နေ့စဉ်ဧ၀ံဂေလိတရားတော်

ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့-

   ကျွန်ုပ်တို့ဒီကျမ်းပိုဒ်နဲ့ ရင်းနှီးပြီးသားဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်ုပ်တို့ဘာတွေ့ရသလဲဆိုတော့ ဟေရုတ်ဒီယ ရဲ့ အညိုးအတေးနဲ့တုတ်ပြန်မှုကြောင့် ယောဟန်ဗတ္တိဇံ ခေါင်းဖြတ်ခံရတယ်ဆိုတာကို တွေ့ရပါတယ်။ ဆိုတော့က အညိုးအတေးဟာအင်မတန်မှ ကြောက်စရာကောင်းပါတယ်လို့ ဒါ့ကြောင့်မို့လို့ ကျွန်ုပ်တို့ လူသားများဖြစ်ကြတဲ့ လူသားတွေဟာလဲပဲ အညိုးအတေးတွေမထားကြဖို့အတွက် ဒါဟာကျမ်းစာကနေပြီးတဲ့နောက် သင်ခန်းစာပေးထားခြင်းပဲ ဖြစ်ပါတယ်။ အညိုးအတေးတွေကြောင့် တန်ဖိုးရှိတဲ့ ပုဂ္ဂိုလ်တွေသေကြရတယ်၊ ယိုယွင်းပျောက်ကွယ်သွားကြတယ် ဆိုတဲ့ သမိုင်းရဲ့ဖြစ်စဉ်များတွေကိုလဲပဲ ကျွန်ုပ်တို့အားလုံးရဲ့ အသိပဲဖြစ်ပါတယ်။ ဆိုတော့က ကျွန်ုပ်တို့တတွေ ဒီမိမိရဲ့ အဖွဲ့အစည်း တည်းပြည် တိုးတက်လာဖို့အတွက် အဲဒီအညိုးအတေးတွေကို ဘယ်တော့မှ စိတ်ထဲမှာ မထားကြဖို့ အညိုးအတေးထားခြင်းအားဖြင့်လည်းပဲ လူတစ်ယောက်ဟာ သူတော်ကောင်းတစ်ယောက်ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ဒီအညိုးအတေးတွေကို ဖယ်ထုတ်ခြင်းအားဖြင့် သည်းခံခြင်း စိတ်ရှည်ခြင်း နှိမ့်ချခြင်း ဆိုတဲ့ ပါရမီတွေနဲ့ အစားထိုးခြင်းဖြင့်သည်သာလျှင် ကျွန်ုပ်တို့ ဒီသူတော်ကောင်း တစ်ယောက်ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီးတော့လဲပဲ ကျွန်ုပ်တို့ သင်ခန်းစာ တစ်ခုက ဟေရုတ်ဒီယ ဟာဖြစ်ရင် သူများတွေမှန်ကန်တဲ့အမှန်တရားတစ်ခုကို ထောက်ပြတဲ့အခါကျတော့ ကျေးဇူးတင်လက်ခံရမှာထက် ထုတ်ပြန်မှု ဒီဆန်ကျင်သော တုန့်ပြန်မှုတစ်ခု အညိုးအတေးနဲ့ လုပ်ကြံတဲ့အဖြစ်ကို ရောက်ခြင်းဟာ အင်မတန်မှ ဆိုးဝါးတဲ့အရာတစ်ခု ဖြစ်ပါတယ်လို့ ဒါ့ကြောင့် ကျွန်တော်တို့အားလုံးလည်းပဲ မှားကြပါတယ် မှန်ပါတယ် ကိုယ့်ရဲ့ မှားယွင်းချက်တွေ တစ်ယောက်သောသူက ပြုပြင်ပေးမယ် ပြောပြပေးမယ် ထောက်ပြပေးမယ် သတိပေးမယ်ဆိုလို့ရှိရင် ကျွန်ုပ်တို့ စိတ်ကောင်း နှလုံးကောင်းနဲ့ ကိုယ့်ရဲ့ မှားတဲ့အရာအားလုံးဟာ ပြင်ဆင်ဖို့နဲ့ လက်ခံတတ်ဖို့ဆိုတဲ့ဟာ ဒါသူတော်ကောင်းတို့ရဲ့ စိတ်နေ စိတ်ထားဖြစ်သလို တကယ်ရှင်သန်ပြီးတဲ့နောက် ကြီးပွားတိုးတက်မဲ့ ပုဂ္ဂိုလ်တို့ရဲ့ စိတ်နေစိတ်ထားဖြစ်ပါတယ်။ မှန်ပါတယ် ကျွန်တော်တို့တတွေဟာ မှားတတ်တဲ့သူတွေ ဖြစ်ပါတယ်။

    သို့သော်လည်းပဲ ကျွန်ုပ်တို့ဟာ အမြဲတမ်းပြင်ဆင်မှုနဲ့ပဲ ခရီးကို ဆက်နေကြရတာ ဖြစ်ပါတယ်။ ဒါတောင်စာရေးဆရာတစ်ချို့က ဘယ်လိုပြောလဲဆိုတော့ လူတွေဟာ မှားတတ်သည့်အတွက်ကြောင့် ခဲတံမှာ ခဲဖျက်တတ်ထားရတယ် လို့ပြောပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့လည်းပဲ အမှားပြင်ဆင်မှုကို လက်မနှေးကြဖို့အတွက် ကြိုးစားခြင်းအားဖြင့် သူတော်စင် သူတော်ကောင်းများဖြစ်လာဖို့အတွက် တိုက်တွန်းချင်ပါတယ်။ ဒုတိယတစ်ချက်အနေနဲ့ သံယောဟန် ဗတ္တိဇံရဲ့ ဘုရားပေးတာဝန် ဘ၀ပေးတာဝန် ခေါ်တော်မူခြင်းပေး တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သွားတယ် ဆိုတဲ့အချက်ကို ကျွန်ုပ်တို့ သင်ခန်းစာယူ ထောက်ရှုသွားကြပါစို့။ အသတ်ခံရမှာ ခေါင်းထဲမှာ သံယာဟန် ဗတ္တဇံ မရှိပါဘူး။ တာဝန်ကျေဖို့ ခေါင်းထဲမှာ ရှိပါတယ်။ မမှန်မကန် ဘုရားအလိုတော်နဲ့ မလိုက်တာတွေကို ပြောရမယ် ထောက်ပြရမယ်  သတိပေးရမယ် ဆိုတာ သူ့ရဲ့တာဝန်တစ်ခုဖြစ်တယ် ဆိုတာ သိရှိပြီး လုပ်ဆောင်သွားတာဟာ ယောဟန်ဗတ္တဇံရဲ့ ပေးတဲ့သင်ခန်းစာဖြစ်ပါတယ်။ သံယောဟန် ဗတ္တဇံဟာ တာဝန်ကျေတဲ့လူ ဖြစ်ပါတယ်။ သူ့ရဲ့ တာဝန်တွေထဲက တစ်ခုသော တာဝန်ဖြစ်တဲ့ ပရောဖက်တာဝန်ဖြစ်တဲ့ ဟောပြောသွန်သင်ခြင်း ဆိုတဲ့ တာဝန်ကို ကျေပွန်အောင်အသက် နဲ့လဲပြီးတဲ့နောက် လုပ်ဆောင်ပေးသွားတာ တွေ့ရပါတယ်။ ကျွန်တော်တို့တစ်ဦးစီမှာ လဲပဲ တာဝန်ရှိကြပါတယ်။ မိမိခေါ်တော်မူခြင်းနဲ့ ဆက်နွယ်တဲ့ တာဝန်တွေရှိကြပါတယ်။ ရဟန်းဆိုရင် ပရောဖက်တာဝန်ဖြစ်တဲ့ သွန်သင်ဟောပြော အားပေးခြင်းစသည်ဖြင့်ပေါ့လေ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ရဟန်းတာဝန်နောက်တစ်ခုက လူတွေကို သန့်ရှင်းစေခြင်းဆိုတဲ့ The role of priest ပေါ့လေ..ရဟန်းရဲ့တာဝန်ဆိုတာလဲ ရှိတယ်။ နောက်ရဟန်းတာဝန်တစ်ခုက The role of King သို့တည်းမဟုတ် Pastor ပေါ့လေ သိုးထိန်းရဲ့ တာဝန် ဦးဆောင်ဦးရွက် စည်းရုံးလမ်းညွှန်ပြခြင်းရဲ့ တာဝန် ဆိုတဲ့ တာဝန် သုံးပါး ကျွန်တော်တို့မှာ ရှိပါတယ်။ ဟောပြောသွန်သင်မယ်၊ လူတွေကို သန့်ရှင်းအောင်လုပ်မယ်၊ သိုးထိန်းကောင်းပီသအောင် အဖွဲ့အစည်းတွေကို ထိန်းသိမ်းထားမယ်၊ အဖွဲ့အစည်းတွေအားလုံးတိုးတက်အောင်လုပ်မယ် စသည်ဖြင့်ရှိပါတယ်။

