Story part 4 ; အုန်းသီး ဘယ်ကစ (ကရင်ရိုးရာ ဒဏ္ဍာရီပုံပြင်) အုန်းသီးနာမည် ဖြစ်ပေါ်လာရခြင်း အကြောင်းရင်း။

  ပသတ်ကိုင်၏ဦးခေါင်းခွံသည် ပသတ်လောင်းချောင်းထဲသို့ ပစ်လိုက်သောအခါ တနေ့၌ချောင်းငယ်လေးတစ်ခုတွင် ရေအတက်၌ပါသွားသည်။ ချောင်းငယ်နဘေးတွင် သားသမီးမရှိသော ဘိုးဘွားဇနီးမောင်နှံ အိမ်တစ်အိမ်ရှိလေသည်။ ထိုအခါ အဘိုးအိုသည် ရေဆင်းချိုးနေစဉ် ထိုဦးခေါင်းခွံကိုတွေ့ပြီး သူ့ကိုကောက်ယူထားရင် အလုပ်ကူလုပ်ပေးမည်၊ အိမ်စောင့်ပေးမည်ဟု ပြောသောအခါ အဘိုးအိုက စကားမပြောတတ်သော ဦးခေါင်းခွံကို အံ့သြပြီး အိမ်ကိုယူသွားလေသည်။ အိမ်ရောက်သောအခါ သူ့ဇနီးကို အကြောင်းစုံပြောပြပြီး ၀မ်းသာစွာဖြင့် ဦးခေါင်းခွံကို အိမ်စောင့်ထားခဲ့ပြီး သူ့တို့အလုပ်သွားလုပ်လေသည်။ ပထမ၌ ထိုဦးခေါင်းခွံသည် အိမ်ကိုကောင်းကောင်းစောင့်ပေးသော်လည်း ဆယ့်လေးငါးရက်ကြာလာသောအခါ ထိုဦးခေါင်းခွံသည် အဘိုးအိုတို့လင်မယားကို ကွဲအောင်လုပ်ဖို့ ကြံစည်တော့သည်။ တစ်နေ့တွင် ဦးခေါင်းခွံက အဘွားပြန်လာသောအခါ အဘိုးက အဘွားအပေါ်သစ္စာမရှိကြောင်း၊ အဘွားအလုပ်လုပ်နေစဉ် အဘိုးမိန်းမငယ်တစ်ယောက်နဲ့ အိမ်ကိုခိုးပြီးပြန်လာကြောင်း ပြောနေစဉ် အဘိုးအကုန်ကြားပြီး အရမ်းဒေါသထွက်လေသည်။
   ထို့နောက်အဘိုးအိုသည် အိမ်ပေါ်တက်သွားပြီး ဒီဦးခေါင်းခွံဟာ ငါတို့ကိုကောင်းကျိုးပေးမှာ မဟုတ်ဘူး။ ချောင်းထဲသွားပစ်ရင်လည်း အခြားလူတွေကို ဒုက္ခပေးမယ် ထိုဦးခေါင်းခွံကိုယူပြီး ဆုံထဲ၌မှုန့်အောင်ထောင်းပြီး မြေတွင်မြုပ်လိုက်လေသည်။ သူတို့မြုပ်နှံထားလိုက်သော ပသတ်ကိုင်၏ဦးခေါင်းခွံနေရာမှ ထူးဆန်းသော သစ်ပင်တစ်ပင်ပေါက်လာလေ၏။ ထိုသစ်ပင်မှ သီးသောအသီးများသည် ယခင်မြုပ်ထားခဲ့သော ဦးခေါင်းခွံ၏ သဏ္ဌန်အတိုင်း မျက်စိနေရာနှစ်ခု၊ ပါးစပ်နေရာတစ်ပေါက် ပါရှိလေ၏။ ထိုအပင်မှာ မည်ကဲ့သို့သော အပင်ဖြစ်သည်ဟု လူတို့ကျနစွာ မသိကြသော်လည်း အဘိုးတို့လင်မယားကမူ မူလဦးခေါင်းခွံကို အလကားဦးခေါင်းခွံ ပဲဟု ထုထောင်းချေမွလိုက်သည်ကို အစွဲပြုပြီးခေါ်သည်။ ထို့နောက် ကရင်အမျိုးသားများက ထိုအသီးကို အလကားအသီးဟုခေါ်သည်။

Add new comment

10 + 3 =

Please wait while the page is loading

Story part 4 ; အုန်းသီး ဘယ်ကစ (ကရင်ရိုးရာ ဒဏ္ဍာရီပုံပြင်) အုန်းသီးနာမည် ဖြစ်ပေါ်လာရခြင်း အကြောင်းရင်း။ | Radio Veritas Asia

Error

The website encountered an unexpected error. Please try again later.