Environment ; part-1 ပွင့်လန်းပါစေ ကမ္ဘာမြေ (အပိုင်း ၁)

အမိမြေကို ချစ်ပါ။ အမိမြေကြီးကိုမြတ်နိုးပါ။ ကမ္ဘာမြေကြီး ငြိမ်းချမ်းပါစေ..။ ကျွနိုပ်တို့ရဲ့ ကမ္ဘာမြေကို လူတိုင်းလူတိုင်း သာယာအေးချမ်းစေချင်ကြပါတယ်။ ဒီနေ့ခေတ်အခါမှာ ကမ္ဘာမြေကြီး ငြိမ်းချမ်းစေဖို့အတွက် လုပ်ဆောင်ဖို့ အရေးကြီးနေပါပြီး။ ကမ္ဘာမြေရဲ့ပူနွေးခြင်းဟာ တစ်ထက်တစ်နေ့ ပိုပြီးဆိုးဝါးလာပါတယ်။ အချိန်အခါမဟုတ်တဲ့ ရာသီဥတုတွေ ဖြစ်ပေါ်နေတယ်။ မုန်တိုင်းတွေ၊ စူနာမီတွေ၊ အပူလွန်ကဲမူတွေနဲ့ အအေးလွန်ကဲမှုတွေ၊ သဘာဝဘေးအန္တရာယ်တွေဟာ ဘယ်နိုင်ငံမှ ရှောင်ပုန်းနေလို့မရတော့ပါဘူး။ သဘာဝဘေးအန္တရာယ်တစ်ချို့ဟာ အသံတွေပေးပြီးမှ ရောက်ရှိလာသော်လည်း တစ်ချို့ကျတော့ အမှတ်တမဲ့ ရောက်ရှိလို့လာပါတယ်။ တစ်နေရာနဲ့တစ်နေရာ နိုင်ငံတစ်ခုနဲ့တစ်ခု ဖြစ်ပုံခြင်းမတူသော်လည်း သဘာဝဘေးအန္တရာယ်ကို တွေ့ကြုံရင်ဆိုင်နေရတာဟာ အနည်းအများသာ ကွာခြားတော့ပါတယ်။ အနာများရင် များများထင်ပေါ်တဲ့အတွက်ကြေင့်ဖြစ်တယ်။ သို့သော်လည်း တို့နဲ့မဆိုင်ဘူး၊ အဝေးကြီးမှာ ရှိတယ်ဆိုပြီးတော့ ပြောဆိုလို့မရတော့ပါဘူး။ ကမ္ဘာမြေကြီးဟာ ကျေးရွာကြီးတစ်ရွာလိုပါဘဲ။ ဒါကြောင့်မလို့ ယဉ်ကျေးမှု၊ ဘာသာတရားတွေ မတူညီမှုများကို ခဏထားပြီး ဒို့တစ်တွေဟာ လူသားတစ်ယောက်ဖြစ်တဲ့အတွက် သနားကြင်နာခြင်း မျက်မှန်ကိုတပ်ထားကြပါစို့။ ပြီးတဲ့အခါ တစ်ယောက်ချင်းစီ ပါဝင်လုပ်ရှားပြီး အသိတရားပြန်လည်ဝင်လာအောင် လုပ်ဆောင်ကြပါစို့။ အသိတရားရဲ့အနောက်မှာ သတိတရားလည်းပဲ နောက်ကနေ ကပ်ပါလာရမှာဖြစ်ပါတယ်။ ဆက်လက်ပြီး အပြည့်အစုံကို ဗီဒီယိုအသံဖိုင်ကို နားဆင်ခြင်းအားဖြင့် စိမ်းလန်းဆိုပြေသော ကမ္ဘာမြေကြီးဖြစ်အောင်း ကြိုးစားပါဝင်ကြပါစို့။

Add new comment

4 + 1 =

Please wait while the page is loading

Environment ; part-1 ပွင့်လန်းပါစေ ကမ္ဘာမြေ (အပိုင်း ၁) | Radio Veritas Asia

Error

The website encountered an unexpected error. Please try again later.