      ထိုနည်းတူစွာပဲ ဒီသူတော်စင်များ ဖြစ်ကြတဲ့ Religious တွေလဲပဲ သူတို့ရဲ့ Charism ဆိုတဲ့ သူတို့ရဲ့ ဂိုဏ်းအသီးသီးရဲ့ ထားရှိတဲ့ ရည်ရွယ်ချက်အတိုင်းလဲပဲ သူတို့မှာလဲပဲ ကျင့်ဆောင်ဖို့ တာဝန်ရှိပါတယ်။ ထိုနည်းတူစွာပဲ လူဝတ်ကြောင်များ ဖြစ်ကြတဲ့သူတွေလဲပဲ မိမိတို့ဘ၀နဲ့ အသီးသီးရှိကြပါတယ်။ မိဘဆိုရင်လဲ မိဘတာဝန် သားသမီးဆို သားသမီးတာဝန် ကျောင်းသူကျောင်းသားဆိုလဲ ကျောင်းသူကျောင်းသားတာဝန် ၀န်ထမ်းဆိုလဲ ၀န်ထမ်းတို့တာဝန် စသည်ဖြင့် မိမိတို့ဆိုင်ရာ ဆိုင်ရာတာဝန်လေးတွေ ရရှိထားပါတယ်။ ဒါဟာလဲပဲ ဘုရားပေးတဲ့ တာဝန်တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ဘုရားသခင်က လူအားလုံးကို တူညီတဲ့ တာဝန်တစ်ခုတည်းပေးတာတော့ မဟုတ်ဘူး။ အမျိုးမျိုးကမ္ဘာကြီးကို အလှဆင်ဖို့အတွက် အမျိုးမျိုးသော ဘက်ပေါင်းစုံကနေပြီးတော့နောက် ကျွန်ုပ်တို့ လုပ်ဆောင်ကြဖို့အတွက် သီးခြားတာဝန်လေးတွေ ကျွန်တော်တို့ကို ပေးထားခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်ကမ္ဘာလုံးမှာရှိကြတဲ့ လူတွေအားလုံးကို ဘုန်းကြီးတွေပဲ ဖြစ်ခိုင်းလို့ မဖြစ်ဘူး။ တစ်ကမ္ဘာလုံးမှာရှိကြတဲ့ လူအား လုံးကို ဆရာဝန်တွေကြီးပဲ လုပ်ခိုင်းလို့မဖြစ်ဘူး။ တစ်ကမ္ဘာလုံးမှာ ရှိကြတဲ့ လူအားလုံးကိုလဲပဲ ကျောင်းဆရာ ဆရာမတွေကြီးပဲလုပ်ခိုင်းလို့မဖြစ်ဘူး။ လယ်သမားတွေဖြစ်ဖို့ လိုတယ် စသည်ဖြင့်ပေါ့လေ။ အားလုံးပေါ့လေ မိမိတာဝန် တာဝန်လေးတွေရှိတယ်။ ဒီတာဝန်လေးတွေဟာ ဘုရားပေးတဲ့ တာဝန်လေးတွေဖြစ်သည့် အတွက်ကြောင့်မို့လို့ မိမိရဲ့တာဝန် ဘုရားပေးတဲ့ တာဝန်လေးတွေကို ကျေပွန်စွာ ထမ်းဆောင်ကြဖို့အတွက် ကျွန်ုပ်တို့ဟာ လုပ်ဆောင်ကြဖို့  သံယောဟန်ကလဲပဲ ဒီနေရာမှာ သင်ခန်းစာပေးတာတွေ့ရပါတယ်။ သံယောဟန်ရဲ့ ပရောဖက်တာဝန်ဆိုတဲ့ ဟောပြောသွန်သင် ဆုံးမလမ်းညွှန်ခြင်း၊ ဆင်းရဲသားတွေကို နှစ်သိမ့်ပေးတဲ့ တာဝန် မတရားတာတွေကို ဖော်ပြပြီးတဲ့နောက် တရားလာအောင်လုပ်ပေးရမဲ့ တာဝန် ဒါဟာ ကျွန်ုပ်တို့ တာဝန်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံး မိမိတို့ ရဲ့တာဝန် ၀တ်တရားတွေကို ကျေပွန်စွာထမ်းဆောင်နိုင်ကြဖို့အတွက် အထူးပဲတိုက်တွန်းချင်ပါတယ်လို့။

