ဆန္ဒရှိရမှာပေါ့ ကျွန်တော် ခဏခဏပြောသလိုပေါ့လေ။ ဆန္ဒ၊ ၀ိရိယ၊ စိတ်ဓာတ်၊ ပညာဆိုတာ အောင်မြင်မှုရဲ့ ကျင့်စဉ်လေးတစ်ခုပေါ့လေ။ ဆန္ဒရှိပြီဆိုရင် ၀ိရိယ အားစိုက်မှုလေးတွေပါလာရတာပဲ။ ဆန္ဒရှိပြီး သန့်ရှင်းချင်တယ်။ နံပါတစ် ဘာလုပ်ရမလဲ သန့်ရှင်းချင်လို့ရှိရင် ဒီအိုးထဲမှာ ရှိတဲ့ မစင်အားလုံးကို မစင်မှန်းသိရမယ်။ မကောင်းမှန်းကိုလည်းပဲ သိရမယ်။ သိပြီးတဲ့အခါကျတော့ ဒီမစင်ကို ဒုတိယအချက်အနေနဲ့ကတော့ သွန်ပစ်လိုက်ရမှာပေါ့ ဆက်ထားလို့တော့မရဘူး။ သန့်ရှင်းချင်ပါတယ်ဆိုပြီးတော့ အဲလိုပဲ အဝေးကနေကျင့်ရင်တော့ ဒီမစင်အိုးကြီးဟာ မစင်အိုးလိုပဲ ရှိနေမှာပဲ။ သွားပြီးတဲ့နောက် သွန်ပစ်လိုက်ရမှာပေါ့ အထဲမှာရှိတဲ့ မစင်တွေကို အဲသလို သွန်ပြီးတဲ့ အခါကျလို့ရှိရင် တတိယအနေနဲ့ ဘာလုပ်ရမလဲဆိုတော့ အဲဒီအစင်အိုးကို သန့်ရှင်းအောင်ဆေးကြောရမှာ ဒါလဲပဲ တော်တော်ကြီးကို လုပ်ရတယ်။ အနံ့လည်းဆွဲနေအုံးမှာကိုး။

Add new comment

2 + 4 =

Please wait while the page is loading

နေ့စဉ်ဧ၀ံဂေလိတရားတော် | Radio Veritas Asia

Error

The website encountered an unexpected error. Please try again later.