Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
နေ့စဉ်ဧ၀ံဂေလိတရားတော်

တမန်တော်ကြီး ၁၂ ပါးကို စေလွှတ်တော်မူခြင်းအကြောင်း
ချစ်လှစွာသော ညီအစ်ကို မောင်နှမအပေါင်းတို့..
ကနေ့သခင်ယေဇူး တပည်တော်ကြီးများကို စေလွှတ်တာဖြစ်ပါတယ်။ တမန်တော်ကြီးများ သို့မဟုတ် တပည့်တော်များအတွက် သူတို့သခင်ယေဇူးစီကနေ မြင်ရတွေ့ရ သင်ယူသမျှ အားလုံးတို့ကို ကနေ့သူတို့ကိုယ်တိုင် ပြသရန်အတွက် လုပ်ေ်ဆာင်ရန်အတွက် သာသနာ့ လယ်ကွင်းထဲကို စေလွှတ်ခြင်းခံရတဲ့အကြောင်းကို ကျမ်းစာက ပြောထားခြင်းပဲ ဖြစ်ပါတယ်။ သခင်ယေဇူးအနေနဲ့ သူတို့ကို နှစ်ပေါင်းကြာအောင် သွန်သင်ပေးတယ်။ သူတို့မြင်သာအောင် လက်တွေ့ပြသခဲ့တာတွေ ရှိတယ်။ အခုတော့ သူတို့ကိုယ်တိုင် သာသနာ့ လယ်ကွင်းမှာ လက်တွေ့ သက်သေခံပြသ ရတော့မှာ ဖြစ်ပါတယ်။ သခင်ယေဇူးဘယ်လို ဟောပြောသလဲ။ ဘယ်လို ကုသမှုနဲ့ သူများကို ဘယ်လို ကူညီပေးသလဲ ဆိုတာကို သူတို့ကြားနာ မြင်တွေ့ပြီး ဖြစ်တဲ့ အတွက်ကြောင့် အခု သူတို့ကိုယ်တိုင်ပဲ လုပ်ဆောင်ကြရတော့မှာ ဖြစ်ပါတယ်။ အဲသလို မြင်တွေ့ ကြားနာခြင်းမရှိလို့ ရှိရင် ဘယ်လိုမှ တူအောင် ပြသလုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ သည့်အတွက်ကြောင့် ကျွန်တော်တို့ ပြောနေကြဖြစ်တဲ့ ပြသခြင်း သင်ပေးခြင်း ပြု ပြင်ခြင်းဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ လူကြီးတွေ သက်ကြီး ရွယ်အိုတွေ မိဘတွေ၊ ဒီသူတော်စင်တွေ စသည်ဖြင့် ဒီပုဂ္ဂိုလ်တွေဟာ ကျန်သော ဘာမှ မသိသေးတဲ့ ပုဂ္ဂိုလ်တွေ အသိ နည်းနေတဲ့ ပုဂ္ဂိုလ်တွေကို ပြသနိုင်ပါမှလျှင် သူတို့ ကတဆင့် ဆက်လက်ပြီးတဲ့ နောက် ကောင်းတာမှန်တာတွေကို ဆက်လက်ပြီး ဆင့်ပွားပြသနိုင်မှာ ဖြစ်ပါတယ်။ အကယ်၍သည်သာလျှင် လူကြီးတွေ၊ မိဘတွေ၊ သူတော်စင်များတွေ၊ ဆရာဆရာမများတွေသည်ဟာ ဖြင့်ရင် သွန်သင်မှု ပြသမှု အားနည်းသွားလို့ရှိရင် ကျန်သော မျိုးဆက်သစ်နဲ့ အနာဂတ်သည် အင်မတန်မှ ပျက်ဆီး ယိုယွင်း စရာအကြောင်း ဖြစ်ပါတယ်။ တရားခံသည် ဘယ်သူလဲဆိုတော့က တာဝန်ရှိသူ လူကြီး မိဘ ဆရာဆရာမ သူတော်စင်များတွေသည်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့လဲ သခင်ယေဇူးကဲ့သို့ ဟောပြောသွန်သင်ပြီးတဲ့နောက် သခင်ယေဇူးကဲ့သို့ သာသနာပြု နိုင်ဖို့ဆိုတာ သခင်ယေဇူးစီမှာ သင်ယူလေ့လာကြရတာ ဖြစ်ပါတယ်။ ကိုယ်တော်မြတ်ဖူးခြင်း၊ ကျမ်းစာဖတ်ခြင်း၊ စက္ကရမင်တူးတွေကို လေးလေးနက်နက် ခံယူခြင်း ကျွန်ုပ်တို့ရဲ့ သက်သေခံချက်ဖြစ်တဲ့ လောကရဲ့ အလင်း လောကရဲ့ ဆား အသက်တာဟာ ပို၍ ပီပြင်လာမှာ ဖြစ်ပါတယ်။ သခင်ယေဇူးစီမှာ အဲသလို အနီးက သင်ယူသိရှိပါမှသာလျှင် ကျွန်ုပ်တို့သက်သေခံနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကနေပြီးတဲ့နောက် သခင်ယေဇူးကို မသိလို့ရှိရင် သခင်ယေဇူးရဲ့ အကြောင်းကိုလည်းပဲ မသိလို့ရှိရင် ဘယ်လိုမှ သခင်ယေဇူး ဖြစ်စေချင်သော အနေအထားတစ်ခုကို ကျွန်ုပ်တို့ ဖော်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သခင်ယေဇူးနဲ့ သိဖို့လိုတယ်၊ နီးနီးကပ်ကပ်ဖြစ်ဖို့လိုတယ်။ ဖြစ်ဖို့ဆိုတာ ခုနက ပြောတဲ့အတိုင်းပဲ ကိုယ်တော်မြတ်ကို ဖူးရမယ်။ ကျမ်းစာတွေကို ဖတ်ရမယ်။ စက္ကရမင်တူးတွေကို လေးနက်စွာဖြင့် ခံယူရမယ်။ ပညတ်တော်တွေ ကျင့်ဝတ်တွေကို လိုက်နာရမယ်။ မင်္ဂလာ ရှစ်ပါးကို လေ့လာပြီးတဲ့နောက် ဆည်းပူးကြရမယ် စသည်ဖြင့် ဘုရားသခင်ရဲ့ သွန်သင်ခြင်း အသင်းတော်ရဲ့ သွန်သင်ခြင်းတွေကို တကယ့်ကို လေးလေးနက်နက် အသွေးထဲအသားထဲ စိမ့်ဝင်ပါရှိပါမှ သာသနာ့ လယ်ကွင်းမှာ လောကထဲမှာ ကျွန်ုပ်တို့ ဒီလောကဆား လောကအလင်း အသက်တာကို ပီပြင်အောင် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။
ဒုတိယတစ်ချက်အနေနဲ့ကတော့ သခင်ယေဇူးဟာ သူ့ရဲ့ တပည့်တော်ကြီးတွေ သာသနာ့ လယ်ကွင်းသွားတဲ့အခါမှာ ပေါ့ပေါ့ပါးပါးပဲ သွားဖို့ ဘာမှလည်းယူမသွားဖို့အတွက် မှာကြားထားတာကိုလည်းပဲ သတိနဲ့ နားထောင်ထောက်ရှုကြဖို့အတွက် အရေးကြီးပါတယ်။ လူတွေဟာ သူတို့ကို ရိုးသားတဲ့ လူတွေ ဆင်းရဲတဲ့ လူတွေအဖြစ် မြင်တွေ့ နိုင်ကြဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါဟာ သာသနာပြုခြင်းရဲ့ အချက်တစ်ချက်လည်းပဲ ဖြစ်ပါတယ်။ အကယ်၍သာ လူတွေဟာ သူတို့ကို စီးပွားရေးသမားနဲ့ မှားနေမယ်ဆိုလို့ ရှိရင် ပြန်ကျ ဈေးသည်များနဲ့ မှားနေမယ်ဆိုလို့ရှိရင် သူလျှို သူပုန်များနဲ့ မှား နေမယ်ဆိုလို့ ရှိရင် ရုပ်ရှင် မင်းသမီး မင်းသားများနဲ့ မှားနေမယ် ဆိုလို့ရှိရင် ကမ္ဘာလှည့် ခရီးသည် များနဲ့ မှားနေတယ်ဆိုလို့ ရှိရင် သူတို့ရဲ့ သာသနာပြု ခြင်းသည်ဟာ ထိရောက်အောင်မြင်မှာ မဟုတ်ပါဘူး။ ဒါကျွန်တော်တို့ အားလုံးကို ပြောတာပါ။ တပည့်တော်ကြီးများတွေကို သခင်ယေဇူးရဲ့ တပည့်နောက်လိုက်များကို မြင်တွေ့ စေဖို့သခင်ယေဇူးက ဆန္ဒရှိပါတယ်။ သခင်ယေဇူးကဲ့သို့ ၀ိညာဉ်ရေးဆိုင်ရာအလုပ်ကို လုပ်တယ်ဆိုတာကိုလည်းပဲ ထိတွေ့သောပုဂ္ဂိုလ်များအနေနဲ့ မြည်းစမ်းခံစားဖို့အတွက် ဒါဟာလည်းပဲ အရေးကြီးတဲ့ အရာလေးတစ်ခု ဖြစ်ပါတယ်။ အဲသလို သာသနာပြုခြင်းဖြင့် လူတွေရဲ့ လေးစားခြင်း မကသေးဘူး လူတွေရဲ့ ထောက်ပံ့ကူညီခြင်းကို လည်းပဲခံရမှာ ဖြစ်သလို ဘုရားသခင်စီကလည်း လုံလောက်တဲ့ အင်အားကျေးဇူးတော်ရမှာ ဖြစ်ပါတယ်။ အဲဒါမှမဟုတ်လို့ရှိရင် လူတွေရဲ့ လေးစားခြင်းလည်း ရမှာမဟုတ်ဘူး လူတွေရဲ့ ထောက်ပံကူညီခြင်းလည်း ရမှာမဟုတ်ဘူး။ ဘုရားသခင်စီကလည်း လုံလောက်တဲ့ ကျေးဇူးတော်ရရှိမှာ မဟုတ်ဘူး။ ဒါကြောင့် အရေးကြီးပါတယ်လို့။ သူတို့ရဲ့ လုပ်ဆောင်ချက်များကိုလည်းပဲ ဘုရားသခင်ထံ ပြန်လည်ပြီးတဲ့ နောက် တင်ပြကြရမှာ ဖြစ်ပါတယ်။ တင်ပြရုံတင်မကသေးဘူး ဘုရားသခင်ကလည်းပဲ သိပါတယ်။ သူတို့ဘာတွေ လုပ်နေသလဲ။ ဘယ်လိုအသက်တာကို ရှင်သန်နေသလဲ ဆိုတာကိုလည်းပဲ ဖြေရှင်းရမဲ့ ကိစ္စလေးတစ်ခု ဖြစ်ပါတယ်လို့။ ဒါ့ကြောင့် ဆေးကြောခြင်း မင်္ဂလာကို ခံပြီးတဲ့ သူတိုင်း ခရစ္စမာအားပေးခြင်း မင်္ဂလာကို ခံယူပြီးတဲ့ သူတိုင် သူတော်စင်တိုင်း သူတော်စင် တစ်ယောက်စီ တစ်ယောက်စီတိုင်း သခင်ယေဇူးကို ထိရောက်စွာ သက်သေခံနိုင်ကြပြီးတဲ့ နောက် သခင်ယေဇူးရဲ့ သာသနာပြု လုပ်ငန်းကိုလည်းပဲ ထိရောက်စွာ လုပ်ဆောင် အကောင်အထည်ဖော်နိုင်ဖို့အတွက် အားလုံးကြိုးစားဖို့ တာဝန်ရှိတယ်ဆိုတာ သိရှိ နားလည်ပြီးတဲ့နောက် လိုအပ်တဲ့ ကျေးဇူးအကူအညီများကို ဘုရားသခင်ထံ ဆက်လက်ပြီးတဲ့ နောက် ဆုတောင်းကြပါလို့ တိုက်တွန်းခြင်းပါတယ်။
Add new comment