    ရှေးရှေးတုန်းက ဆိုရင် ချမ်းသာတဲ့ မိသားစုတစ်စုဟာ ကျွန်ုပ်တို့ဒီ ချမ်းသာတဲ့ မိသားစုတစ်စုရှိပါတယ်။ ဒီချမ်းသားတဲ့ မိသားစုတွေလဲပဲ ဘုရားပေးတဲ့ ချမ်းသာခြင်းဖြစ်သည့်အတွက်ကြောင့် ဘယ်လိုလုပ်ပြီးတဲ့နောက် ဆင်းရဲသားတွေကို ကူရမလဲဆိုတဲ့အပိုင်းတွေကို စဉ်းစားကြဖို့ဖြစ်ပါတယ်။ ဆိုတော့က ကျွန်ုပ်တို့ ဒီကြုံတုန်းပေါ့လေ ဟောပြောသွန်သင်ရမဲ့ ပရောဖက်ရဲ့ တာဝန်တစ်ခုဖြစ်တဲ့ အထဲမှာတော့ စာပေဟောပြောပွဲတွေမှာ ဟောပြောတဲ့ ဟောပြောသမားတွေဟာလဲပဲ သူတို့ရဲ့ တာဝန်တွေကို သူတို့ လုပ်ဆောင်ကြပါတယ်။ ကျွန်တော်တို့လဲပဲ ဟောပြော သွန်သင်နေကြပါတယ်။ ဆိုတော့ အတွေးလေးတစ်ခုပေါ့လေ ဘာသာတူများတွေကို ပြောချင်တဲ့ အတွေးလေးတစ်ခု စဉ်းစားစေချင်တဲ့အရာလေးတစ်ခု ဘာလဲဆိုတော့က စကားပေါ့လေ. မြန်မာပြည်မှာ သုံးနေကြတဲ့ တော်တော်ကြီးကို သုံးနေကြတဲ့ စကားတစ်ခွန်းရှိပါတယ်။ ဘာလဲဆိုတော့ ပြိုင်တူ တွန်းရင် ရွေ့ နိုင်ပါတယ် ဆိုတာကတော့ ဘာသာရေးကော၊ လူမှုရေးကော၊ နိုင်ငံရေးကော အားလုံးသုံးနေကြတဲ့ စကားလုံးဖြစ်ပါတယ်။ ပြိုင်တူ တွန်းရင် ရွေ့နိုင်ပါတယ်။ ဟုတ်သလား ၀ါကျ ဆုံးပြီလား ဒီဝါကျက မဆုံးသေးပါဘူး။ မဆုံးသေးပါဘူးဆိုတာက ဘာကို ဆိုလိုတာလဲဆိုရင် မရွေ့ အောင်ပြိုင်တူ တွန်းလို့ရသလား၊ မရွေ့အောင်လဲပဲ ပြိုင်တူ တွန်းလို့ရပါတယ်။ မရွေ့အောင်ဘယ်လို တွန်းကြမလဲ ပတ်ချာလည်ဝိုင်းတွန်းလိုက်ရင် ဒီဟာက ဘယ်တော့မှ မရွေးနိုင်ပါဘူး။ အရွေ့တစ်ခုကို ရောက်ရှိဖို့ ဆိုလို့ရှိရင် အားလုံးသောတူညီသော စိတ်ထားနဲ့ တစ်ဖက်ကနေပြီးတော့နောက် တူညီသောစိတ်ထားနဲ့ ၀ိုင်းပြီးနောက် ပြိုင်တူ တွန်းမှ တစ်ဖက်ကို ရွေ့သွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်အရွေ့တစ်ခုကို ရောက်ရှိဖို့ ဆိုလို့ရှိရင် နေရာတစ်နေရာတည်းကနေ စိတ်ထားတူညီစွာ မှန်ကန်စွာဖြင့် ၀ိုင်းတွန်းကြဖို့ ဖြစ်ပါတယ်။ နို့မို့လို့ရှိရင် ဘယ်လောက်ပဲ တွန်းတွန်း ကိုယ်ကဒီဘက်တွန်း သူက ဟိုဘက်တွန်း တစ်နှစ်သုံး ၀ိုင်းတွန်းကြမယ် ပတ်ချာလည်တွန်းရင် ဒီအရာက မရွေ့တဲ့အပြင် ပိုတောင်ခိုင်မာလာအုံးမယ်။ ဒါလဲပဲ စဉ်းစားစရာ တစ်ခုဖြစ်ပါတယ်။

