Story part 2း အုန်းသီး ဘယ်ကစ (ကရင်ရိုးရာ ဒဏ္ဍာရီပုံပြင်) အုန်းသီးနာမည် ဖြစ်ပေါ်လာရခြင်း အကြောင်းရင်း။

ထိုအခါ ပသတ်ကိုင်က မိတ်ဆွေ ပသတ်လောင်း ဤသင်္ဘောကား ကျွနိုပ်ပိုင်သော သင်္ဘောဖြစ်သည်။
သင်္ဘောသာမက ကုန်ပစ္စည်းအားလုံး သည်လည်း နင်နဲ့လုံးဝမဆိုင်ပါ။ ကျွန်ုပ်တို့သွားရမည်ခရီးက ဝေးကွာလှပါသေးသည် အကုန်ကျခံ၍ နင့်ကိုမကျွေးနိုင်ပါ။ ပသတ်လောင်းသည် မိမိ၏အဖြစ်ကို ဆင်ခြင်ပြီး ပသတ်ကိုင်ကို ယုံမှားမိပြီးဖြစ်ကြောင်း သိလိုက်ရလေသည်။ ဒါပေမဲ့ ပသတ်ကိုင်ကို စိတ်မဆိုးပဲ ဤဒုက္ခသည် ရှေးဘ၀က မိမိပြုခဲ့ဖူးသော မကောင်းမှုကြောင့် ဖြစ်လာသည်ဟု ခံယူပြီး ဆုတောင်းလေသည်။ နောက်ထင်သုံးရက်မြောက်သောနေ့တွင် အရမ်းဆာလောင်ပြီး ပသတ်လောင်းသည် မတ်တပ်ပင်မလျောက်နိုင်တော့သဖြင့် လေးဘက်တွားကာ ပသတ်ကိုင်ထံသို့ သွား၍ထမင်းတလုတ်စားလိုကြောင်း ထမင်းမှ မစားရပါလျှင် သေရပါတော့မည်ဟု တောင်းပန်သော်လည်း စဉ်းလဲသော ပသတ်ကိုင်က သင်၏သေခြင်း၊ ရှင်ခြင်းကား ကျွန်ုပ်အရေးမဟုတ်ပါ။ ဒါပေမဲ့ ကျွန်ုပ်ဖော်စပ်နေသော ဆေးဝါးအတွက် မျက်စိတစ်လုံးလိုကြောင်း၊ နင်မျက်လုံးတစ်ဖက်ပေးလျှင် နင့်ကို ထမင်းတစ်ပန်ကန်ကျွေးမည်ဟု ပြောလေသည်။ ပသတ်လောင်းသည်လည်း ဆာလောင်မွတ်သိပ်ခြင်း ဝေဒနာကို မခံစားနိုင်တော့သဖြင့် သဘောတူလိုက်လေသည်။ ထမင်းစားပြီးသောအခါ သဘောတူထားသည့်အတိုင်း ပသတ်ကိုင်သည် ငါးမျှားချိန်သံကောက်ကိုယူပြီး ပသတ်လောင်း၏ တစ်ဖက်သောမျက်လုံးကို ချိတ်ဆွဲကာ ထုတ်ယူလိုက်၏.
-ပသတ်လောင်းသည် ထမင်းစားရသော်လည်း မျက်စိ၏နာကျင်လှသောဝေဒနာကြောင့် မေ့မျောသွားလေသည်။ မျက်စိအနာမှသက်သာလာခဲ့သော်လည်း ထို(၃)ရက်အတွင်း ဘာမှမစားရသောကြောင့် ငတ်မွတ်ဆာလောင်ခြင်းဝေဒနာမှ ပြင်းစွာပြန်လည်ခံရပြန်တယ်။
ပသတ်လောင်းသည် သနားညိုးငယ်စွာဖြင့် ပသတ်ကိုင်ကို ထမင်းတောင်းစားသောအခါ ထမင်းစားချင်ရင် မျက်လုံးနဲ့အလဲအလှယ်လုပ်ရမည်ဟု ပြန်ပြော၍ ဆာလောင်မှုဝေဒနာကို မခံနိုင်သော ပသတ်လောင်းသည် ထမင်းနှစ်နပ်စားရဖို့အတွက် မျက်စိနှစ်လုံးနှင့် လှဲရပြီး နောက်ဆုံး သူဘာမှမမြင်ရတော့ပေ။
ထိုအခါ ပသတ်လောင်းသည် ယခုငါဘာမှမမြင်ရတော့ပေ။ နင့်အတွက် ဘာအကျိုးမှရှိတော့မည်မဟုတ် ငါ့ကိုကျွန်းသဲသောင်ခုံတစ်နေရာတွင် ချထားခဲ့ပါတော့လို့ ပသတ်ကိုင်ကို တောင်းဆိုလေသည်။
ပသတ်ကိုင်လည်း ပသတ်လောင်းတောင်းဆိုချက်အရ ကျွန်းတစ်ခုပေါ်တွင် ချထားခဲ့ပြီး ခရီးဆက်သွားလေသည်။
ပသတ်လောင်းတစ်ယောက် ကျွန်းပေါ်တွင် ကျန်ခဲ့ပြီး သေရမဲ့ရက်ကိုသာ စောင့်နေပါတော့သည်။ ထိုအခါ ပင်လယ်ကိုပိုင်စိုးသော နတ်မင်းကြီးသည် ဒုက္ခရောက်နေသော ပသတ်လောင်းကိုတွေ့ပြီး သူ့တပည့်နတ်သား(၃)ပါးကို သွားယူခိုင်းပြီး နတ်၏တန်ခိုးတော်ဖြင့် ပသတ်လေင်းမျက်စိပြန်ကောင်းလာပြီး အစားအစာလည်း ကောင်းကောင်းကျွေးပြီးနောက် ပသတ်လောင်းရွာသို့ သွားပို့လေသည်။ ထို့နောက် နတ်သားတို့သည် ပသတ်လောင်းအား ကျောက်ဖရုံသီးစေ့များနှင့် ရွှေဖရုံသီးစေ့များကို ပေးကာ ဤအစေ့များကိုပြန်စိုက်ခိုင်းပြီး ပျေက်ကွယ်သွားကြလေသည်။

Add new comment

1 + 2 =

Please wait while the page is loading

Story part 2း အုန်းသီး ဘယ်ကစ (ကရင်ရိုးရာ ဒဏ္ဍာရီပုံပြင်) အုန်းသီးနာမည် ဖြစ်ပေါ်လာရခြင်း အကြောင်းရင်း။ | Radio Veritas Asia

Error

The website encountered an unexpected error. Please try again later.