     နောက်တစ်ခုက ကျွန်တော်ပြာချင်တဲ့အချက်က ဘာလဲဆိုတော့ သာသနာသည် စီးရန်ယာဉ်မဟုတ် ထမ်းရန်ဝန်သည်သာ ဖြစ်ပါတယ်။ ဒါဟာလဲ စဉ်းစားကြဖို့အတွက်နော်။ သာသနာသည် စီးရန်ယာဉ်မဟုတ် မော်တော်ကားလည်းမဟုတ် သာသနာဆိုတာ တက်စီးဖို့မဟုတ်ဘူး။ သာသနာဆိုတာ ၀ိုင်းထမ်းပြီးတဲ့နောက် မြင့်တင်ကြဖို့ ဖြစ်တယ်။ နိုင်ငံတော်လဲပဲ ဒီအတိုင်းပဲပေါ့၊ အဖွဲ့အစည်းအတိုင်းလဲ အပေါ်ကို ရောက်ဖို့အတွက် အပေါ်ကို မြင့်တက်လာဖို့အတွက် အားလုံးက ၀ိုင်းထမ်းပြီးတဲ့နောက် ကျွန်ုပ်တို့ ဒီလုပ်ရမှာပေါ့။ အဲလိုပဲ အားလုံးက ၀ိုင်းစီးနေကြမယ်ဆိုရင် ဒီအရာသည် ဘယ်တော့မှ ပြောင်းလဲမှု ဖြစ်စေမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အားလုံး ကျွန်ုပ်တို့တတွေ ၀ိုင်းထမ်းကြဖို့ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့အားလုံး သိထားဖို့အချက်က သာသနာဆိုတာ စီးဖို့ ယာဉ်မဟုတ်ဘူး ထမ်းဖို့ ၀န်ဖြစ်သည့်အတွက်ကြောင့် ငါသာသနာကို ဘယ်လိုကူရမလဲ နိုင်ငံတော်ကို ငါဘယ်လိုကူ ရမလဲဆိုတဲ့ စိတ်ဓာတ် ရှင်သန်သော တိုင်းသူပြည်သားများဖြစ်ကြအောင် ဘာသာဝင်များဖြစ်ကြအောင် ကြိုးစားကြဖို့ အထူးပဲ တိုက်တွန်း နိုးဆော်ပါတယ်။ ဘုရားသခင်သင်တို့ တစ်ယောက်စီိကို ကောင်းကြီးပေးပါစေ။

Add new comment

9 + 7 =

Please wait while the page is loading